“ICRCအနေနဲ့ တရားဝင်တွေ့ခွင့်ရမယ်ဆိုရင် အကျဉ်းထောင်တွေထဲ ဖြစ်ပျက်တဲ့ကိစ္စတွေကို မြန်မာပြည်တင်မကဘူး။ ကမ္ဘာပါပေါက်မယ်ဆိုတာ သူတို့(စကစ)ကသိတယ်။ အပြင်ကသတင်းကို အတွင်းမရောက်အောင်၊ အတွင်းကသတင်း အပြင်မရောက်အောင် စစ်ကောင်စီက ကြိုးစားတာ ဖြစ်တဲ့အတွက် ဝင်ခွင့်ပေးဖို့ တော်တော် လေးဝေးကွာဦးမှာပေါ့”

နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်အများစုမှာ အောက်တိုဘာ ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ကနေ အကျဉ်းသားတွေကို ထောင်ဝင်စာတွေ့ခွင့်အပေါ် ကန့်သတ်ချက်တွေနဲ့ ပြန်လည် ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက အကျဉ်းသားကို မိသားစုတစ်ဦးသာ တွေ့ခွင့်ပြုထားပြီး ထောင်ဝင်စာတွေ့မယ့် သူ တွေဟာ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုစာရင်းမူရင်း တစ်ပတ်အတွင်း ပြုလုပ်ထားတဲ့ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာတွေပါ တောင်းခံထားပါတယ်။

ဒါကြောင့် စစ်ကောင်စီက ထောင်ဝင်စာပြန်တွေ့ခွင့်ပေးမှု အမြင်သဘောထား၊ အကျဉ်းသားအခွင့်အရေး ဆုံးရှုံးနေမှု၊ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC)အနေနဲ့ အကျဉ်းထောင်တွေထံ ဝင်ရောက်ခွင့်ရနိုင်မ လား။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံး စစ်ကောင်စီက အကျဉ်းသားတွေကို ထောင်ဝင်စာပြန်တွေ့ခွင့်ပေးမှု ဘယ်လိုမြင်ပါ သလဲ။ ဘာကြောင့်အခုလို ပြန်ပေးတယ်လို့ မြင်ပါသလဲ။

ကိုသိုက်ထွန်းဦး – သူတို့လည်ပတ်နေတဲ့ ယန္တရားမှာ ပြည်သူတွေက အတတ်နိုင်ဆုံး သူတို့နဲ့ မပူးပေါင်းပဲနေတဲ့ အခါမှာ သူတို့ရဲ့ရုံးတွေမှာ လူတွေပြန်စည်လာဖို့ စစ်ကောင်စီနဲ့ ပြည်သူတွေက မပူးပေါင်းချင်ပဲ ပြန်လည်ပူး ပေါင်းလာအောင်လို့ ရည်ရွယ်ချက်က သေချာပေါက်ပါတယ်။ ဒါကြောင့်တွေ့ခွင့်ကို အရမ်းခက်ခဲပစ်လိုက်တာ။ သူတို့ကိုတွေ့မယ်ဆို ရဲစခန်းမှာ အဝင်အထွက်လူတွေရှိလာတော့မယ်။ ရပ်ကွက်ရုံးမှာလည်း အဝင်အထွက်တွေ ရှိလာတော့မယ်။ ဆေးရုံတွေမှာလည်း ကိုဗစ်ဆေးထိုးဖို့ ငွေတွေပေးရတော့မယ်။ တွေ့ခွင့်ရဖို့အရေး အဓိကက သူတို့ရဲ့ လည်ပတ်နေတဲ့ယန္တရားမှာ ပြည်သူတွေ ပါဝင်လာတယ်ဆိုတာကို သူတို့အနေနဲ့ ချပြချင်တာ။ သူတို့က မပေးချင်လို့ ပိတ်ခဲ့တာကြာပြီ။ ၃နှစ်ကျော်လာပြီ။ ၂၀၂၀တည်းက။ အာဏာသိမ်းပြီးကတည်းက ဆက်တိုက် ပိတ်လာခဲ့တာ။ အခုဖွင့်ပေးတဲ့ ခေါင်းစဉ်ယူထားပေမယ့် အခုထိတွေ့ခွင့်ရဖို့ကို လွယ်လွယ်မရအောင် ဘောင် တွေနဲ့ကန့်သတ်လိုက်တယ်။ အိမ်ထောင်စုဇယားမူရင်းရှိရမယ်။ တစ်ပတ်အတွင်း ရဲစခန်းထောက်ခံစာတွေ ပါရမယ်။ မိသားစုဝင်တစ်ဦးပဲ လက်ခံတယ်။ အဲတစ်ဦးကလည်း တစ်လမှတစ်ကြိမ်ပဲ အခုလောလောဆယ် ကနဦးတွေ့ခွင့်ရမယ်ဆိုတာ ကျွန်တော်တို့ ကြားရတယ်။ သူတို့စေတနာကိုသွားမြင်တာပေါ့။ စေတနာကလည်း မရှိဘူး။ ဖိအားသက်သာသွားအောင် ရည်ရွယ်ချက်နဲ့ သူတို့ဖွင့်ပေးတယ်။ လွယ်လွယ်တွေ့ခွင့်မရအောင် ခုနက ဘောင်တွေနဲ့ ကန့်သတ်လိုက်တယ်။ အဓိကသူတို့ဌာနဆိုင်ရာတွေမှာ ဒီအကျဉ်းသားမိသားစုတွေ ပြန်ပြီးအလုပ် လည်ပတ် စည်ကားအောင်လုပ်ချင်တဲ့ ရည်ရွယ်ချက်တွေလည်းပါလိမ့်မယ်လို့ ကျွန်တော်တို့ထင်တယ်။

