မော်လမြိုင် – အောက်တိုဘာ(၂၅)

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်က အောင်ဂျာစခန်းသိမ်းအောင်ပွဲဟာ တော်လှန်ရေးတပ်တွေ ရဲ့ ဌာနချုပ်ကို ခြိမ်းခြောက်လိုတဲ့ စစ်ကောင်စီရဲ့ အိပ်မက်ကို ရိုက်ချိုးနိုင်ခဲ့သလို မဟာဗျူဟာ ထိုးစစ်ရဲ့ကနဦးခြေလှမ်းဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ အင်အား ရာကျော်ကို ချေမှုန်းနိုင်ခဲ့သလို PDF တပ်မတော်ပါဝင်ပြီး KIA ဦးဆောင်တဲ့ မဟာမိတ်တွေရဲ့အားနဲ့ ရယူခဲ့တဲ့ အောင်ပွဲဖြစ်တယ်လို့ ဆိုထားတာပါ။

“ဝန်ကြီး​ရေ ​ကောက်လို့​တော့ မပြီး​သေးဘူး၊လက်နက်ငယ်​တွေ​ကော လက်နက်ကြီး​တွေပါ PDFတစ်ရင်းစာ တပ်ဆင်နိုင်​လောက်​အောင် ရလိမ့်မယ်ဗျ “လို့ စခန်းသိမ်းပြီး​နောက်ရက်မှာ စစ်​ဒေသမှူးက လှမ်း​ပြောတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက ရေးသားဖော်ပြခဲ့ပါတယ်။

ကျားတက်ထိုးပြီး ဝင်ရောက်သိမ်းယူခဲ့ရတဲ့ စခန်းသိမ်းအောင်ပွဲနေ့က PDF ရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိကို KIA စစ်ဦးစီးချုပ်/စစ်ဒေသမှူး ဗိုလ်ချုပ်ကြီး ခေါင်လွန်းက ချီးကျူးခဲ့တယ်လို့လည်း ဆိုထားပါတယ်။

အဲဒီစခန်းသိမ်းအောင်ပွဲကို AA၊CNF၊ABSDF၊KNA-Burma၊K-PDFနဲ့ PDF ရဲဘော်တွေ ပူးပေါင်းပါဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – လူမှုကွန်ရက်See translation

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.