ဗီယင်နာ၊ အောက်တိုဘာ (၂၆)
ဂျာမနီ၊ သြစတြီးယားနဲ့ ဖင်လန်တို့က ဥရောပမှာ လူမည်းတွေအပေါ် လူမျိုးရေးခွဲခြားမှုတွေဟာ ပိုမို ကြီးထွားလာနေပြီး ခွဲခြားဆက်ဆံမှုနဲ့ နှောင့်ယှက်မှုမှာလည်း အမြင့်ဆုံးညွှန်းကိန်း ရောက်ရှိ လာတယ်လို့ အီးယူ ၁၃ နိုင်ငံမှ လူမည်းရွှေ့ပြောင်းနေထိုင်သူတွေရဲ့ စစ်တမ်းတစ်ခုက ထုတ်ပြန် ပါတယ်။
အခြေခံအခွင့်အရေးများဆိုင်ရာ ဥရောပသမဂ္ဂအေဂျင်စီ (FRA) က အစီရင်ခံစာမှာ စစ်တမ်း ကောက်ယူပြီး တွေ့ရှိချက်တွေကို ခွဲခြမ်းစိတ်ဖြာချက်အရ လွန်ခဲ့တဲ့ ၁၂ လအတွင်း လူမျိုးရေး အရ ခွဲခြားဆက်ဆံခံရမှုကို ခြောက်နှစ်တာကာလအတွင်းနဲ့နှိုင်းယှဉ်လျှင် ၁၀ ရာခိုင်နှုန်းမှ ၃၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
သြစတြီးယားနဲ့ ဂျာမနီမှာ ၆၄ ရာခိုင်နှုန်းလို့ဖော်ပြပြီး ဂျာမနီက ကောက်ယူထားတဲ့ချက်အရ အဆင့် ၃၃ ရာခိုင်နှုန်းထက် နှစ်ဆနီးပါးတိုးလာခဲ့ပြီး သြစတြီးယားကတော့ လွန်ခဲ့တဲ့ ခြောက်နှစ်ကမှတ်တမ်းရဲ့ ၄၂ ရာခိုင်နှုန်းထက် သိသိသာသာ တိုးလာကာ အဆိုးဝါးဆုံးအနေနဲ့ ဖင်လန်ဟာ ၅၄ ရာခိုင်နှုန်းထိ ရှိတယ်လို့ ဖော်ပြတာဖြစ်ပါတယ်။
“ကျွန်တော်တို့ရဲ့ နောက်ဆုံးစစ်တမ်းမှာ တိုးတက်မှုကိုမတွေ့ရခြင်းဟာ အံ့သြစရာကောင်းတယ်” လို့ FRA ဒါရိုက်တာ မိုက်ကယ်က ဆိုခဲ့ပါတယ်။ “အဲဒီအစား အာဖရိကနွယ်ဖွားတွေဟာ သူတို့ရဲ့ အသားအရောင်ကြောင့်ပဲ ခွဲခြားဆက်ဆံမှုတွေ ပိုကြုံလာရတတ်တယ်” လို့ လည်း သူကဆက် လက်ပြောကြားထားပါတယ်။
နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ စစ်တမ်းကောက်ယူခဲ့တဲ့ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အစီရင်ခံစာထက် အခုစစ်တမ်းကတော့ လူမျိုးရေးအရ ခွဲခြားဆက်ဆံခံရတယ်လို့ ဖြေဆိုသူအချိုးဟာ ၄၅ ရာခိုင်နှုန်း အထိ မြင့်တက်လာတာပါ။
ဒီပမာဏဟာ အရင်လေ့လာမှုထက် ၆ ရာခိုင်နှုန်း တိုးလာတာဖြဟ်ပြီး ထိပ်ဆုံး ၃ နိုင်ငံစာရင်းမှာတော့ဂျာမနီဟာ အမြင့်ဆုံးနှုန်း ၇၆ ရာခိုင်နှုန်းရှိနေတာ ဖြစ်ပါတယ်။
FRA အတွက် Ipsos မှပြုလုပ်တဲ့ စစ်တမ်းမှာ နိုင်ငံပေါင်း ၁၅ နိုင်ငံရှိ ရွှေ့ပြောင်းနေထိုင်သူ ၁၆၀၀၀ ကျော်နဲ့ သားစဉ်မြေးဆက်တွေကို စစ်တမ်းကောက်ယူခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့တဲ့ အခြားတိုင်းရင်းသားလူနည်းစုတွေနဲ့ မွတ်ဆလင်တွေအပေါ် FRA ရဲ့ အစီရင်ခံစာတွေ ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။
“ဥရောပမှာ လူမည်းအဖြစ်ရပ်တည်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူခဲ့ တဲ့စစ်တမ်းဟာ ပထမဆုံး ထုတ်ဝေတာဖြစ်ပါတယ်။ သြစတြီးယား၊ ဘယ်လ်ဂျီယမ်၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ အီတလီ၊ လူဇင်ဘတ်၊ ပိုလန်၊ ပေါ်တူဂီ၊ စပိန်နှင့် ဆွီဒင်တို့မှာ နေထိုင်တဲ အနည်းဆုံး လူမည်းမိဘတစ်ဦးက မွေးဖွားတဲ့ လူ ၆၇၅၂ ဦးကို အာရုံ စိုက်ကောက်ယူခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီနဲ့ဆွီဒင်တို့ကတော့ နှောင့်ယှက်မှုနှုန်း အနိမ့်ဆုံးနိုင်ငံတွေဖြစ်ကြပြီး ပိုလန်နဲ့အတူ လူမျိုးရေးခွဲခြားမှုနှုန်း အနိမ့်ဆုံးရှိခဲ့ကြောင်း ဖြေဆိုသူတွေထံမှ သိရပါတယ်။
FRA အစီရင်ခံစာမှာ ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေးဥပဒေတွေကို မှန်ကန်စွာ လိုက်နာဖို့နဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်တွေသတ်မှတ်ရာမှာလည်း ပိုမိုဆိုးရွားတဲ့ အခြေအနေဖြစ်တဲ့ လူမျိုးရေး ဘက်လိုက်မှုအပေါ် အခြေခံတဲ့ လှုံ့ဆော်မှုကို ထည့်သွင်းစဉ်းစားခြင်းကဲ့သို့သော အီးယူအဖွဲ့ဝင်နိုင်ငံတွေအတွက် အကြံပြုချက်များစွာ ပါဝင်တာဖြစ်ပါတယ်။
Ref: Reuters