French President Emmanuel Macron attends a press conference in Tirana, Albania, October 17, 2023. REUTERS/Florion Goga


တီရာနာ၊ အောက်တိုဘာ (၂၀) 

ပြင်သစ်မှာ အစ္စလာမ္မစ်ဆရာတစ်ဦးနဲ့ ဘယ်လ်ဂျီယံရှိ ဆွီဒင်ဘောလုံးပရိသတ်နှစ်ဦးတို့ သတ် ဖြတ်ခံရပြီးနောက် ဥရောပမှာ အစ္စလာမ္မစ်အကြမ်းဖက်မှု မြင့်တက်လာနေပြီး ဒေသအားလုံးဟာ ခြိမ်းခြောက်ခံနေရပြီလို့ ပြင်သစ် သမ္မတ အီမန်နျူရယ် မာကွန်က အယ်လ်ဘေးနီးယားသို့ သွားရောက်လည်ပတ်စဉ် ပြောကြားခဲ့ပါတယ်။ 

အွန်လိုင်းမှာတင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ မိမိဟာအိုင်အက်စ်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ထုတ်ဖော် ပြော ဆိုထား တဲ့ အသက် ၄၅ နှစ်အရွယ် တိုက်ခိုက်သူက ဘရပ်ဆဲလ်ရှိ ဆွီဒင်ပရိသတ်ကိုသတ် ဖြတ်မှုမှာ တာဝန်ရှိကြောင်း မာကွန်က ပြောဆိုခဲ့တာပါ။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ပါရီမှာကျောင်းဆရာကို ဓားဖြင့်ထိုးသတ်ခဲ့တဲ့ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးဟာလည်း အိုင်အက်စ်အဖွဲ့အား သစ္စာခံကြောင်း ကတိပြုခဲ့တယ် လို့ ပါရီက အကြမ်းဖက်မှု ဆန့်ကျင်ရေး ရှေ့နေတစ်ဦးက ပြောဆိုခဲ့ပါတယ်။ 

“မနေ့က ဘရပ်ဆဲလ်မှာ ဒီလိုဖြစ်ရပ်မျိုး ထပ်မံတွေ့ခဲ့ရတယ်။ ဥရောပနိုင်ငံအားလုံးဟာ အားနည်းလာနေပြီး အစ္စလမ္မစ်အကြမ်းဖက်ဝါဒတွေ ပြန်လည်ပေါ်ပေါက်လာခဲ့တာ အမှန်ပါပဲ” လို့ တီရာနာမှာ အယ်လ်ဘေးနီး ယားဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ မာကွန်က ပြောဆိုခဲ့ပါတယ်။ 

“ဒီနေရာမှာ ငါတို့ဘယ်လ်ဂျီယံသူငယ်ချင်းတွေနဲ့အတူ ငါတို့ရဲ့စည်းလုံးညီညွတ်မှုကို ထပ်လောင်း အတည် ပြုပါတယ်” လို့ သူကထပ်မံပြောကြားခဲ့တာပါ။ 

ဟားမတ်စ်အဖွဲ့နဲ့ ပဋိပက္ခအတွင်း ဂါဇာကမ်းမြောင်နယ်စပ်က နယ်ခြားခြံစည်းရိုးတွေကို စစ်သွေးကြေတွေက ဖောက်ထွင်းဝင်ရောက်ကာ အနီးနားရှိ အစ္စရေးလူနေရပ်ကွက်တွေမှာ သောင်းကျန်းမှုများဖြစ်ပေါ်ခဲ့ပါတယ်။ 

ဒီဖြစ်ရပ်တွေကြောင့် လူပေါင်း (၁၃၀၀) သေဆုံးခဲ့ကာ အဓိကအားဖြင့် သေဆုံးသူတွေဟာလည်း အရပ်သား တွေဖြစ်တယ်လို့ မာကွန်ကဆိုခဲ့ပြီး လာမယ့်ရက်သတ္တပတ်တွေအတွင်း အစ္စရေးကို သွားရောက်မှာဖြစ်ကြောင်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

 “ကျွန်တော်တို့ရဲ့ဆန္ဒကတော့ ပဋိပက္ခအရှိန်မြင့်လာခြင်းမရှိဘဲ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကိစ္စရပ်တွေနဲ့ အရာအားလုံးအပေါ် ပိုမိုကျယ်ပြန့်တဲ့ ခိုင်မာတဲ့သဘောတူညီချက်တစ်ရပ် ကို ရယူနိုင်တဲ့အခါ အဲဒီနေရာကို သွားရောက်လိုတာဖြစ်တယ်” လို့ မာကွန်က အစ္စရေးခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ 

အစ္စရေးရဲ့ လုံခြုံရေးအပါအဝင်၊ အကြမ်းဖက်အဖွဲ့အားလုံးကို တိုက်ဖျက်တာ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ နိုင်ငံ ရေးအတွက် အဖြေရှာရေးတို့ဟာ အားလုံးအပြန်အလှန်ဆက်စပ်နေတယ်လို့ လည်း မာကွန်က သူ့ခံစားချက်ကို ပြောကြားထားပါတယ်။ 

Ref: Yahoonews/Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.