ဒါကာ၊ အောက်တိုဘာ(၂၅)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အောက်တိုဘာ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရထားနှစ်စင်းတိုက်မိတာ ကြောင့် လူ ၁၇ ဦးသေဆုံးပြီး ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးမှုနှုန်း မြင့်တက်လာ ဖွယ်ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အာဏာပိုင်တွေအဆိုအရ ဘဟာရအရှေ့ပိုင်းမြို့မှာ ကုန်တင်ရထားဟာ ဆန့်ကျင်ဘက်က လာနေတဲ့ ခရီးသည်တင်ရထားကို ဝင်တိုက်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် ခရီးသည်တင် ရထားနှစ်စင်းကလည်း လမ်းချော်ခဲ့တာတယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်ကြောင့် သေဆုံးမှု မြင့်တက်လာမှာကို စိုးရိမ်နေရပြီး ရထားမတော်တဆမှုဖြစ်ပွားရာ နေရာမှာ ညှပ်မိနေတဲ့ ခန္ဓာကိုယ်တွေကို တွေ့ရှိနေဆဲဖြစ်တယ်လို့ အစိုးရအဖွဲ့က AFP ကို ပြောကြားခဲ့ပါတယ်။
ကယ်ဆယ်ရေးကရိန်းတွေကိုလည်း အခင်းဖြစ်ပွားရာနေရာကို ပမာဏများများစေလွှတ်ထားဆဲ ဖြစ်တယ်လို့ အာဏာပိုင်အဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဗီဒီယိုမှတ်တမ်းတွေထဲမှာတော့ ရထားလမ်းတစ်လမ်းထဲကို ကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ရထားတွဲနဲ့ ခရီးသည် သယ်တင်ဆောင်တဲ့ ရထားတွဲတွေ တစ်ချိန်တည်း ဝင်ရောက်ရာကနေ တိုက်မိတာဖြစ်တယ်လို့ ပြည် နယ်အစိုးက ပြောကြားခဲ့ပါတယ်။
ရထားပေါ်မှာလိုက်ပါစီးနင်းသွားတဲ့ ခရီးသည်တွေရဲ့ ဆွေမျိုးတွေကလည်း ရထားနှစ်စီးတိုက်မိ ရာနေရာကို ရောက်ရှိလာပြီး သူတို့ရဲ့ဆွေမျိုးတွေကို ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ညွှန်ကြားထားပြီး ထိခိုက်ဒဏ်ရာရသူတွေအတွက်လည်း သွေးအရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
ရထားတွဲပိုင်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ရထားကုမ္ပဏီ အထွေထွေမန်နေဂျာရဲ့ဒေသတွင်း မီဒီယာတွေကို ပြောကြားချက်အရ ကုန်တင်ရထားဟာ အချက်ပြမှုကို ကျော်လွန်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ရထားမတော်တဆမှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး အချက်ပြစနစ် မကောင်းမွန်မှု၊ လစ်လျူရှုမှုနဲ့ ရထားအခြေခံအဆောက်အအုံတွေ ဟောင်းနွမ်းမှုတို့ကြောင့် ဖြစ်ရတာလို့ သိရပါတယ်။
Ref: AFP/ec