တိုကျို၊ အောက်တိုဘာ(၂၁)
ဂျပန်နိုင်ငံက သူနဲ့အမေရိကန်တို့ရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှု နှစ်ခုမှာ ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျကို ဖိတ်ကြားခဲ့တယ်လို့ ဂျပန်အစိုးရက အောက်တိုဘာ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး မီနိုရူကီဟာရာက သူ့ရဲ့ဆွေးနွေးဖက် သြစတြေးလျ ကာကွယ် ရေးဝန်ကြီး ရစ်ချက်မာလေစ်နဲ့ တိုကျိုမှာ ပြုလုပ်တဲ့ဆွေးနွေးပွဲအတွင်း သြစတြေးလျရဲ့ ပါဝင် ဆောင်ရွက်မှုကို ဆွေးနွေးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
နိုဝင်ဘာလရဲ့ ပထမဆုံး စစ်ရေးလေ့ကျင့်မှုအနေနဲ့ ရာမာဆာကူရာမှာ ဂျပန်ကိုယ်ပိုင်ကာကွယ် ရေးတပ်ဖွဲ့ (SDF) ၊အမေရိကန်စစ်တပ်တို့နဲ့အတူ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒုတိယ စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ကင်းမ်အေ့ချ်ကိုတော့ ဖေဖော်ဝါရီလမှာပြုလုပ်ဖို့ စီစဉ်ထားပြီး SDF နဲ့အမေရိကန် မရိန်းတပ်သားတွေ ပါဝင်မယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ဟာ နယ်ပယ်အားလုံးမှာ သြစတြေးလျနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ကို တိုးချဲ့နေပါတယ်၊ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အရေးပေါ်အခြေအနေမှာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ပါပဲ” လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက အစည်းအဝေးအပြီး သတင်း ထောက်တွေကို ပြောဆိုခဲ့တာပါ။
နှစ်နိုင်ငံ ကာကွယ်ရေးပစ္စည်းကိရိယာတွေ ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း ပူးပေါင်းဆောင်ရွက် သွားဖို့ သဘော တူညီခဲ့ကြပါတယ်။
သြစတြေးလျက ထုတ်ပြန်တဲ့ မှတ်ချက်တွေမှာလည်း ဂျပန်နဲ့ သြစတြေးလျတို့ရဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေး ကို ကြိုဆိုကြောင်း ဖော်ပြခဲ့ပါတယ်။
“ဂျပန်လောက် ဗျူဟာမြောက် မဟာမိတ်ဖွဲ့ထားတဲ့နိုင်ငံ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ မရှိပါဘူး။ ကျွန်တော်တို့နှစ် ဦးစလုံးဟာ အမေရိကန်ပြည်ထောင်စုရဲ့ မဟာမိတ်ဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ အကြီးဆုံးကုန်သွယ်ဖက် တရုတ်နိုင်ငံနဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးရှိကြပြီး ကျွန်တော်တို့အချင်း ချင်းမှာလည်း နက်ရှိုင်းတဲ့ဆက်ဆံ ရေးရှိတယ်” လို့မစ္စတာ မာလေစ်က ပြောကြားခဲ့တာပါ။
ဂျပန်နဲ့သြစတြေးလျ နှစ်နိုင်ငံစလုံးဟာ ဒေသတွင်းမှာ တရုတ်ရဲ့ စစ်အင်အားကြီးထွားလာမှုနဲ့ ထိုင်ဝမ်ကို ထိန်းချုပ်နိုင်ဖို့ ပေကျင်းရဲ့ အင်အားသုံးလာနိုင်ခြေနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
Ref: The Straitstimes