October 8, 2023

ကော့ကရိတ်မှာ ဒရုန်းဗုံးကျလို့ ကလေးတစ်ဦးအပါအဝင် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

ကော့ကရိတ်၊ အောက်တိုဘာ(၈) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း အနီးအနားရှိ လမ်းသွားလမ်းလာပြည်သူတွေဖြစ်ကြတဲ့ ကလေးတစ်ဦးအပါအဝင် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက် ညနေ ၄ နာရီအချိန်ခန့်က ကော့ကရိတ်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ဓမ္မရာမဘုန်းကြီးကျောင်းမှာ…

ရေးမြို့နယ်မှာ အမျိုးသမီးတွေ ပစ်မှတ်ထားလုယက်ခံနေရ

ရေး၊ အောက်တိုဘာ(၈) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အခုနောက်ပိုင်းကာလတွေအတွင်း အမျိုးသမီးတွေ ပစ်မှတ်ထားလုယက်ခံရမှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က ရေးမြို့နယ်၊ ကွင်းရှည်နဲ့ကျောက်မိချောင်းကျေးရွာကြားမှာ ဆိုင်ကယ်မောင်းနှင်းလာတဲ့ လိပ်ပုတ်ကျေးရွာနေ ဒေါ်မိငယ်ကို အမျိုးသား ၃ ဦးက ဆိုင်ကယ်ရပ်ခိုင်းပြီး သေနတ်နဲ့ ပြခြိမ်းခြောက်ကာ ငွေကျပ် ၁၀ သိန်း…

နိုင်ငံတဝန်းမှာ လျှပ်စစ်မီးပြတ်တောက်မှု အဆိုးရွားဆုံး ကြုံတွေ့လာရ

မော်လမြိုင်၊ အောက်တိုဘာ(၈) စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံတဝန်းရှိ မြို့နယ်အများစုမှာ လျှပ်စစ်မီး ပြတ်တောက်မှု အဆိုးရွားဆုံး အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လျှပ်စစ်မီး ရရှိမှုဟာ အခုနောက်ပိုင်းကာလအတွင်း မြို့ပေါ်ရပ်ကွက်တွေမှာ တစ်ရက်ကို အချိန် ၈ နာရီဝန်းကျင်လောက်သာ ရရှိတော့သလို နယ်တွေမှာတော့ တစ်ရက်ကို ၃ နာရီ ဝန်းကျင်သာ ရရှိတော့တဲ့…

မိုးကျရွှေကိုယ်တွေ အရပ်ဘက်အသွင်ပြောင်းနေရာယူမှု ပိုများလာ

နေပြည်တော်၊ အောက်တိုဘာ(၈) စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာအတွင်း စစ်တပ်ဘက်က အရာရှိတွေဟာ အရပ်ဘက်ဌာနဆိုင်ရာအကြီးအကဲနေရာတွေထံ ပြောင်းရွှေ့တာဝန်ယူမှု ပိုများလာတယ်လို့ နိုင်ငံရေးအကဲခတ်တွေနဲ့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။ အရပ်သားဝန်ထမ်းတွေက မိုးကျရွှေကိုယ်လို့ ခေါ်ဆိုကြတဲ့ စစ်တပ်ဘက်က အရာရှိတွေဟာ အာဏာသိမ်းကာအတွင်း အရပ်ဘက်ဌာနတွေထံ အသွင်းပြောင်းနေရာယူမှု တစထက်တစမြင့်တက်လာတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာနှောင်းပိုင်းမှာထုတ်ပြန်တဲ့ မြန်မာနိုင်ငံပြန်တမ်းပါ ဖော်ပြချက်အရ စစ်တပ်က ဗိုလ်ကြီးအဆင့်ရှိ အရာရှိ ၁၀ ဦးကို…

ထားဝယ်အရှေ့တော တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိနေ

ထားဝယ်၊ အောက်တိုဘာ(၈) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး နေ့စဉ်ရက် ဆက်တိုက်ပွဲတွေ ဖြစ်ပွားနေသလို တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ ရှိနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကစပြီး တပ်အင်အား ၁၀၀ နီးပါး ပါတဲ့ စစ်ကောင်စီတပ်ကနေ ထားဝယ်အရှေ့တောဒေသထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ရေဝိုင်းနဲ့ပခက်အင်းကျေးရွာတို့မှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားလာတာပါ။ အောက်တိုဘာ ၁…

သထုံမှာ အမျိုးသား ၂ ဦး ဆိုင်ကယ်မစီးဖို့ ဒေသန္တရအမိန့်ထုတ်

သထုံ၊ အောက်တိုဘာ(၈) မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းမှာ အောက်တိုဘာ ၆ ရက်နေ့ကစပြီး အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးဖို့ စစ်ကောင်စီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကနေ ဒေသန္တရအမိန့်ထုတ်ပြန်ထားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ ၃ ရက်နေ့မှာ သထုံမြို့နယ် ကြာပန်းကျေးရွာ အငြိမ်းစားစစ်ဗိုလ်ကြီးတစ်ဦးကို သထုံမြို့နယ်ကာကွယ်ရေးအင်အားစုတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်နဲ့လာရောက်ပြီး နေအိမ်မှာသေနတ်နဲ့ ပစ်သတ်သွားပြီးနောက် ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်လာတာ ဖြစ်ပါတယ်။ အဲဒီဒေသန္တရအမိန့်အရ…