ဘေဂျင်း၊ အောက်တိုဘာ (၂၆) 

တရုတ်အစိုးရဟာ နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး လီရှန်ဖူကို ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့ အောက်တိုဘာ ၂၄ ရက်နေ့ က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ 

ဒီလိုထုတ်ပယ်လိုက်တာဟာ သုံးလအတွင်းမှာ နိုင်ငံရဲ့ အမြင့်ဆုံး အရာရှိတစ်ဦးကို ဒုတိယအကြိမ်မြောက် ဖယ်ရှားခဲ့ခြင်းလည်းဖြစ်ပါတယ်။ 

ကာကွယ်ရေးဝန်ကြီး လီရှန်ဖူနဲ့အတူ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ရာထူးမှဖယ်ရှားခံခဲ့ရတဲ့ နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းကိုလည်း ကောင်စီဝင်အဖြစ်မှ ဖယ်ရှားလိုက်တယ်လို့ အင်္ဂါနေ့က တစ်ပါတည်းထုတ်ပြန်ခဲ့ပါတယ်။ 

တရုတ်အစိုးရပိုင် ရုတ်သံထုတ်လွှင့်ရေးဌာနဖြစ်တဲ့ CCTV ရဲ့ သတင်းထုတ်ပြန်ချက်အရ တရုတ် အမျိုးသား လူထုကွန်ဂရက်ရဲ့ အမြဲတမ်းကော်မတီဝင်တွေကလည်း သူတို့ နှစ်လုံးစလုံးရဲ့ ထုတ်ပယ်ခံရမှုကို အတည်ပြုထားခဲ့ပါတယ်။ 

ရာထူးကဖယ်ရှားမှုနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခြင်းမရှိသလို ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ လီရဲ့ နေရာ အတွက် အစားထိုးခန့်အပ်ခြင်းမပြုသေးတာကြောင့် အောက်တိုဘာ ၂၉ ကနေ အောက်တိုဘာ ၃၁ ရက်အထိ ဘေဂျင်းမှာ နိုင်ငံခြားကာကွယ်ရေးအာဏာပိုင်တွေအကြား ကျင်းပရန်ရှိတဲ့ ဖိုရမ်ကို တရုတ်ဟာ ကာကွယ်ရေးဝန်ကြီး လက်မဲ့အနေအထားနဲ့ ဦးဆောင်ကျင်းပရတော့မှာဖြစ်ပါတယ်။ 

ဒါ့အပြင်တရုတ်ရဲ့ သိပ္ပံနှင့်နည်းပညာဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးတို့ကိုလည်း ဖယ်ရှားခဲ့ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနတို့ရဲ့ အတွင်းဝန်ရာထူးတွေကိုသာ လတ်တလောမှာအမြင့်ဆုံး ရာထူးအဖြစ် ခန့်အပ်ခံရတယ်လို့ CCTV သတင်းဌာနရဲ့ အစီရင်ခံမှုအရသိရပါတယ်။ 

ဒီလိုအမြင့်ဆုံးရာထူးတွေကို ဖယ်ရှားခြင်းဟာ သမ္မတရှီအနေနဲ့ သူရဲ့ ဦးဆောင်မှုအောက်မှာ မှားယွင်းတဲ့ လူတွေကိုရွေးချယ်ခဲ့ခြင်းကို ပြနေတာလည်းဖြစ်ပြီး လမ်းကြောင်းမှန်ကို ပြုပြင် လိုတဲ့ သူရဲ့ပြင်ဆင်ချက်ဟာ သိပ်ပြီး အကျိုးထူးမှာမဟုတ်တဲ့အပြင် သူ့ရဲ့ ချုပ်ကိုင်မှုနဲ့အာဏာ ကိုလည်း ပြိုင်ဆိုင်နိုင်မှာမဟုတ်ဘူးလို့ ဝါရှင်တန်အခြေစိုက် ပညာရှင်တစ်ဦး က ပြောကြားခဲ့ပါ တယ်။ 

အသက် ၆၅ နှစ်အရွယ်မစ္စတာလီဟာ လွန်ခဲ့တဲ့ ၂လအတွင်း လူမြင်ကွင်းက ပျောက်ကွယ်နေပြီး ဗီယက်နမ် အစည်းအဝေးကိုလည်း လွဲချော်သွားခဲ့သလို ရိုက်တာရဲ့ သတင်း အစီရင်ခံမှုအရ သူ့ကို လက်နက်ဝယ်ယူ ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ အကျင့်ပျက်ခြစားမှုကြောင့် စစ်ဆေးနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

ဖြုတ်ချခံရတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး လီဟာ မတ်လအတွင်းကရာထူးခန့်အပ်ခံခဲ့ရတာဖြစ် ပြီး တရုတ်ရဲ့ အမြင့်ဆုံး ကောင်စီဝင် ၅ ဦးထဲက ၁ ဦးဖြစ်ခဲ့တာပါ။ 

ကာကွယ်ရေးဝန်ကြီး လီဟာ တရုတ်ဂြိုဟ်တု အစီအစဉ်အောက်မှာ အာကာသအင်ဂျင်နီယာ အဖြစ်တာ ဝန်ယူချိန်မှာလည်း တရုတ်ပြည်ရဲ့ ပြည့်သူ့လွတ်မြောက်ရေးတပ်အတွက် သမ္မတရှီရဲ့ လိုလားချက်ပန်းတိုင်ကို ပြည့်မီအောင် ကူညီဆောင်ရွက်ရာမှာ အလွန်ကို အသုံးတည့်တဲ့ နည်းပညာရှင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

 Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.