ဂါဇာ၊ အောက်တိုဘာ (၁၁) 

အစ္စရေးကမကြုံစဖူး အရန်တပ်သား သုံးသိန်းကိုခေါ်ယူပြီး ဂါဇာကမ်းမြောင်ဒေသမှာ ပိတ်ဆို့မှု တွေပြုလုပ်ကာ မြေပြင်ချေမှုန်းရေး အစီအစဉ်ပြုလုပ်တော့မှာဖြစ်တာကြောင့် တိုက်ခိုက်မှုဆက် လုပ်နေရင် ဖမ်းထားတဲ့သုံ့ပန်းတွေကို သတ်ပစ်မယ်လို့ ဟားမတ်စ်အဖွဲ့က ခြိမ်းခြောက်ခဲ့ပါတယ်။

 အစ္စရေးအနေနဲ့ ပါလက်စတိုင်းနေအိမ်ကို သတိပေးချက်မပေးဘဲ ဗုံးကြဲတဲ့အခါတိုင်း ဖမ်းဆီး ထားတဲ့ သုံ့ပန်းတွေကို သတ်ပစ်မယ်လို့ အစ္စလာမ္မစ်လက်နက်ကိုင်အဖွဲ့ဟားမတ်စ်က ပြောဆိုထား တာပါ။ 

လက်ရှိအချိန်မှာ နှစ်ဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၅၀၀ ကျော်အသက်ဆုံးရှုံးနေရပြီး အစ္စရေးနိုင်ငံကို နိုင်ငံတကာက ထောက်ခံကြောင်း ကြေညာခဲ့ပါတယ်။ 

တိုက်ပွဲတွေအဆုံးသတ်ဖို့နဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့လည်း တောင်းဆိုခဲ့ကြတာပါ။ အစ္စရေးရုပ်သံလိုင်းတွေမှာ ဟားမတ်စ်တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေမှာ ၉၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး အနည်းဆုံး ၂၆၀၀ ကျော် ဒဏ်ရာရရှိကာ ဒါဇင်ပေါင်းများစွာ ဖမ်းဆီးခံထား ရတယ်လို့ ဖော်ပြနေပါတယ်။ 

အစ္စရေးရဲ့ သေဆုံးသူတွေထဲမှာ ဂီတပွဲတော်တစ်ခုမှ လူငယ် ၂၆၀ နီးပါး ပါဝင်ခဲ့ပြီးသူတို့တွေ ဟာ သေနတ် နဲ့ပစ်သတ်ခံရသူတွေနဲ့ တချို့ကိုလည်းဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား သူတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ 

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမင်နေသင်ယာဟုက အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟားမတ်စ်အဖွဲ့က ကလေးငယ်တွေကို ကွပ်မျက်တာနဲ့ အခြားရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်တယ်လို့ စွပ်စွဲထားကာ လက်စားချေမယ်လို့ ကတိပြုခဲ့ပါတယ်။ 

ဂါဇာကမ်းမြောင်ဒေသမှာ ပြီးခဲ့တဲ့ စနေနေ့ကတည်းက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အနည်းဆုံး ပါလက်စတိုင်း ၇၀၀ နီးပါးသေဆုံးပြီး ၃၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ စနေနေ့မနက်က အံ့အားသင့်ဖွယ်တိုက်ခိုက်မှုအပြီးမှာ ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဒါဇင်ပေါင်းများ စွာထဲက အစ္စရေးတွေကို သတ်ပစ်မယ်လို့ ပြောရေးဆိုခွင့်ရှိသူက ခြိမ်းခြောက် လိုက်ပြီး အစ္စရေးက အရပ်သား အိမ်တစ်လုံးကို ဗုံးခွဲမှုတိုင်းအတွက် အစ္စရေးသုံ့ပန်းတစ်ဦးကို ကွပ်မျက်မယ်လို့ဆိုကာ ကွပ်မျက်မှုကို ထုတ်လွှင့်သွားမယ်လို့ ဆိုခဲ့တာပါ။ 

အဲဒီခြိမ်းခြောက်မှုအပေါ် အစ္စရေးစစ်တပ်က ချက်ခြင်းတုံ့ပြန်မှုမရှိခဲ့ဘဲ ကျူးကျော်တိုက်ခိုက်မှု အတွင်း လူပေါင်း ၁၀၀ ကျော်ကို ဟားမတ်စ်တို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ 

Ref: DDNews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.