ဆိုးလ်၊ အောက်တိုဘာ (၂၈)
တောင်ကိုးရီယား စစ်တပ်အတွင်း တပ်ဖွဲ့ဝင်တွေအကြား လိင်တူချင်းချစ်ကြိုက်မှု တားမြစ်တဲ့ ဥပဒေကို ကိုရီးယားဖွဲ့စည်းပုံတရားရုံးက အောက်တိုဘာ ၂၆ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
အဲဒီဥပဒေဟာ လိင်တူချစ်သူတွေရဲ့အခွင့်အရေးအတွက် ဆုတ်ယုတ်မှုလို့ တက်ကြွလှုပ်ရှား သူတွေက ဝေဖန်မှုတွေရှိနေခဲ့တာပါ။
ဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ လိင်တူချစ်ကြိုက်မှုအတွက် ထောင်ဒဏ် ၂ နှစ်အထိ ကျခံရနိုင်တယ်လို့ ပြဌာန်းထားပါတယ်။
လိင်တူချစ်ကြိုက်မှုကို ခွင့်ပြုခြင်းဟာ စစ်တပ်အတွင်း စည်းကမ်းပိုင်းဆိုင်ရာနဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို ထိခိုက်နိုင်တယ်လို့ တရားရုံးက ပြောဆိုခဲ့ပါတယ်။
အဲဒီဥပဒေဟာ လိင်တူချစ်သူ စစ်သားတွေအပေါ် အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံခြင်းတို့ကို လှုံ့ဆော်ပေး သလိုဖြစ်စေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။
“ကိုရီးယားစစ်တပ်အတွင်း လိင်တူခြင်းချစ်ကြိုက်မှုကို ရာဇဝတ်မှုကျူးလွန်ခြင်းအဖြစ် ဆက်လက်ထောက်ခံနေခြင်းဟာ ဆယ်စုနှစ်များစွာကြာ နိုင်ငံအတွင်းမျှတမှုရှိစေရေး ကြိုးပမ်းမှုမှာ စိတ်ပျက်ဖွယ်ကောင်းတဲ့ ဆုတ်ယုတ်မှုတစ်ခုဖြစ်တယ်” လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အရှေ့အာရှသုတေသီ ဘိုရမ်ဂျမ်က ဝေဖန်ပါတယ်။
တောင်ကိုရီးယားဟာ ကမ္ဘာ့အကြီးဆုံး စစ်တပ်တွေထဲကတစ်ခုဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၈ နှစ်ကြား အမျိုးသားတွေအားလုံးဟာ ၁၈ လမှ ၂၁ လကြား စစ်တပ်အတွင်း တာဝန်ထမ်းဆောင် ကြရတာဖြစ်ပါတယ်။
Ref: CNA