“ငြိမ်းချမ်းရေးဆွေးပွဲတွေ လုပ်သာလုပ်နေတာ သူတို့ကိုယ်၌က ဘာယုံကြည်ချက်မှမရှိဘူး”

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေနယ်မြေမှာ အခုနှစ်ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လ အတွင်း နှစ်ဖက်တိုက်ပွဲပေါင်း ၃၅၇၀ အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထောင်နဲ့ချီတဲ့ စစ်သားတွေ သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ဒါကြောင့် KNU နယ်မြေအတွင်း လတ်တလော စစ်ရေးအခြေအနေ၊ မုန်လိုင်ခက်စစ်ရှောင်စခန်းအပေါ် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှု၊ NCA နှစ်ပတ်လည်ပွဲ စစ်ကောင်စီ ကျင်းပမှုအပေါ် သဘောထားအမြင်နဲ့ ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။.

သံလွင်တိုင်းမ် – ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ စစ်ရှောင်စခန်းအပေါ် စစ်ကောင်စီက တိုက်ခိုက်မှုတွေပြု လုပ်လို့ အရပ်သားတွေ အများအပြား ထိခိုက်သေဆုံး ဒဏ်ရာရခဲ့ကြတယ်။ ဒီတိုက်ခိုက်မှုလုပ်ဆောင် တဲ့အပေါ် KNU အနေနဲ့ ဘယ်လိုမြင်ပါလဲ ဘာပြောချင်ပါလဲ။

ပဒိုစောတောနီး – တိုက်ပွဲတွေဖြစ်လို့ ဒီလိုတိမ်းရှောင်နေရတဲ့ အရပ်သားနဲ့ကလေးပါမကျန် ကြမ်းတမ်းရက်စက် စွာ အရိုင်းအစိုင်းဆန်ဆန်လုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုလုပ်ရပ်ဟာ ဘယ်လိုမှလက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဒါကိုနိုင်ငံတကာက ထိထိရောက်ရောက်နဲ့ လုံလောက်တဲ့အရေးယူမှုတွေ လုပ်ဖို့လိုတယ်။ အဲဒီလိုမှ မလုပ် ဘူးဆိုရင် ဒီလိုနိုင်ငံတကာရဲ့တုံ့ပြန်မှုက နှေးတုံ့နှေးတုံ့နဲ့ပဲဖြစ်သွားမယ်ဆိုရင်တော့ ဒီလိုအကြမ်းဖက်တဲ့အဖွဲ့ အစည်းက လူထု တွေအပေါ်မှာ၊ ကလေးသူငယ်တွေအပေါ်မှာ၊ အကုန်လုံးကဒီထက်ပိုပြီး ရက်စက်ကြမ်းကြုတ် မှုတွေ လုပ်လာပါ လိမ့်မယ်။ ဒီနေ့ကစပြီး နိုင်ငံတကာအနေနဲ့ လုံးဝတာဝန်မပျက်ကွက်သေးဘူး။ အရေးယူစရာ ရှိတာကို မြန်မြန်ဆန် ဆန်နဲ့ထိထိရောက် အရေးယူဖို့ လိုပြီ။ ဒီလိုမှမဟုတ်ရင် အရပ်သားတွေအပေါ်မှာ ကျူးလွန် တဲ့ဟာကတော့ ပိုပြီးဆိုးဝါးသထက် ဆိုးဝါးလာလိမ့်မယ်ဆိုတာ ဒီအဖြစ်ပျက်ကြီးက သက်သေပြနေပါတယ်။

သံလွင်တိုင်းမ် – စစ်ကောင်စီက NCA နှစ်ပတ်လည်နေ့ပြုလုပ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်း ချမ်းရေးအတွက် ဖိတ်ခေါ်နေတယ်။ တဖက်မှာလည်း တိုင်းရင်းသားနယ်မြေတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ထိုးစစ်ဆင်တွေ အကြီးအကျယ်ပြုလုပ်နေတယ်။ ဒီအပေါ်မှာ KNU အနေနဲ့ ဘာပြောချင်ပါလဲ။

