October 26, 2023

အစ္စရေးစစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံသား ၇ ဦး ရုပ်အလောင်း နေရပ်ပြန်သယ်

ဘန်ကောက်၊ အောက်တိုဘာ(၂၇) အစ္စရေးနဲ့ ပါလက်စတိုင်းစစ်ပွဲအတွင်းမှာ သေဆုံးခဲ့ရတဲ့ ထိုင်းနိုင်ငံသား ၇ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန် သယ်‌ဆောင်လာခဲ့ပြီး သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းမှာလည်း အစ္စရေးကနေ ထိုင်းနိုင်ငံသားရှစ်ဦးရဲ့ ရုပ်အလောင်း ၈ လောင်းကို သယ်ဆောင်ခဲ့ပါသေးတယ်။ အောက်တိုဘာ ၇ ရက်က အစ္စရေးမှာစတင်ခဲ့တဲ့ စစ်ပွဲကြောင့် ထိုင်းနိုင်ငံသားသေဆုံးသူ ၁၈ ဦးရှိပြီး…

ရုရှားကို လက်နက်ထောက်ပံ့မှု တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ ပြစ်တင်ရှုတ်ချ

ဆိုးလ်၊ အောက်တိုဘာ(၂၇) ရုရှားထံ မြောက်ကိုရီးယားရဲ့ လက်နက်ခဲယမ်း ထောက်ပံ့ပေးနေမှုကို ​တောင်ကိုရီးယား၊ဂျပန်နဲ့ အမေရိကန်တို့က ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး လက်နက်အများအပြား ပေးပို့မှုကိုလည်း အတည်ပြုနိုင်ခဲ့တယ်လို့ အောက်တိုဘာ ၂၆ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါ တယ်။ ယူကရိန်းစစ်ပွဲမှာ အသုံးပြုနိုင်ဖို့ မြောက်ကိုရီးယားထံမှ လက်နက်တွေ လွှဲပြောင်းပေးအပ်ခဲ့မှု အပေါ် နှစ်နိုင်ငံလုံး ငြင်းဆိုထားချိန်မှာ ဝါရှင်တန်နဲ့ သုတေသီတွေက အဲဒီနှစ်နိုင်ငံဆိပ်ကမ်းတွေ မှာ…

အမေရိကန်မှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း၂၂ ဦး သေဆုံး

လူးဝစ်စတန်၊ အောက်တိုဘာ(၂၇) အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊လူးဝစ်စတန်မြို့မှာ အောက်တိုဘာ ၂၅ ရက်နေ့က သေနတ်သမား တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ၂၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၅၀ ထက်မနည်း ရှိခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။ ပစ်ခတ်မှုဟာ လူးဝစ်စတန်မြို့ရဲ့ ဘိုးလင်းလမ်းနဲ့ ဘားလမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။ ပစ်ခတ်မှုကျူးလွန်ခဲ့သူဟာ အသက် ၄၀…

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးနဲ့ ဆက်သွယ်မေးမြန်းချက်

“ICRCအနေနဲ့ တရားဝင်တွေ့ခွင့်ရမယ်ဆိုရင် အကျဉ်းထောင်တွေထဲ ဖြစ်ပျက်တဲ့ကိစ္စတွေကို မြန်မာပြည်တင်မကဘူး။ ကမ္ဘာပါပေါက်မယ်ဆိုတာ သူတို့(စကစ)ကသိတယ်။ အပြင်ကသတင်းကို အတွင်းမရောက်အောင်၊ အတွင်းကသတင်း အပြင်မရောက်အောင် စစ်ကောင်စီက ကြိုးစားတာ ဖြစ်တဲ့အတွက် ဝင်ခွင့်ပေးဖို့ တော်တော် လေးဝေးကွာဦးမှာပေါ့” နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်အများစုမှာ အောက်တိုဘာ ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ကနေ အကျဉ်းသားတွေကို ထောင်ဝင်စာတွေ့ခွင့်အပေါ် ကန့်သတ်ချက်တွေနဲ့ ပြန်လည် ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့…

စစ်စခန်းများ အသိမ်းမခံရဟု စစ်ကောင်စီသတင်းမှားများဖြန့် (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ရွှေကူမြို့နယ်ရှိ စစ်တပ်စခန်းကို KIA နှင့် PDF တိုက်ခိုက်သိမ်းယူဆိုသည့် သတင်းသည် မှားယွင်းနေပြီး စခန်းတစ်ခုမျှ မသိမ်းနိုင်“…

သရက်ချောင်းမြို့မရဲစခန်းကို ဒေသ PDF ဝင်တိုက်

သရက်ချောင်း၊ အောက်တိုဘာ(၂၆) တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ရှိ သရက်ချောင်းမြို့မရဲစခန်းကို အောက်တိုဘာ ၂၅ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေပါ တပ်စွဲနေထိုင်နေတဲ့ ရဲစခန်းကို အဲဒီနေ့မနက် ၅ နာရီအချိန်ခန့်မှာ ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲအချိန် နာရီဝက်နီးပါးအကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ကူပေးတာတွေ…

စစ်အာဏာသိမ်း (၉၉၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၅၇) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ(၂၆) AAPP ရဲ့ အောက်တိုဘာ(၂၅)နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၉၇)ရက်အတွင်း ပြည်သူ (၄၁၅၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၃၄၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၂၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

KIA က PDF တပ်မတော်အပါအဝင်မဟာမိတ်တွေကို ဂုဏ်ပြုစာပေးပို့စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အတူတကွတိုက်ပွဲဝင်ဖို့ တိုက်တွန်း

နေပြည်တော်၊ အောက်တိုဘာ(၂၆) စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး တိုက်ပွဲမှာ အတူတကွလက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်က ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ မဟာမိတ်တွေကို တိုက်တွန်းပါတယ်။ KIA စစ်ဦးစီးချုပ်က ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) (ABSDF-NB)၊ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့…