ကိုးကန့် – အောက်တိုဘာ(၁၆)

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသမှာ စစ်ကောင်စီနဲ့ ကိုးကန့်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၁၆) ဦးသေဆုံးကာ (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ The Kokang မီဒီယာက ထုတ် ပြန်ထားပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ(၁၄) ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က တပ်ဖွဲ့တစ်ခုလုံးနီးပါး ရှင်းလင်းခံခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီ အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၂) တပ်ရင်း -၃၃၅က စစ်ကောင်စီတပ်သား (၃၀) ခန့်ဟာ အရပ်သားတစ်ဦးကို လမ်းပြအဖြစ်ခေါ်လာပြီး MNDAA စခန်းတစ်ခုနား ရောက်ဖို့ ငါးမီတာအလိုမှာတိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲမှာ ရိုင်ဖယ်(၁၀)လက်၊ ၆၀-မမ အမြောက်တစ်လက်၊ လက်ပစ်အမြောက်တစ်လက်၊ ကျည်ဘောက်(၁၄)ခု၊ကျည်ဆန် ၂၁၈ တောင့်၊ အသံလွှင့်စက်တစ်လုံး၊လက်ကိုင်ဖုန်း တစ်လုံး၊ ဂြိုလ်တုဖုန်းတစ်လုံးနဲ့ တခြား စစ်ကောင်စီပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ MNDAA နဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့တော့မရခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MNDAA(ပုံအဟောင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.