စစ်ကောင်စီက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကိုပဲ ပြယုဂ်တစ်ခုအနေနဲ့ ပြဖို့ပဲကျန်တော့တာ”

ရန်ကုန်မြို့မှာ အခုနောက်ပိုင်းကာလအတွင်း မြို့ပြတော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေ သိသိသာသာ ကျဆင်းလာသလို စစ်ကောင်စီဘက်ကလည်း အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းလာနေတာပါ။ ဒါကြောင့် မြို့ပြတော်လှန်ရေးအင်အားစုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ စစ်ကောင်စီရဲ့ လုံခြုံရေး ပြင် ဆင်မှုအပါအဝင် မြို့ပြတော်လှန်ရေးအောင်မြင်ဖို့ ဘယ်လောက်အရေးကြီးလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG Association တာဝန်ခံ ဆရာကျောင်းနဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံး ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ဆရာကျောင်း – ရန်ကုန်မှာပေါက်ကွဲမှုတွေ နည်းသွားတယ်ဆိုတာ ပကတိအရှိတရားပါ။ စစ်ကောင်စီက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကိုပဲ ပြယုဂ်တစ်ခုအနေနဲ့ ပြဖို့ပဲကျန်တော့တယ်။ ရန်ကုန်ကို သူတို့ဘက်က ပိုပြီး တင်းကျပ်လာတယ်။ ပိုပြီးတော့ ရန်ကုန်ကို သူတို့အာရုံစိုက်တယ်။ နောက်တစ်ပိုင်းက အချိန်ကြာလာတာနဲ့ အမျှပေါ့။ UG အများစုက အရင်လိုမျိုး ဖောက်ခွဲမှုမျိုးထက်စာရင် ထိရောက်တဲ့အလုပ်တွေကိုပဲ ပိုလုပ်လာတယ် လို့ မြင်ပါတယ်။ ပြောချင်တာက အရေအတွက်တော့ နည်းကောင်းနည်းသွားလိမ့်မယ်။ ဒါပေမယ့် စစ်ကောင်စီ ဘက်ကို ထိရောက်မှုကတော့ မလျော့ပါဘူးဒီလိုမြင်ပါတယ်။

သံလွင်တိုင်းမ် –  စစ်ကောင်စီဘက်က ရန်ကုန်မြို့ကိုထိန်းချုပ်ဖို့ ဘာတွေပြင်ဆင်တာတွေ တွေ့လာရလဲ။ ဘယ်လိုအခြေအနေတွေ ရှိနေလဲ။

ဆရာကျောင်း – အသေးစိတ်ဆို ထပ်ခါထပ်ခါ ဧည့်စာရင်းစစ်တာမျိုး၊ မြို့နယ်၊ ရပ်ကွက်၊ သက်ဆိုင်ရာ အသီး သီးမှာ သူတို့သင်တန်းပေးထားသူတွေ မြှပ်နှံထားတာမျိုး။ သူတို့ရဲ့ မီးသတ်တပ်ဖွဲ့ဝင်၊ သူတို့ရဲ့အရံအင်အား တွေကို ဖြန့်ထားတာမျိုးပေါ့။ နောက်ဆုံးလမ်းမတွေပေါ်မှာ သွားလာနေတဲ့ သူတွေတောင်မှ လူတိုင်းက ပြည်သူ မဟုတ်တော့ဘူး။ သူတို့လူတွေနဲ့ အသွင်ယူပြီး ကြားညှပ်ထားတယ်။ ရန်ကုန်ကို မျက်စိဒေါက်ထောက်ပြီး ကြည့် နေတယ်။ မြို့ပြပြောက်ကျားရဲဘော်တွေရဲ့ အနံ့ကိုရတာနဲ့ ပတ်ချာလည်ကို ရှာတယ်။ တချို့ကိစ္စတွေက လုံခြုံ ရေးအရ ပြောပြလို့အဆင်မပြေလို့ပါ။ အဓိကက ရန်သူက ရန်ကုန်မြို့ကို ပိုက်စိပ်တိုက်တယ်။ ထိန်းချုပ်တယ်။ ဒီသဘောမြင်ပါတယ်ခင်ဗျ။

သံလွင်တိုင်းမ် – တော်လှန်ရေးကာလကြာလာတာနဲ့အမျှ ရန်ကုန်မှာ လှုပ်ရှားရတာ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေပိုများလာလဲ။

