Zhai Jun (L), Special Envoy of the Chinese Government on the Middle East Issue, meets with Palestinian president Mahmud Abbas at his office in the West Bank city of Ramallah on December 7, 2019. (Photo by ABBAS MOMANI / AFP)

ရှန်ဟိုင်း၊ အောက်တိုဘာ(၂၀) 

အစ္စရေး-ဟားမတ်စ်စစ်ပွဲကနေစတင်လာတဲ့ ပဋိပက္ခပြန့်ပွားမှုကို ရပ်တန်ဖို့ ကိုယ်ပိုင်သြဇာကို သုံးသင့်တယ်လို့ အမေရိကန်က အကြံပြုပြီးတဲ့နောက် တရုတ်အထူးသံအမတ်ဟာ အခုသီတင်း ပတ်အတွင်း အရှေ့အလယ်ပိုင်းကို သွားရောက်တော့မှာဖြစ်ပါတယ်။ 

ဘေဂျင်းအစိုးရအနေနဲ့ အထူးသဖြင့် အခုနှစ်အစောပိုင်းက ကာလရှည်ကြာ ရန်ဘက်တွေဖြစ်တဲ့ တီဟီရန်နဲ့ ရီယာ့ဒ် တို့နှစ်ဦးနှစ်ဖက်ကို ကြားဝင်စေ့စပ်ပေးပြီးနောက် ပဋိပက္ခကို တည်ငြိမ်အောင် ကူညီပေးနိုင်မယ်လို့ ဝါရှင်တန်အစိုးရက မျှော်လင့်နေတာပါ။ 

ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးစစ်ပြင်ဆင်နေချိန်မှာ အစ္စရေးအပေါ် ဖြစ်နိုင်ခြေရှိတဲ့ “ကြိုတင်အရေးယူမှု” ကို အီရန်ကလည်း သတိပေးထားပါတယ်။ 

အီရန် ကျောထောက်နောက်ခံပြုထားတဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးတို့ ထပ်မံပြဿနာ ဖြစ်မယ့်အရေးကိုလည်း စိုးရိမ်မှုတွေထွက်ပေါ်နေတာပါ။ 

“ကျွန်တော်တို့ရဲ့ သတင်းစကားက ပဋိပက္ခတွေ မပြန့်ပွားအောင် တားဆီးဖို့ ကျွန်တော်တို့လိုလား တယ်လို့ ယူဆပါတယ်။ တရုတ်က သူရဲ့သြဇာကို အသုံးချနိုင်မယ်၊ အသုံးဝင်မယ်လို့လည်း သူ က (အန်တိုနီ) က ထင်မြင်ထားပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ 

အောက်တိုဘာ ၁၄ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးတို့ရဲ့ ဖုန်းပြောဆိုမှုအပေါ်ကို ရည်ညွှန်းပြီး အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆို ခွင့်ရှိသူက သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။ 

တရုတ်သံတမန်ဇိုင်ဂျွန်အနေနဲ့ အရှေ့အလယ်ပိုင်းကို သွားရောက်မယ့် ရည်ရွယ်ချက်ကတော့ နိုင်ငံတကာ သဘောတူညီချက်တွေကို စုစည်းဖို့၊ သက်ဆိုင်ရာပါတီတွေအနေနဲ့ ရန်လိုမှုတွေကို ရပ်တန့်ဖို့၊ အခြေအနေ တွေကို အေးစေဖို့၊ နိုင်ငံရေးအရ ဖြေရှင်းဖို့လိုအပ်တဲ့အခြေအနေတွေကို ဖန်တီးစေဖို့ဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြော ကြားထားပါတယ်။ 

တရုတ်သံတမန်ဇိုင်ဂျွန်ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်ဟာ အခုတစ်ပတ်အတွင်းဖြစ်ပေါ်နိုင်မှာ ဖြစ်ပေမယ့် ခရီးစဉ်အခြေအနေအသေးစိတ်ကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။ 

Ref,AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.