October 20, 2023

ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ သြစတြေးလျကို ဂျပန် ဖိတ်ကြား

တိုကျို၊ အောက်တိုဘာ(၂၁) ဂျပန်နိုင်ငံက သူနဲ့အမေရိကန်တို့ရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှု နှစ်ခုမှာ ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျကို ဖိတ်ကြားခဲ့တယ်လို့ ဂျပန်အစိုးရက အောက်တိုဘာ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး မီနိုရူကီဟာရာက သူ့ရဲ့ဆွေးနွေးဖက် သြစတြေးလျ ကာကွယ် ရေးဝန်ကြီး ရစ်ချက်မာလေစ်နဲ့ တိုကျိုမှာ ပြုလုပ်တဲ့ဆွေးနွေးပွဲအတွင်း သြစတြေးလျရဲ့ ပါဝင် ဆောင်ရွက်မှုကို ဆွေးနွေးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ နိုဝင်ဘာလရဲ့…

နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ ပိုမိုနှိမ်နင်းပေးဖို့ ထိုင်းအစိုးရကို တရုတ်သမ္မတ တောင်းဆို

ဘေဂျင်း၊ အောက်တိုဘာ(၂၁) တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ ဆက်သွယ်ရေးဆိုင်ရာလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားတွေလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတို့ကို အတူတကွ နှိမ်နင်းဖို့ ပိုမိုကြိုးပမ်းအားထုတ်သင့်တယ်လို့ သမ္မတရှီကျင့်ဖျင်က ဘေဂျင်းမှာ ထိုင်းဝန်ကြီးချုပ် ဆရီထာကို ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း နိုင်ငံပေါင်းစုံ မူဘောင်တွေအတွင်း ထိုင်းနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှု အားကောင်း စေဖို့ဆန္ဒရှိတယ်လို့ သမ္မတရှီပြောစကားပေါ်အခြေခံပြီး ဗဟိုရုပ်မြင်သံကြားလိုင်း က ထုတ်လွှင့်ထားပါတယ်။ တရုတ်နိုင်ငံက ကြီးမှူးကျင်းပနေတဲ့ တတိယအကြိမ် ရပ်ဝန်းနဲ့ပိုးလမ်းအပြည်ပြည်ဆိုင်ရာ…

ဂါဇာကို မြေပြင်ထိုးစစ်ဆင်ဖို့ အဆင့်သင့်ဖြစ်နေပြီလို့ အစ္စရေး ပြော

ဂျေရုစလင် ၊ အောက်တိုဘာ (၂၁) ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ကနေ ဝင်ရောက်စီးနင်းတိုက်ခိုက်ဖို့ ခြေလျင်တပ်ဖွဲ့ဝင်တွေ အဆင့်သင့်ဖြစ်နေပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဂဲလ်လန့်က အောက်တိုဘာ ၁၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်တို့ရဲ့လူအသေအပျောက်များခဲ့တဲ့ အံ့အားသင့် ဖွယ် တိုက်ခိုက်မှုအပြီးမှာ အစ္စရေးဟာ လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာဒေသကို ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။ အဲဒီနောက်မှာတော့ ဂါဇာဒေသကို…

စစ်အင်အားတိုးတက်ကောင်းမွန်အောင် ဖြည့်တင်းကြဖို့ NUG ဝန်ကြီးချုပ်တိုက်တွန်း

မော်လမြိုင် – အောက်တိုဘာ(၂၀) နယ်မြေစိုးမိုးရေး အားကောင်းတဲ့ ဒေသတွေမှာ ဒေသကာကွယ်ရေးအတွက်လိုအပ်တဲ့ စစ်အင်အား လက်နက်ခဲယမ်းအင်အားတွေကို တိုးတက်ကောင်းမွန်အောင် ပြန်လည်ဖြည့်တင်းနိုင်သလောက် ဖြည့်တင်းကြရမယ်လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။ ဒီနေ့ အောက်တိုဘာလ(၂၀) ရက်နေ့မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၂/၂၀၂၃) မှာ အခုလိုပြောခဲ့တာပါ။ “ဒေသကာကွယ်ရေး အတွက် လိုအပ်တဲ့ စစ်အင်အား…

Yangon UG Association တာဝန်ခံ ဆရာကျောင်းနဲ့ ဆက်သွယ်မေးမြန်းချက်

“စစ်ကောင်စီက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကိုပဲ ပြယုဂ်တစ်ခုအနေနဲ့ ပြဖို့ပဲကျန်တော့တာ” ရန်ကုန်မြို့မှာ အခုနောက်ပိုင်းကာလအတွင်း မြို့ပြတော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေ သိသိသာသာ ကျဆင်းလာသလို စစ်ကောင်စီဘက်ကလည်း အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းလာနေတာပါ။ ဒါကြောင့် မြို့ပြတော်လှန်ရေးအင်အားစုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ စစ်ကောင်စီရဲ့ လုံခြုံရေး ပြင် ဆင်မှုအပါအဝင် မြို့ပြတော်လှန်ရေးအောင်မြင်ဖို့ ဘယ်လောက်အရေးကြီးလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တစ်ခုဖြစ်တဲ့…

ဖမ်းဆီးခံ ထားဝယ်နိုင်ငံရေးအကျဉ်းသူတစ်ဦး ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံရ

ထားဝယ်၊ အောက်တိုဘာ(၂၀) တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူ မယဉ်ယဉ်ချိုဟာ ထောင်ဒဏ် ၄၄ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) က သိရပါတယ်။ နိုင်ငံရေးအကျဉ်းသူ မယဉ်ယဉ်ချိုကို စစ်ကောင်စီက ထပ်တိုးအမှုဖွင့်ထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၁၊ ၅၂၊ ၅၄ တို့နဲ့ အောက်တိုဘာဒုတိယအပတ်အတွင်း ထားဝယ်အကျဉ်းထောင်တရားရုံးကနေ ထောင်ဒဏ်…

ကျိုက်မရောမှာ ဈေးဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

ကျိုက်မရော၊ အောက်တိုဘာ(၂၀) မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဖက်တေကုန်းကျေးရွာမှာ အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဈေးဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသက် ၄၀ အရွယ် ကိုမောင်မောင်ကုန်စုံဆိုင်ပိုင်ရှင် ဦးမောင်မောင်ဟာ ကုန်စုံဆိုင်ထဲရှိနေချိန် အမည်မသိ အမျိုးသား ၂ ဦးက ဆိုင်ကယ်နဲ့လာပြီး သေနတ်နဲ့ဝင်ရောက်…

စစ်အာဏာသိမ်း (၉၉၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၅၁) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ(၂၀) AAPP ရဲ့ အောက်တိုဘာ(၁၉)နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၉၁)ရက်အတွင်း ပြည်သူ (၄၁၅၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၃၁၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၁၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…