ဆရာကျောင်း – UG တွေအနေနဲ့ အဓိက လုံခြုံရေးပေါ့။ အများနဲ့တသားတည်းနေဖို့အတွက်ကို အတော်လေး ဖန်တီးယူရတယ်။ အာရုံစိုက်ရတယ်။ အဓိကက လုံခြုံရေးပါဗျ။ ဒုတိယအချက်အနေနဲ့ စိန်ခေါ်မှုကတော့ လက် နက်ခဲယမ်းသယ်ယူရေး ဒါပါပဲ။ နောက်တစ်ခုက အချိန်ကြာလာတာနဲ့အမျှ ထောက်ပံ့တဲ့နေရာမှာလည်း အကုန်လုံးက ပန်းလာပြီ။ ဒါကလည်း စိန်ခေါ်မှုတစ်ခုပါဗျ။

သံလွင်တိုင်းမ် –  လာမယ့်ကာလတွေမှာ ဘယ်လိုစစ်ရေးပစ်မှတ်တွေကို အဓိကထား တိုက်ခိုက်သွားဖို့ရှိပါသ လဲ။ စစ်ရေးနဲ့ပတ်သက်ပြီး ပြည်သူကိုအသိပေးချင်တာရှိရင် ပြောပြပေးပါဦး။

ဆရာကျောင်း – စစ်ရေးနဲ့ပတ်သက်လို့ ရန်ကုန်အနေနဲ့ အကုန်လုံးတော့ ကျွန်တော်မပြောချင်ပါဘူးဗျ။ မပြော ချင်ဘူးဆိုတာက ကျွန်တော်တို့က နဂိုတည်းက မြို့ပြပြောက်ကျားဖြစ်တယ်။ မြို့ပြပြောက်ကျားရဲ့ သဘော သဘာဝအတိုင်းပဲ ကျွန်တော်တို့က အမာကိုရှောင်မယ်။ အပျော့ကို နင်းမယ်ပေါ့။ နောက်တစ်ချက်က အလစ်အ ငိုက်ပေါ့။ ဘယ်အချိန်လစ်မလဲဆိုတဲ့အချိန်မှာ အခွင့်အရေးရရင်ရသလို ကျွန်တော်တို့ သူတို့ကို တိုက်ခိုက်သွား မယ်။ ဒါပါပဲဗျ။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ မြို့ပြတော်လှန်ရေးအောင်မြင်ဖို့ ဘယ်လောက်အရေးကြီးသလဲ။ ပြည်သူနဲ့ သက်ဆိုင်ရာအဖွဲ့တွေကို ဘာတွေပြောချင်ပါသလဲ။

တော်လှန်ရေးအောင်မြင်ဖို့ဆို တောရော၊ မြို့ပါ တပြိုင်တည်းပေါ့။ ကျွန်တော်တို့တွေက ကျွန်တော်တို့မှာ မူဝါဒ တွေ ချမှတ်ထားသလိုပဲ။ ကျွန်တော်တို့ အဓိကက စစ်ကောင်စီကို ဖိအားပေးမယ်။ မြို့ပြကနေ ဖိအားပေးမယ်။ နိုင်ငံတကာ စာမျက်နှာမှာ သူတို့ပြလို့မရအောင် နိမ့်ပါးနေတယ်ဆိုတာ သိရအောင် ကျွန်တော်တို့ မြို့ပြမှာ လှုပ်ပေးမယ်။ မြု့ပြပြောက်ကျားအနေနဲ့ကတော့ တော်လှန်ရေးရဲ့ တစ်တပ်တအားအနေနဲ့ပဲ ဖြစ်မယ်ခင်ဗျ။ မြို့ပြပြောက်ကျားတွေက စခန်းလည်းသိမ်းလို့ မရသလို မြို့လည်းသိမ်းလို့ မရပါဘူးခင်ဗျ။ ပြောချင်တာက လုံးဝအုပ်ချုပ်ခွင့်မရစေရဆိုတဲ့ ရည်ရွယ်ချက်ရယ်၊ နောက်တစ်ချက်က နိုင်ငံတကာစာမျက်နှာမှာ သူတို့အတွက် မြို့ပြတွေကို ထိန်းထားတယ်ဆိုတာ မဟုတ်ဘူးဆိုတဲ့ ကိစ္စမျိုးပေါ့ ။ ဒါမျိုးကိုပေါ်ပေါ်လွင်လွင်ဖြစ်အောင် လှုပ်ရှားမယ် ဒါပါပဲခင်ဗျ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.