မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ရွှေကူမြို့နယ်ရှိ စစ်တပ်စခန်းကို KIA နှင့် PDF တိုက်ခိုက်သိမ်းယူဆိုသည့် သတင်းသည် မှားယွင်းနေပြီး စခန်းတစ်ခုမျှ မသိမ်းနိုင်“ ဆိုတဲ့ စစ်ကောင်စီအကောင်တုတွေ ဖြန့်ချီနေတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို MOI ၊ MRTV၊ ဟန်ငြိမ်းဦးစတဲ့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေနဲ့ ဖေ့ဘုတ်လူမှုကွန်ရက်၊ တယ်လီဂရမ်ချန်နယ်နဲ့ Tiktok တွေမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်မှာတော့ ကချင်ပြည်နယ် ရွှေကူမြို့နယ်က စစ်ကောင်စီ တပ်ရင်း ခလရ၅၆ နဲ့ခမရ ၆၀၂ စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA၊နှင့် Shwe Gu PDF ပူးပေါင်းတပ်တွေက အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက် မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက လွတ်လပ်သောသတင်းဌာနများကို အတည်ပြုပြောကြားထားတာကို စိစစ်တွေ့ရှိရပါတယ်။

အခိုင်အမာတပ်စွဲထားသော ဆက်သွယ်ရေးတပ်စခန်း ခမရ ၆၀၂နှင့် ခလရ ၅၆ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် အင်အားသုံးပစ်ခတ်ကာ တပ်စခန်းအတွင်းသို့ KIA နဲ့ Shwe Gu PDF က စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား တစ်ဉီးသေဆုံးကာ MA-11 တစ်လက်၊ မိုင်း၊ ရိက္ခာနှင့် ခဲယမ်းများစွာကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ shwe Gu pdfတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ စိစစ်တွေ့ရှိရပါတယ်။

စခန်းတွေကို သိမ်းပိုက်ပြီးလက်နက်ခဲယမ်းများကို သိမ်းဆည်းကာ စခန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့စိစစ်တွေ့ရှိရပါတယ်။

Shwe Gu PDFတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်လင့်

https://shorturl.at/xNOTZ

RFA သတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/giz03

DVB သတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်

https://shorter.me/R_GsI

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ရွှေကူမြို့နယ်ရှိ စစ်တပ်စခန်းကို KIA နှင့် PDF တိုက်ခိုက်သိမ်းယူဆိုသည့် သတင်းသည် မှားယွင်းနေပြီး စခန်းတစ်ခုမျှ မသိမ်းနိုင်” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.