သံလွင်တိုင်းမ် – အကျဉ်းသားတွေကို ထောင်ဝင်စာ ပြန်တွေ့ခွင့်ပေးမှုဟာ သူတို့အတွက် လုံလောက်တဲ့ အကူအညီမျိုး ဖြစ်လာနိုင်မလား။ ဒီအပေါ်မှာ ဘယ်လို သုံးသပ်ပါသလဲ။

ကိုသိုက်ထွန်းဦး – ကျွန်တော်တို့ ကိုယ်တိုင်လည်း အကျဉ်းထောင်ထဲမှာ ထောင်ဝင်စာတွေ့ခွင့်မရပဲ နှစ် နှစ် ကျော်လောက် နေခဲ့ရတဲ့လူတွေဖြစ်တယ်။ အဓိကအကျဉ်းထောင်ထဲမှာ အဆင်မပြေမှုတွေ၊ ပင်ပန်းမှု တွေရှိတယ်။ ဖိအားတွေရှိတယ်။ စိတ်ထွက်ပေါက် မရှိကြဘူး။ ထောင်ဝင်စာတွေ့ခွင့်ရတော့ သူတို့အနေနဲ့ စိတ်ထွက်ပေါက် ရသွားတယ်။ မိသားစုနဲ့တွေ့ခွင့်ရတာ၊ အိမ်ထောင်ဖက်နဲ့ ပြန်တွေ့ခွင့်ရတဲ့အခါမှာ စိတ်ပင် ပန်းမှု အနည်းငယ်တော့ လျော့သွားနိုင်တယ်။ အပြင်မှာရှိတဲ့ မိသားစုတွေအနေနဲ့ အကျဉ်းထောင်ရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို ကြားတဲ့အခါမှာ မိသားစုက စိတ်ပူပန်မှုတွေရှိကြတယ်။ ထောင်ကတော့ ထောင်လိုပဲ ကျင့်သုံးနေဦးမှာပဲ။ အကျဉ်းသားတွေကို ဖိနှိပ်မှုကလုပ်ဦးမှာပဲ။ ထောင်ဝင်စာအမြဲတွေ့ခွင့်ရမယ်ဆိုရင် လူ့အခွင့် အရေးချိုးဖောက်မှုကို သူတို့အနေနဲ့ ပေါ်တင်လုပ်ဖို့ ခဲယဉ်းသွားမယ်။

သံလွင်တိုင်းမ် – စစ်ကောင်စီက ထောင်ဝင်စာ တွေ့ခွင့်ပြန်ပေးပြီးဆိုတော့ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC)အနေနဲ့ အကျဉ်းထောင်တွေထံ ဝင်ရောက်ခွင့်ရနိုင်မလား။ ဘယ်လိုမြင်ပါသလဲ။

