နယူးရော့ခ်၊ အောက်တိုဘာ(၁၇) 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်ဒေ သကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ခွင့်ပြုပေးဖို့နဲ့ ဟားမတ်စ်အဖွဲ့က လည်း ဖမ်းဆီးထားတဲ့ ဓားစာခံအားလုံး ပြန်လွှတ်ပေးဖို့ အောက်တိုဘာ ၁၅ ရက်နေ့မှာ တောင်း ဆိုလိုက်ပါတယ်။ 

စစ်ရေးပဋိပက္ခတွေကြောင့် ဂါဇာမှာမှာ ရေ၊ လျှပ်စစ်နဲ့ တခြားလိုအပ်တဲ့ ထောက်ပံ့ရေးတွေ ပြတ်တောက်နေပြီး ဖြစ်သလို အရှေ့အလယ်ပိုင်းဒေသဟာ ဆိုးဝါးတဲ့အခြေအနေကို ကျရောက်နေပြီလို့ ဂူတာရက်စ်က ကြေညာချက်မှာ ဖော်ပြထားတာပါ။ 

ဒီအခြေအနေမှာ အီဂျစ်၊ ဂျော်ဒန်အနောက်ဘက်ကမ်းနဲ့ အစ္စရေးတို့မှာ ကုလသမဂ္ဂက သိုလှောင် ထားတဲ့ အစားအစာ၊ ရေ၊ ဆေးဝါးနဲ့ လောင်စာဆီတွေရှိနေပြီး လူသားချင်းစာနာမှု အကူအညီ တွေကို နာရီပိုင်းအတွင်း ပေးပို့နိုင်တယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့်လည်း ဝန်ထမ်းတွေအနေနဲ့ အဲဒီထောက်ပံ့ရေးပစ္စည်းတွေကို ဂါဇာကမ်းမြောင်ဒေသသို့ အတားအဆီးမရှိဘဲ လုံခြုံစွာယူဆောင်သွားဖို့တော့ လိုအပ်တယ်လို့ သူ့ရဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။ 

“အဲဒီတောင်းဆိုချက်တွေ တစ်ခုစီတိုင်းဟာ သူတို့နဲ့ တိုက်ရိုက်အကျုံးဝင်တယ်။ ဒါတွေကို အလျှော့အတင်း နဲ့ ညှိနှိုင်းရမှာမဟုတ်ဘဲ လုပ်သင့်လုပ်ထိုက်တဲ့ အရာဖြစ်တာကြောင့် အကောင်အထည်ဖော်ရမယ်”လို့ ဂူတာရက်စ်က ပြောဆိုခဲ့ပါတယ်။ 

ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်ရေးသမားတွေက နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး အရပ်သား အများစုဖြစ်တဲ့ လူပေါင်း ၁၄၀၀ ကျော်ကို ပစ်ခတ်၊ သတ်ဖြတ်၊ မီးရှို့ပြီးနောက် တစ်ရက်အကြာ အစ္စရေးက ဟားမတ်စ်ကို စစ်ကြေညာခဲ့တာဖြစ်ပါတယ်။ 

နောက်ဆက်တွဲအနေနဲ့ ပြင်းထန်တဲ့ လက်စားချေဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တွေ ပြိုပျက်ခဲ့ ပြီး သာမန်ပါလက်စ တိုင်းအများစုနေထိုင်တဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အနည်းဆုံး လူပေါင်း ၂၆၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ 

အစ္စရေးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂါဇာတောင်ဘက်သို့ ရေပေးဝေမှုပြန်လည်မစတင်မီ လူနေထူထပ်တဲ့ ကမ်းရိုး တန်းအနီးဒေသကို ရေ၊ လျှပ်စစ်နဲ့ အစားအစာ ထောက်ပံ့မှုအားလုံး ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။ 

အစ္စရေးစစ်တပ်ဟာ မြေပြင်ထိုးစစ်ဆင်ဖို့ အမိန့်ပေးထားတာကြောင့် လူဦးရေ ၂ ဒသမ ၄ သန်းရဲ့ထက်ဝက်နီးပါးရှိတဲ့ ဂါဇာကမ်းမြောင် မြောက်ပိုင်းရှိ လူတွေကို တောင်ဘက်သို့ ဦးတည်ပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြဖို့ ကြေညာခဲ့ပါတယ်။ 

လူတစ်သန်းခန့်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ပါလက်စတိုင်းသားတွေမှာလည်း ရေပြတ်တောက် မှုဒုက္ခကြုံနေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတစ်ခုအဖြစ် ကယ်ဆယ် ရေးအဖွဲ့တွေကလည်း သတိပေးထားပါတယ်။ 

ဟားမတ်စ်အဖွဲဟာ ပြီးခဲ့တဲ့သီတင်းပတ်က ပြုလုပ်ခဲ့တဲ့ အံ့အားသင့်ဖွယ်တိုက်ခိုက်မှုအပြီး လူပေါင်း ၁၅၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း အစ္စရေးစစ်တပ်က အောက်တိုဘာ ၁၅ ရက်နေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

Ref: Malaymail

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.