October 22, 2023

တနင်္သာရီ လူမှုကူညီရေးအသင်းဝင်တစ်ဦး စစ်ကြောရေးမှာသေဆုံး

တနင်္သာရီ၊ အောက်တိုဘာ(၂၂) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအခြေစိုက် ချမ်းမြေ့ပါရမီ လူမှုကူညီရေး အသင်းသားတစ်ဦးဟာ စစ်ကောင်စီတပ်ဖမ်းဆီးပြီးနောက် စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသက် ၂၈ နှစ်အရွယ် ကိုအောင်ကျော်နိုင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ သာရဘွင်ကျေးရွာက အရေးပေါ်လူနာကို မြိတ်ဆေးရုံသို့ သွားရောက်ပို့ဆောင်ပြီးအပြန် မြိတ်-တနင်္သာရီလမ်းပိုင်း ဇဝဲလမ်းဆုံမှာ စစ်ကောင်စီတပ်က…

တုံးဗျောကြီးစစ်ကောင်စီတပ်စခန်း ဒေသ PDF စီးနင်းတိုက်ခိုက်

မြိတ်၊ အောက်တိုဘာ(၂၂) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပေမယ့် စခန်းသိမ်းခါနီး ကျည်မလောက်တဲ့အတွက် ပြန်ဆုတ်ခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ တပ်အင်အား ၂၀ ကျော် တပ်စွဲထားတဲ့ တုံးဗျောကြီးတပ်စခန်းကို အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၅ နာရီအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင်တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့်…

ကျိုက်မရောအကျဉ်းထောင်မှာ နိုင်ကျဉ်းတွေထံ ဆေးဝါးပေးပို့ခွင့်ကန့်သတ်ခံရ

မော်လမြိုင်၊ အောက်တိုဘာ(၂၂) မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်ထဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီအကူအပြောင်းကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ဖျားနာတာတွေ ရှိနေပေမယ့် နိုင်ငံခြားဆေးဝါးပေးပို့ခွင့် ကန့်သတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေဟာ ရာသီအကူအပြောင်းကြောင့် ဖျားနာတာ၊ နှာစေးတာ၊ ချောင်းဆိုးတာ၊ အပူအကျိတ်ပေါက်တာတွေနဲ့ မသန့်ရှင်းတဲ့ရေတွေကိုသာ အသုံးပြုနေရတဲ့အတွက် ယားနာရောဂါတွေ အစုလိုက်အပြုံအလိုက် ဖြစ်ပွားတာတွေ ရှိနေပါတယ်။ ရောဂါဖြစ်ပွားနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေက…

စစ်ကောင်စီတပ်စခန်းနှစ်ခု KIA သိမ်းပိုက်

နမ့်ဆန်ယန်၊ အောက်တိုဘာ(၂၂) ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ KIA တပ်မဟာ ၆ လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၁၉ ရက်နေ့ မနက် ၆ နာရီမှာ ရှမ်းမြောက်ရှိ မုံးကိုးမြို့ရဲ့…

မွန်ဒေသမှာစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု ထိန်းသိမ်းပေးဖို့ မွန်ပြည်သစ်ပါတီတောင်းဆို

မော်လမြိုင်၊ အောက်တိုဘာ(၂၂) မွန်ဒေသမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ဆင်ခြင်ပြီးထိန်းသိမ်းပေးဖို့ မွန်ပြည်သစ်ပါတီက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တောင်းဆိုခဲ့တယ်လို့ မွန်ပြည်သစ်သတင်းစဉ်ကနေ သိရပါတယ်။ NCA ၈ နှစ်ပြည့် အခမ်းအနားကို မွန်ပြည်သစ်ပါတီ ကိုယ်စားပြုအနေနဲ့ တက်ရောက်ခဲ့တဲ့ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က အောက်တိုဘာ ၁၆ ရက်နေ့က အပစ်ရပ်ထိုး EAO အဖွဲ့တွေနဲ့အတူ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံစဉ်မှာ…