မော်လမြိုင်၊ အောက်တိုဘာ (၁၅)

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ NCA စာချုပ်ကို လိုက် နာမှုမရှိဘဲ NCA ၈ နှစ်ပြည့် နှစ်ပတ်လည်ပွဲ ပြုလုပ်တာဟာ အင်မတန်မှ မျက်နှာ‌ပြောင်တိုက်ရာကျပြီး ဂုဏ်သိ က္ခာမဲ့တဲ့လုပ်ရပ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဝေဖန်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ပြည်သူလူထုထံ လစဉ်ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့် သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ယာယီသမ္မတက စစ်တပ်အာဏာသိမ်းမှုကြောင့် NCA စာချုပ်ပျက်ပြယ်သွားပြီး ဖြစ်ကြောင်းနဲ့ စာချုပ် ပျက်ပြယ်မှုကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့ဖြစ်တဲ့ KNU, CNF , ABSDF တို့ကလည်း ပြည်သူလူထုတစ်ရပ်လုံးထံ အသိပေးထားပြီလို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီဟာ NCA စာချုပ်ကို လိုက်နာမှုမရှိ NCA အခြေခံမူတွေကို လေးစားမှုမရှိ၊ ချိုးဖျက်ခဲ့ပြီးကာမှ NCA နှစ်ပတ်လည် လုပ်တာဟာ အင်မတန်မှ မျက် နှာ‌ပြောင်တိုက်ရာကျပြီး ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ပြောဆိုခဲ့တာပါ။

နိုင်ငံတဝန်းမှာလည်း စစ်ကောင်စီတပ်ကနေ အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့အတွက် စစ်ကောင်စီ ပြုလုပ်တဲ့ NCA နှစ်ပတ် လည်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ တက်ရောက်ဖို့ မသင့်ဘူးလို့ ထောက်ပြပါတယ်။

အာဏသိမ်း စစ်ကောင်စီကတော့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ၈ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။

ဒီနေ့မှာ စစ်ကောင်စီကျင်းပတဲ့ NCA နှစ်ပတ်လည်ပွဲကို အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နဲ့ တရုတ်အပါအဝင် စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်နေတဲ့ နိုင်ငံတကာသံတမန်တချို့ တက်ရောက်ခဲ့ပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.