သိုင်ငင်း – အောက်တိုဘာ(၂၄)
ချင်းပြည်နယ်၊ သိုင်ငင်းစခန်းမှ စစ်ကောင်စီတပ်သား စိုင်းဇော်ထွေးဆိုသူဟာ ချင်းကာကွယ်ရေး တပ်ဖွဲ့ (CDM-Siyin) ထံသို့ လက်နက်နဲ့ အလင်းဝင်ရောက်လာတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၀) ရက်နေ့က အလင်းဝင်ရောက်လာတာဖြစ်ပြီး (CDM-Siyin) အနေနဲ့ သူနေထိုင်နိုင်ဖို့ကိစ္စတွေကို စီစဉ်ပေးပြီး လွတ်မြောက်နယ်မြေ ရောက်ရှိတဲ့အထိ ဆောင်ရွက်ပေးခဲ့ တယ်လို့ ဆိုထားပါတယ်။
နွေဦးတော်လှန်ရေး အဆုံးသတ်ဖို့ နီးကပ်လာတာနဲ့အမျှ ပြည်သူ့ရင်ခွင်ဆီ အချိန်မီအလင်းဝင်ရောက် လိုသူတိုင်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ အားပေးထောက်ခံကြိုဆိုနေမှာဖြစ်တယ် လို့ ဆိုထားပါတယ်။
ပြည်သူနဲ့အတူပူးပေါင်းချင်တဲ့ တပ်မတော်သားတွေအနေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDM-Siyin) ထံ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်လာပါက အနည်းဆုံး ကျပ်သိမ်း(၅၀) ပေးအပ်သွား မှာဖြစ်သလို စစ်လက်နက်ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ထပ်မံဆုချီးမြှင့်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနဲ့အတူပူးပေါင်းခဲ့တဲ့ ရဲနဲ့ စစ်သား (၁၅၀၀၀) ကျော်ရှိနေပြီဖြစ်ကာ မြေပြင်မှာ ပိုမိုများပြားနိုင်တယ်လို့ NUG အစိုးရရဲ့ အချက်အလက် တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CDM-Siyin