ကိုသိုက်ထွန်းဦး – ကျွန်တော်တို့ စောင့်ကြည့်နေရတာက သူတို့ကအဖွင့်လေးပြပြီး ပြန်ပိတ်သွားနိုင်ချေလည်း အများကြီး ရှိတယ်။ ဥပမာ-သူတို့ကိုယ်တိုင် လုံခြုံရေးစည်းပေါက်အောင် လုပ်ပြီးမှသူတို့ကိုယ်တိုင် လုံခြုံရေးအ ကြောင်းပြပြီးမှ ဥပဒေဘောင်ကနေ ပြန်ပြီးပိတ်သွားနိုင်တယ်။ အချိန်မရွေး ပြန်ပိတ်သွားနိုင်တယ်။ ကျွန်တော်တို့ အနေနဲ့ စောင့်ကြည့်ရဦးမယ်။ ဘာအကြောင်းပြချက်ပေးပြီး ဘယ်လိုနည်းနဲ့ ပြန်ပိတ်သွားမလဲဆိုတာ စောင့် ကြည့်ရဦးမယ်။ ICRCအနေနဲ့ တွေ့ခွင့်ရဖို့ တောင်းနေတယ်။ အကျဉ်းထောင်တွေထဲ တွေ့ခွင့်ရဖို့ အကျဉ်း ထောင်တွေနဲ့ တရားဝင်တွေ့ခွင့်ရမယ်ဆိုရင် အကျဉ်းထောင်တွေထဲ ဖြစ်ပျက်တဲ့ကိစ္စတွေကို မြန်မာပြည်တင်မ ကဘူး။ ကမ္ဘာပါပေါက်မယ်ဆိုတာ သူတို့သိတယ်။ အကျဉ်းထောင်ကို လုံးဝဘောင်တွေနဲ့ ပိတ်တယ်။ အပြင်က သတင်းကို အတွင်းမရောက်အောင်၊ အတွင်းကသတင်း အပြင်မရောက်အောင် စစ်ကောင်စီက ကြိုးစားတာ ဖြစ်တဲ့အတွက် ဝင်ခွင့်ပေးဖို့ တော်တော်လေးဝေးကွာဦးမှာပေါ့။

သံလွင်တိုင်းမ် – နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်အများစုမှာ အောက်တိုဘာ ၂၄ ရက်နေ့ကစပြီး ထောင်ဝင် စာ တွေ့ခွင့်ပြန်ပေးလိုက်ပေမယ့် အကျဉ်းထောင်တချို့မှာ တွေ့ခွင့်မရသေးတာတွေ ရှိတယ်၊ ဘာကြောင့်လို့ ထင်ပါသလဲ။

ကိုသိုက်ထွန်းဦး – ဘာတွေကွာသွားလဲဆို ထောင်တွေက ဖွင့်မယ့်ရက်တွေ မတူကြဘူး။ တွေ့ခွင့်ပေးတဲ့ရက် မတူကြဘူး။ ဥပမာ-အင်းစိန်လိုမျိုး ထောင်ကျတော့ လူဦးရေအရမ်းများတယ်။ အကျဉ်းသားပေါင်း ထောင် သောင်းချီနီးပါး သောင်းဂဏန်းနီးပါးရှိတဲ့အခါ တပြိုင်နက်ဖွင့်ခွင့်ပေးလိုက်မယ်ဆိုရင် ထောင်ဝန်းထဲမှာ ထောင် ထဲမှာ လူတွေကရှုပ်သွားမှာ။ လူတွေကလည်း တွေ့ခွင့်ရဖို့ ကြိုးစားကြမှာပေါ့။ အဲဒီလိုအနေအထားရှိလို့ အင်း စိန်ကတော့ ၃ရက်နေ့၊ ၄ရက်နေ့မှာတော့ ဖွင့်ပေးမယ်လို့သိရတယ်။ ထွက်လာတော့ ထောင်ရဲ့အရွယ်အစား၊ အကျဉ်းသားတွေရဲ့ အရွယ်အစားပေါ်မူတည်ပြီး သူတို့လေ့လာစောင့်ကြည့်တယ်။ ကျန်တဲ့ ထောင်ငယ်လေး တွေက ဧည့်တွေ့ခွင့်ပေးတဲ့အခါမှာ အားသာချက်၊ အားနည်းချက်တွေကို လေ့လာစောင့်ကြည့်မယ်လို့ ကျွန် တော်တို့ လေ့လာထားတာလည်း ရှိတယ်။ ထောင်တွေဧည့်တွေ့ခွင့်ရဖို့ရက်က တူညီဖို့ခဲယဉ်းတယ်။ ဒါပေ မယ့်ပျှမ်းမျှအားဖြင့်တော့ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်အတော်များများကိုတော့ ဧည့်တွေ့ခွင့်ပေး မယ်ဆိုတာ ကျွန်တော်တို့ သိထားတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.