အစ္စရေးရဲ့ ဗုံးကြဲမှုကို ကပ်ဘေးအသစ်လို့ ပါလက်စတိုင်းတွေ ပြော
ဂါဇာ၊ အောက်တိုဘာ (၁၂) အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ ပြင်းထန်လွန်းတာကြောင့် ဂါဇာရှိ ပါလက်စတိုင်းသားတွေ က သူတို့ နယ်မြေသိမ်းပိုက်ခံရခဲ့တဲ့ ၁၉၄၈ ခုနှစ်စစ်ပွဲကို ရည်ညွှန်းတဲ့ အာရပ်စကားလုံး “နက်ခ်ဘာ” လို့ခေါ်တဲ့ ကပ်ဘေးအချိန်လို ခံစားနေကြရတယ်လို့ ပြောနေကြပါတယ်။ ပါလက်စတိုင်းတို့နဲ့ ၇၅ နှစ်ကြာ ပဋိပက္ခအတွင်း အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို အောက်တိုဘာ ၁၀…