မနီလာ၊ အောက်တိုဘာ(၁၇) 

ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းက တောင်တရုတ်ပင်လယ်ထဲ ထောက်ပံ့ရေးမစ်ရှင်လုပ်ဆောင် နေတဲ့ ဖိလစ်ပိုင်ရေတပ် သင်္ဘောတစ်စင်းကို တရုတ်ရေတပ်သင်္ဘောတစ်စင်းက နောက်ယောင်ခံ လိုက်ခဲ့တဲ့အတွက် ဒီလိုအန္တရာယ်များပြီး စော်ကားရာရောက်တဲ့ စစ်ရေးလှုပ်ရှားမှုကို ရပ်တန့်ပေး ဖို့ ဖိလစ်ပိုင်စစ်တပ်က တောင်းဆိုလိုက်ပါတယ်။ 

တရုတ်ရေတပ်သင်္ဘောတစ်စီးဟာ တောင်တရုတ်ပင်လယ်ရှိ မနီလာရဲ့ အကြီးဆုံးနဲ့ ဗျူဟာ မြောက် အရေးအကြီးဆုံး ကင်းစခန်းဖြစ်တဲ့ တီတူကျွန်းအနီးအနားထိ ရောက်ရှိလာခဲ့တာပါ။ 

အဲဒီတရုတ်ရေတပ်သင်္ဘောတစ်စီးဟာ ဖိလစ်ပိုင်သင်္ဘောရှေ့က ဖြတ်ကူးဖို့ပြုလုပ်ခဲ့ပြီး ကင်း စခန်းရဲ့ ကိုက် ၃၅၀ အကွာသို့ ရောက်ရှိလာခဲ့တာ ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ် အကြီးအကဲ ရိုမီယိုက ပြောကြားခဲ့ပါတယ်။ 

“တရုတ်နိုင်ငံရဲ့ ကြိုတင်စီစဉ်မှုနဲ့ အန္တရာယ်ရှိတဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ တိုက်မိနိုင်မှုပြဿနာ သာမက နှစ်ဖက်စလုံးမှ ရေတပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုပါ တိုက်ရိုက်အန္တရာယ် ဖြစ်စေတယ်” လို့ သူက အောက်တိုဘာ ၁၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

မနီလာမြို့ရှိ တရုတ်သံရုံးကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုတဲ့အပေါ် တုံ့ပြန်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ 

တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဖိလစ်ပိုင်ဝန်ထမ်းတွေအတွက် ထောက်ပံ့ရေးမစ်ရှင် လုပ်ဆောင်မှုအပေါ် တရုတ်ဘက်က အမြဲတမ်းစောင့်ကြည့်ပိတ်ဆို့ဖို့ ဆက်တိုက်ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ 

တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို တရုတ်နိုင်ငံက သူတို့အချုပ်အခြာအာဏာပိုင်ဆိုင် ကြောင်း အခိုင်အမာဆိုထားပြီး ရေလမ်းကြောင်းကနေ နှစ်စဉ်ကုန်သွယ်မှု ကန်ဒေါ်လာ ၃ ထရီလီယံကျော် ရရှိနေတာဖြစ်ပါတယ်။ 

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က ဖိလစ်ပိုင်စစ်အခြေစိုက်စခန်းတွေကို အမေရိကန်အားဝင် ရောက်ခွင့် တိုးမြှင့်ခြင်းအပါအဝင် ဝါရှင်တန်နဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးကို လုပ်ဆောင်ပြီး နောက် ဖိလစ်ပိုင်နဲ့ တရုတ်ကြား ဆက်ဆံရေး ယိုယွင်းလာခဲ့တာလည်း ဖြစ်ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.