ဆိုးလ်၊ အောက်တိုဘာ(၂၇) 

ရုရှားထံ မြောက်ကိုရီးယားရဲ့ လက်နက်ခဲယမ်း ထောက်ပံ့ပေးနေမှုကို ​တောင်ကိုရီးယား၊ဂျပန်နဲ့ အမေရိကန်တို့က ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး လက်နက်အများအပြား ပေးပို့မှုကိုလည်း အတည်ပြုနိုင်ခဲ့တယ်လို့ အောက်တိုဘာ ၂၆ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါ တယ်။ 

ယူကရိန်းစစ်ပွဲမှာ အသုံးပြုနိုင်ဖို့ မြောက်ကိုရီးယားထံမှ လက်နက်တွေ လွှဲပြောင်းပေးအပ်ခဲ့မှု အပေါ် နှစ်နိုင်ငံလုံး ငြင်းဆိုထားချိန်မှာ ဝါရှင်တန်နဲ့ သုတေသီတွေက အဲဒီနှစ်နိုင်ငံဆိပ်ကမ်းတွေ မှာ လက်နက်တွေ တင်ဆောင်လာပုံရတဲ့ ကွန်တိန်နာတင်သင်္ဘောတွေ သွားလာနေမှု တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

လက်နက်တင်ပို့မှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အတည်မပြုနိုင်သေးပေမယ့် နောက် ပိုင်းမှာ မြောက်ကိုရီးယားက ကွန်တိန်နာတွေအား ယူကရိန်းနယ်စပ်အနီးရှိ ရုရှားခဲယမ်းသိုလှောင် ရုံတစ်ခုသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ 

“ကျွန်တော်တို့တည်ပြုခဲ့တဲ့ လက်နက်အများအပြားပေးပို့မှုဟာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲမှာ လူသေဆုံးမှုကို သိသိသာသာတိုးလာစေလိမ့်မယ်” လို့ ၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ 

မြောက်ကိုရီးယားဟာ မော်စကိုအတွက် သူ့ရဲ့လက်နက်ထောက်ပံ့မှုကို အပြန်အလှန်အားဖြင့် သူ့နိုင်ငံရဲ့ ကိုယ်ပိုင် စစ်ရေးစွမ်းရည်မြှင့်တင်ဖို့ ရုရှားထံမှ စစ်ရေးဆိုင်ရာအကူအညီပြန် တောင်းခံနေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

“ပြုံယမ်းရဲ့ စစ်ရေးရည်မှန်းချက်တွေကို ထောက်ပံ့တဲ့အနေနဲ့ ရုရှားက မြောက်ကိုရီးယားကို ပေးအပ်မယ့် ဘယ်စ္စည်းတွေကိုမဆို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်” လို့ဝန်ကြီးတွေက ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။ 

မြောက်ကိုရီးယားနဲ့ လက်နက်ရောင်းချမှုဟာ ရုရှားကိုယ်တိုင်မဲပေးခဲ့တဲ့ ကုလလုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ် ချက်အများအပြားကို ချိုးဖောက်တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ 

မြောက်ကိုးရီးယားနဲ့ ရုရှားနှစ်နိုင်ငံခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့စက်တင်ဘာလက ရုရှားနိုင်ငံမှာ တွေ့ဆုံစဉ် စစ်ရေးအရ ပိုမိုနီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကတိပြုခဲ့ကြတာပါ။ 

အခုလအတွင်းမှာလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်နဲ့ တွေ့ဆုံခဲ့ပြီး ရှေ့ဆက်လုပ်ဆောင်ကြမယ့် ဘာတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.