ဘေဂျင်း၊ အောက်တိုဘာ(၂၅)
အစ္စရေး-ဟားမတ်စ်ရဲ့ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နဲ့ အစ္စရေးထိပ်တန်းသံတမန်တွေ အကြား ပထမ ဆုံးအကြိမ် ဖုန်းခေါ်ဆို ဆွေးနွေးမှုပြုလုပ်စဉ် နိုင်ငံအားလုံးဟာ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
“နိုင်ငံအားလုံးမှာ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိပါတယ်”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက အစ္စ ရေးနိုင်ငံခြားရေးဝန်ကြီး အယ်လီခိုဟန်ကို ပြောခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ဒါပေမယ့်လည်း နိုင်ငံတကာရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကိုတော့ လိုက်နာပြီး အရပ်သားတွေရဲ့ ဘေးကင်းရေးကို အကာအကွယ်ဖို့လည်း သူက အလေးပေး ပြောကြားခဲ့ပါတယ်။
ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမယ့် ကြိုးပမ်းအားထုတ်မှုအားလုံးကို တရုတ် နိုင်ငံက အစွမ်းကုန် ပံ့ပိုးပေးမယ်လို့လည်း ဝမ်က ကတိပြုခဲ့ပါတယ်။
ဂါဇာကမ်းမြောင်က ဟားမတ်စ်စစ်သွေးကြွတွေရဲ့ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနိုင်ငံ အတွင်းသို့ ဝင်ရောက်စီးနင်းမှု ပထမနေ့မှာပဲ ပစ်သတ်ခံခဲ့ရတဲ့သူအများစုမှာ အရပ်သားအများ စုဖြစ်ပြီး လူဦးရေ ၁၄၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူတွေက ပြောပါ တယ်။
အဲဒီနောက် အစ္စရေးစစ်တပ်က တိုက်ခိုက်မှုဖြစ်ပွားရာ ဒေသကို ပြန်လည်ထိန်းချုပ်ဖို့တိုက်ခိုက် မှုအတွင်း ဟားမတ်စ်တိုက်ခိုက်ရေးသမား ၁၅၀၀ နီပါးသေဆုံးခဲ့ကြောင်း အစ္စရေးက ပြောဆိုခဲ့ ပါတယ်။
ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးနဲ့ မဆုတ်မနစ် ဗုံးကြဲတိုက် ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ အဓိကနေထိုင်တဲ့ အရပ်သားတွေဖြစ်တဲ့ ပါလက်စတိုင်း ၅၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာရှိ ဟားမတ်စ်အဖွဲ့မှ ကျန်းမာရေးဝန်ကြီး ဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။
စတင်တိုက်ခိုက်ခဲ့တဲ့ ဟားမတ်စ်အဖွဲ့ကို အတိအလင်း ရှုတ်ချဖို့ တရုတ်နိုင်ငံကတော့ ရှောင်ရှားခဲ့ပါတယ်။
အထူးသဖြင့် တီဟီရန်နဲ့ သူ့ရဲ့ကာလရှည်ရန်ဘက် ဆော်ဒီအာရေးဗီးယားတို့ကြားမှာ အခုနှစ်အ တွင်း ဘေဂျင်းက ကြားဝင်စေ့စပ်ပေးပြီးနောက် ဟားမတ်စ်ကို ထောက်ခံတဲ့ အီရန်နဲ့ တရုတ်ရဲ့ ချစ်ကြည်ရင်းနှီးမှုဟာ အခုပဋိပက္ခကို တည်ငြိမ်အောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဝါရှင်တန်က ပြောဆိုခဲ့ပါတယ်။
“အခု အရေးကြီးဆုံး အလုပ်ကတော့ အခြေအနေကို ဒီထက်ပိုပြီး ဆိုးရွားတဲ့ လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ ကပ်ဘေးကို မဖြစ်ပေါ်စေအောင် ကာကွယ်ဖို့ပါပဲ”လို့ မစ္စတာဝမ်က အစ္စရေးဝန်ကြီးကို ပြောခဲ့ပါ သေးတယ်။
နှစ်နိုင်ငံအကြား အဖြေရှာခြင်းက ပဋိပက္ခအတွက် တစ်ခုတည်းသော ရလဒ်ကောင်းဖြစ်ကြောင်း ကိုလည်း ပြောဆိုခဲ့ကာ ပေကျင်းရဲ့ ရပ်တည်ချက်ကို ထပ်လောင်းပြောဆိုခဲ့ပါတယ်။
နှစ်နိုင်ငံဖြေရှင်းချက်ကိုအခြေခံပြီး ပါလက်စတိုင်းပြဿနာကို တရားမျှတစွာ ဖြေရှင်းနိုင်လိမ့်မယ်လို့ တရုတ် နိုင်ငံက ရိုးသားစွာ မျှော်လင့်ထားကြောင်း၊ ရလဒ်အနေဖြင့် အစုအဖွဲ့အားလုံးရဲ့ တရားဝင်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို စေ့စေ့စပ်စပ်ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်လို့လည်း ဝမ်က ပြောဆိုခဲ့ပါတယ်။
Ref: CNA