ပဒိုစောတောနီး –  အကြမ်းဖက်စစ်ကောင်စီက NCAနှစ်ပတ်လည်တွေ လျှောက်လုပ်နေတယ်ဆိုတာ သူ့မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲပေါင်းစုံ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့အနေအထားကို သူကထွက်ပေါက်ရလို ရငြား ကောက်ရိုးတမျှင်စာ အားကိုးနဲ့သူလုပ်နေတာ ဖြစ်တယ်။ ဘယ်လိုနည်းနဲ့မှအောင်မြင်နိုင်စရာ အကြောင်း လည်းမရှိဘူး။ ငြိမ်းချမ်းရေးတို့ လျှောက်ပြောနေပေမယ့် တဖက်မှာတိုက်ပွဲတွေက အမြဲတမ်းဆင်နွှဲပြီးတော့ လူထုတွေအပေါ်မှာ ရက်စက်ကြမ်းကြုတ်လုပ်ပြနေတဲ့အခါကျ သူလုပ်ရက်တွေက ဘယ်လိုမှမအောင်မြင်နိုင် ပါဘူး။ လုပ်သာလုပ်နေတာပါ။ သူတို့ကိုယ်တိုင်လည်း ဘာယုံကြည်ချက်မှမရှိဘူး။ တဇွတ်ထိုး မိုက်ရူး ရဲဆန်ဆန် အရိုင်းစိုင်းဆန်ဆန်လုပ်နေတာ ဘယ်နေရာမှ အောင်မြင်နိုင်စရာမရှိဘူးဆိုတာ သေချာပြောနိုင်ပါ တယ်။

သံလွင်တိုင်းမ် –  ကော်သူးလေနယ်မြေမှာ ၉ လအတွင်း KNLA KNDO နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲ ပေါင်း (၃၅၇၀)ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က (၃၈၆၅)ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ၉ လအတွင်းမှာ စစ်ကောင်စီဘက်က ထောင်ချီအထိ ထိခိုက်သေဆုံးမှုများပြားတာ ဘယ်လိုအ ချက်တွေကြောင့်လို့ ထင်ပါသလဲ။

ပဒိုစောတောနီး – ၉လအတွင်းမှာ ဒီလောက်တောင် သေပုံမျိုးနဲ့ဆို သူဆက်ပြီးတော့  ရှေ့ဆက်မသွားနိုင်တော့ ဘူးဆိုတာကတော့ မကြာခင်တွေ့ရပါလိမ့်မယ်။ ဒါကလည်း ဒါအမှန်တရားပဲ။ လက်ရှိသူတို့ မြေပြင်တပ်တွေရဲ့ အနေအထားကလည်း စိတ်ဓာတ်ယိုယွင်းပျက်ပြားပြီးတော့ တိုက်ပွဲဖြစ်လိုက်ပြီဆိုရင် လေယာဉ်ပျံမပါလို့ မရ တော့တဲ့အနေအထား ရောက်နေပြီလေ။ လေယာဉ်ပျံဆိုတာလည်း နေရာတိုင်းမှာ မရောက်နိုင်ဘူးလေ။

ဒီလောက်တောင် ကျယ်ပြန့်တဲ့ တိုက်ပွဲတွေနေရာတကာမှာ ဟိုးအရှေ့တောင်မြောက်မှာ ဖြစ်နေတဲ့ကိစ္စကို လေယာဉ်ပျံမသွားလို့ရဘူး။ မရောက်ဘူးဆိုတာ သက်သေပြနေတာပဲ။ သူတို့စစ်မြေပြင်မှာ အသေနှုန်းတွေက အရမ်းကို မြင့်တက်လာတယ်ဆိုတာ ဒါအမှန်တရားပဲလေ။ ဒီထက်ပိုဆိုးလာပါလိမ့်မယ်။ဒါပဲ ရှိတော့တယ်။

သံလွင်တိုင်းမ် – လက်ရှိ KNU နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ အနေအထားကရော လက်ရှိမှာ ဘယ်လိုရှိနေ လဲ၊ စစ်ကောင်စီဘက်က နယ်မြေစိုးမိုးနိုင်မှု လျော့နည်းလာတယ်လို့ ပြောနေကြတာရှိပါတယ်။ ဒီအပေါ်မှာရော KNU အနေနဲ့ သဘောထားမှတ်ချက် ပေးချင်တာရှိလဲ။

ပဒိုစောတောနီး – စစ်မြေပြင်မှာ စစ်ကောင်စီတပ်တွေရဲ့ မြေပြင်အနေ အထားမှာကြုံတွေ့ နေရတဲ့ အနေအ ထားတစ်ခုနဲ့ဆက်စပ်နေတာပဲလေ တိုက်ပွဲတိုင်းမှာအသေအပျောက်တွေကျရှုံးမှုတွေ ဒီလောက်တောင် များနေပြီဆိုရင် သူ့နယ်မြေဆုံးရှုံး မှုကလည်း လိုက်ပါလာတာပဲလေ။ အဲ့ဒါကတော့ အလကားပြောနေတာ မဟုတ်ဘူး။နယ်မြေဆုံးရှုံးမှုက စစ်အာဏာသိမ်းပြီးတည်းက ဖြစ်လာတာ။ စစ်မြေပြင်နဲ့ စစ်မျက်နှာ အသီးသီးမှာ ရင်ဆိုင်နေရတဲ့ မလုံမလောက်တဲ့ တပ်တွေရဲ့အနေအထားနဲ့ သူတို့တပ်တွေကလည်းစိတ်ဓာတ်ယိုယွင်းတာ တင် မကဘူး။ လူတွေကလည်း လဲခွင့်မရှိဘူး။တပ်သားသစ်ကလည်း ရှာမရဘူး။ အခုလိုအခြေအနေမျိုးက

နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ပြသာနာက ဘာလဲဆို စိတ်ဓာတ်ယိုယွင်းပြီး တိုက်ပွဲမှာမဆင်နွှဲတာ နယ်မြေ ဆုံးရှုံးတာတွေ ပိုများသထက်များလာတာပဲ ။ ဒါကတော့ အသေအချာလိုက်လာတဲ့ အကြောင်းရင်းတရား ဖြစ်တယ်။ အဲဒါကလည်း အလကားလျှောက်ပြီးတင်ပြတာ မဟုတ်ဘူး။ အဖြစ်မှန်တွေ ဖြစ်ပါတယ်။ နယ်မြေဒေ သအသီးသီးမှာ နယ်မြေဆုံးရှုံးမှုတွေဖြစ်လာတယ်ဆိုတာ ဆက်ပြီးတော့ဆုံးရှုံးဦးမှာပါပဲ။

သံလွင်တိုင်းမ် – လက်ရှိ KNU နယ်မြေမှာ တိုက်ပွဲတွေငြိမ်သက်နေတယ်လို့ ထင်ရပါတယ်။ ဟုတ်ပါသလား။ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲလာ။ စစ်ကောင်စီဘက်က ထိုးစစ်ဆင်မှုတွေ ရပ်တန့်နေထားလို့လား။ ဘယ်လိုကြောင့် စစ်ရေးအခြေအနေတွေ ငြိမ်သက်သွားရတာလဲ။

ပဒိုစောတောနီး – ဒီကရင်ဒေသမှာ အထူးသဖြင့် KNUရဲ့ အုပ်ချုပ်နယ်မြေမှာတော့ တိုက်ပွဲတွေ အရင်တုန်းက လောက် မဆူညံတာကတော့ နည်းနည်းတော့သတိထားမိလာတာပဲ။ ဒါပေမယ့် လုံးဝငြိမ်သွားတာ မဟုတ်ဘူး။ တစ်ခုပဲရှိတာ သူတို့ကအရင်တုန်းကလို ထိုးစစ်တွေ မဆင်နွှဲနိုင်တော့ဘူး။ သူတို့သွားချင်တဲ့နေရာတွေကို မသွားနိုင်တော့ဘူး။ တပ်တွေကလည်း တပ်စခန်းထဲမှာ တပ်စခန်းထဲကနေဟိုသွားဒီသွားလည်း မလုပ်နိုင်တော့ ဘူး။ ငြိမ်ငြိမ်ပဲနေရတဲ့ အနေအထားမှာပဲ ရှိတော့တယ်။ သူတို့ရိက္ခာပို့ရမှာတောင် ကုန်းကြောင်းနဲ့ မြေပြင်မှာ ပို့လို့မရတော့ဘူး လေယာဉ်နဲ့ပဲ အားကိုးနေရတဲ့ အနေအထားရောက်လာတယ်လေ။ တိုက်ပွဲတွေဖြစ်မယ်ဆိုရင် ကျေးလက်ဒေသစခန်းတွေမှာ မဖြစ်တော့ပဲ ဟိုးလမ်းမကြီးတွေပေါ်မှာပဲ တိုက်ပွဲတွေပြန်ဖြစ်တော့တယ်ဆိုတာ အထင်အရှားဖြစ်လာပြီ။ ဆိုလိုတာက သူတို့ဘယ်လိုမှအရင်တုန်းကလို မလှုပ်ရှားနိုင်တော့ဘူးဆိုတာ ပြောတာပါ။

အဲလို အခြေအနေမျိုးမှာ သူတို့ဘက်က ကျဆင်းလာတဲ့ အခြေအနေမျိုးက တဖြည်းဖြည်းနဲ့ ပိုများလာတယ်။ ကျွန်တော်တို့ တပ်ဖွဲ့တွေရဲ့အနေအထားကလည်း တဖြည်းဖြည်းနဲ့အထဲကို ဝင်ဆန့်လာတယ်ဆိုတာ မျက်မြင် သက်သေပဲလေ။ အလကားပြောနေတာ မဟုတ်ဘူး။အဲဒါကြောင့်မို့ ကျွန်တော်တို့ဆင်နွှဲနေတဲ တိုက်ပွဲက တဖြည်းဖြည်းတရွေ့ရွေ့နဲ့သွားနေတယ်ဆိုတာ ပြည်သူလူထုကို အသိပေးချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.