ဘေဂျင်း၊ အောက်တိုဘာ(၂၁)
တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ ဆက်သွယ်ရေးဆိုင်ရာလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားတွေလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတို့ကို အတူတကွ နှိမ်နင်းဖို့ ပိုမိုကြိုးပမ်းအားထုတ်သင့်တယ်လို့ သမ္မတရှီကျင့်ဖျင်က ဘေဂျင်းမှာ ထိုင်းဝန်ကြီးချုပ် ဆရီထာကို ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံအနေနဲ့လည်း နိုင်ငံပေါင်းစုံ မူဘောင်တွေအတွင်း ထိုင်းနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှု အားကောင်း စေဖို့ဆန္ဒရှိတယ်လို့ သမ္မတရှီပြောစကားပေါ်အခြေခံပြီး ဗဟိုရုပ်မြင်သံကြားလိုင်း က ထုတ်လွှင့်ထားပါတယ်။
တရုတ်နိုင်ငံက ကြီးမှူးကျင်းပနေတဲ့ တတိယအကြိမ် ရပ်ဝန်းနဲ့ပိုးလမ်းအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှာ ထိုင်းဝန်ကြီးချုပ် ဆရီထာ သာဗီဆင်နဲ့ တွေ့ဆုံစဉ် သမ္မတရှီက အခုလိုပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း ဆက်သွယ်ရေးလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေဟာ တရုတ်နဲ့ ထိုင်းနိုင်ငံအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်စေတဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေဖြစ် နေတာပါ။
ဆက်သွယ်ရေးလိမ်လည်မှုမှာတော့ ရာဇဝတ်ကောင်တွေက လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ် တာအချက်အလက်တွေကို ပေးဖို့အတွက် လိမ်လည်တောင်းယူတာ၊ စာတိုပေးပို့စနစ်နဲ့လိမ်လည် တာ၊ ငွေလွှဲဖို့ မက်လုံးပေး ဖုန်းခေါ်ဆိုမှုတွေပြုလုပ်တာမျိုးတွေနဲ့ လိမ်လည်နေကြတာဖြစ်ပါ တယ်။
အခြားတစ်ဖက်မှာလည်း အွန်လိုင်းလောင်းကစားကဏ္ဍဟာ အင်တာနက်ပလက်ဖောင်းတွေ ကတဆင့် ဘဝပျက်လောက်တဲ့အထိ ငွေကြေးလိမ်လည်မှုတွေဖြစ်ပေါ်နေခဲ့တာပါ။
ဒီလိုရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုက်ခြင်းအားဖြင့် ထိုင်းနဲ့တရုတ် နှစ်နိုင်ငံလုံးအတွက် အကျိုးရှိစေယုံသာမက ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေး ကိုပါ အထောက်အကူပြုစေ မှာဖြစ်တယ်လို့လည်း သမ္မတရှီကပြောကြားထားပါတယ်။
ဒါ့အပြင် တရုတ်နဲ့ထိုင်းအကြားမှာ အဲဒီပြစ်မှုတွေကို တားဆီးကိုင်တွယ်နိုင်ဖို့ ထောက်လှမ်းရေး လုပ်ငန်းတွေ၊ ကောင်းတဲ့အလေ့အထတွေကို ဖလှယ်မှုကိုလည်း အားကောင်းအောင် လုပ်ဆောင်ဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီအမှုအခင်းတွေကို ကိုင်တွယ်ရာမှာလည်း တရုတ်ရဲ့ ကတိကဝက်တွေကို သက်သေပြနိုင်ဖို့ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လိုတာဖြစ်ပြီး တယ်လီဆက်သွယ်ရေး နည်းလမ်းသုံး ငွေကြေးလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေလို ဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ငန်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ တရုတ်ဟာထိုင်းအပြင် အခြားသောနိုင်ငံတွေနဲ့ပါ တက်ကြစွာ စေ့စပ်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
Ref – Reuters/isppage