ဘန်ကောက်၊ အောက်တိုဘာ (၂၅)
ထိုင်းတော်ဝင်ရေတပ်ဟာ တရုတ်ထံကနေ ရေငုပ်သင်္ဘော နှစ်စီး ဝယ်ယူဖို့ ပြင်ဆင်ခဲ့ပေမယ့် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် တိုက်သင်္ဘော ပြောင်းလဲဝယ်ယူဖို့ ဆုံးဖြတ်တယ်လို့ ထိုင်း ကာကွယ်ရေးဝန်ကြီး ဆူတင်ကလူဆန်က အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြောကြားလိုက် ပါတယ်။
ထိုင်းနိုင်ငံဟာ ပြင်ပပေါက်ဈေး ၁၃ ဒသမ ၅ ဘီလီယမ်တန်ဖိုးရှိတဲ့ S26T Yuan အမျိုးအစား ရေငုပ်သင်္ဘောကို ဘတ်ငွေ ၁၇ သန်း သုံးကာ တရုတ်ထံကနေ ဝယ်ယူဖို့ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ဂျာမနီထုတ်အင်ဂျင်တွေ တပ်ဆင်ထားတဲ့ S26T Yuan အမျိုးအစားရေငုပ်သင်္ဘောနှစ်စင်းကို တရုတ်ရဲ့ သင်္ဘောတည်ဆောက်ရေးနဲ့ နိုင်ငံတကာကမ်းလွန်ကုမ္ပဏီဖြစ်တဲ့ China Shipbuilding and Offshore International Company (CSOC) ထံကနေ ဝယ်ယူဖို့ ကနဦးသတောတူခဲ့တာပါ။
ဒါပေမယ့် ဂျာမနီက တရုတ်ကို နည်းပညာပံ့ပိုးဆောင်ရွက်မှုပေးဖို့ ငြင်းဆန်ထားခြင်းနဲ့အတူ တရုတ်ကနေ ဝယ်ယူဖို့ ပြင်ဆင်ထားတဲ့ S26T ရေငုပ်သင်္ဘောအင်ဂျင်တွေမှာ မဖြေရှင်းနိုင်တဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ ဖြစ်ပေါ်ခဲ့တာကြောင့် ဝယ်ယူရေးလုပ်ငန်းစဉ်ကို ကြန့်ကြာစေခဲ့ပါတယ်။
အဲဒီအခြေအနေတွေကြောင့် ထိုင်းတော်ဝင်ရေတပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ဟာ ရေငုပ်သင်္ဘောဝယ်ယူရေး စီမံကိန်းချက်ကို ပြန်လည်သုံးသပ်ဖို့ သဘောတူဆုံးဖြတ်ခဲ့တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး မစ္စတာဆူတင်က ပြောကြားခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်မစ္စတာ ဆရီထာသာဗီဆင်ဟာ အခုသီတင်း ပတ်အစောပိုင်းမှာ တရုတ်ကို ရောက်ရှိချိန် အဲဒီရေငုပ်သင်္ဘောပြဿနာနဲ့ ပတ်သက်ပြီးထုတ်ဖော်ပြောဆိုခဲ့သလို တရုတ်ဘက် ကလည်း ရေငုပ်သင်္ဘောကနေ တိုက်သင်္ဘောကို ပြောင်းလဲလိုတဲ့ ထိုင်းတော်ဝင်ရေတပ်ရဲ့ အစီအစဉ်ကို သဘောတူခဲ့တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်အရသိရပါ တယ်။
ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီးရဲ့အဆိုအရ သင်္ဘောဝယ်ယူရေးအပေးအယူဟာ နောက်လအတွင်း အဆုံးသတ်နိုင်ဖို့ ယုံကြည်ကြောင်း ပြောကြားထားပါတယ်။
Ref – Thai PBS World