လူးဝစ်စတန်၊ အောက်တိုဘာ(၂၇)
အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊လူးဝစ်စတန်မြို့မှာ အောက်တိုဘာ ၂၅ ရက်နေ့က သေနတ်သမား တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ၂၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၅၀ ထက်မနည်း ရှိခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။
ပစ်ခတ်မှုဟာ လူးဝစ်စတန်မြို့ရဲ့ ဘိုးလင်းလမ်းနဲ့ ဘားလမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။
ပစ်ခတ်မှုကျူးလွန်ခဲ့သူဟာ အသက် ၄၀ အရွယ်ရှိ ရောဘတ်ကဒ် ဆိုသူဖြစ်ပြီး လွတ်မြောက်နေဆဲ ဖြစ်တာကြောင့် အန္တရာယ်ရှိတဲ့လူအဖြစ် လူးဝစ်စတန်ရဲတပ်ဖွဲ့ရုံးက လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။
The Sun ဂျာနယ်ရဲ့ ဖော်ပြချက်အရ ပစ်ခတ်မှုဟာ နေရာ ၃ ခု မှာ သီးခြားစီဖြစ်ပေါ်ခဲ့ပြီး ဘိုးလင်းလမ်း၊ ဘားလမ်နဲ့ Walmart ဖြန့်ဖြူရေးဂိုဒေါင်တွေမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အရင်က အထည်အလိပ်လုပ်ငန်းမြို့တော်ဖြစ်ခဲ့တဲ့ လူးဝစ်စတန်မြို့ဟာ လူပေါင်း ၃၈၀,၀၀ ကျော်နေထိုင်ပြီး မိန်းပြည်နယ်မှာ ရေပန်းအစားဆုံးမြို့လည်းဖြစ်ပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ကတော့ ပစ်ခတ်မှုဖြစ်စဉ်ကို သိရှိသွားပြီးဖြစ်သလို မိန်းပြည်နယ်အာဏာပိုင် တွေကိုလည်း ပစ်ခတ်မှုနဲ့ပတ်သက်ပြီး တစ်ဦးချင်းစီကို ဖုန်းနဲ့ ဆက်သွယ်ပြီး ညွှန်ကြားမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ထိန်းသိမ်းနိုင်ဖို့ ဖက်ဒရယ်အစိုးရက အပြည့်အဝထောက်ခံတယ်လို့ ပြောကြားခဲ့ကြောင်းလည်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။
လူပေါင်း၂၂ ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်ဟာ၂၀၁၉ ခုနှစ် သြဂုတ်လနောက်ပိုင်း အမေရိကန်မှာ လူသေဆုံးမှု အများဆုံးဖြစ်တယ်လို့ သိရှိရပါတယ်။
အမေရိကန်နိုင်ငံရဲ့ အသေအပျောက်အများဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဟာ ၂၀၁၇ ခုနှစ် Las Vegas Country ဂီတပွဲတော်တစ်ခုမှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ၅၈ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
Ref – Reuters Trust Principles