စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ရာခိုင်နှုန်း ၃၀၀ ကျော်တိုးလာတယ်လို့ ကုလ အစီရင်ခံစာမှာ ဖော်ပြ
ဝါရှင်တန်- အောက်တိုဘာ ( ၂၆) မြန်မာစစ်တပ်က အပြစ်မဲ့ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခတ်မှု တစ်နှစ်အတွင်း ရာခိုင်နှုန်း ၃၀၀ ကျော်အထိ တိုးမြှင့် လုပ်ဆောင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံကို တင်သွင်းတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂ…