ရုရှားကို မြောက်ကိုရီးယား လက်နက်ထောက်ပံ့နေပြီလို့ သုံးသပ်မှုတွေ ရှိနေ
ဆိုးလ်၊ အောက်တိုဘာ (၁၀) မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ နယ်စပ်တလျှောက် မီးရထားလမ်းပိုင်းအသုံးပြုမှု အခုသီတင်း ပတ်ကာလအတွင်း အမြင့်ဆုံးရောက်ရှိလာတာဟာ ပြုံယမ်းမှ မော်စကိုသို့ လက်နက်တွေထောက် ပံ့မှု ဖြစ်နိုင်တယ်လို့ Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဂြိုဟ်တုဓာတ်ပုံတွေအရ မြောက်ကိုရီးယားနယ်စပ်မြို့ ရာဆွန်ရှိ တွန်မန်ဂန်ရထားဘူတာမှာ မကြုံစဖူး ကုန်စည်တင်ရထားတွဲ ၇၃ စီးရှိနေတာကို ဖော်ပြခဲ့တယ်လို့ ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့…