ဘန်ကောက်၊ အောက်တိုဘာ (၇) 

ထိုင်းနိုင်ငံရဲ့ အတိုက်ခံပါတီ Move Forward ဟာ ပြည်တွင်းစည်းလုံးညီညွတ်မှုကို ပြန်လည်ရရှိဖို့ မျှော်လင့် ချက်နဲ့ နိုင်ငံရေးဆန္ဒပြသူတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ဥပဒေကြမ်းကို အောက်တိုဘာ ၅ ရက် နေ့မှာ အဆိုတင်သွင်းခဲ့ပါတယ်။ 

အဲဒီဥပဒေကြမ်းဟာ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှစပြီး ပြည်သူ့ဒီမိုကရေစီမဟာမိတ် အဖွဲ့မှ ဝန်ကြီးချုပ် သက်ဆင်ရှင်နာ ဝပ်ထရာရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တရားစွဲဆိုခံထားရတဲ့ နိုင်ငံရေး ဆန္ဒပြသူ တွေအားလုံးကို လွတ်ငြိမ်းခွင့်ပေးဖို့ ရေးသားခဲ့တာလို့ ပါတီခေါင်းဆောင် ချိုင်တဝက် တူလာတွန်က ပြောကြားခဲ့ပါတယ်။ 

အဆိုပြုထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေဟာ နိုင်ငံရေးလှုံ့ဆော်မှုတွေကြောင့် ဥပဒေအမျိုး မျိုးဖြင့် ပြစ်ဒဏ် ကျခံနေရတဲ့ ထောင်ပေါင်းများစွာသော နိုင်ငံရေးဆန္ဒပြသူတွေအားလုံး အကျုံးဝင်မှာဖြစ်တယ်လို့ မစ္စတာ ချိုင်တဝက်က ဆိုပါတယ်။ 

“နိုင်ငံရေးအရ ယုံကြည်ချက်ကို ထုတ်ဖော်ပြောဆိုသူတွေဟာ တရားစွဲခံရမှုကနေ လွတ်မြောက် သွားရင် ထိုင်းလူ့အဖွဲ့အစည်းဟာ ငြိမ်းချမ်းရေး၊ ပျော်ရွှင်မှုနဲ့ စည်းလုံးညီညွတ်မှုကို ပြန်လည်ရ ရှိနိုင်မယ်လို့ Move Forward ပါတီက ယုံကြည်ပါတယ်”လို့ သူက ဆိုခဲ့ပါတယ်။ 

လွတ်ငြိမ်းချမ်းသာခွင့်အတွက် အရည်အချင်းပြည့်မီတဲ့ ပြစ်မှုတွေကို ဖော်ထုတ်ဖို့အတွက် ပါလီမန်ဥက္ကဋ္ဌ ဝမ်မိုဟာမက် နူးရ်မာသအနေနဲ့ ကော်မတီဖွဲ့ပြီးစစ်ဆေးပေးဖို့ အတိုက်အခံ ပါတီက အဆိုပြုခဲ့ပါတယ်။ 

“အမှုအခင်းတွေ အများကြီးရှိတာနဲ့ အချိန်ကာလအားဖြင့် ကျယ်ပြန့်တာကြောင့် ကျူးလွန် တဲ့ပြစ်မှုကိုတော့ ကျွန်တော်တို့ မပြဌာန်းထားပါဘူး” လို့ မစ္စတာ ချိုင်တဝတ်က ပြောပါတယ်။ 

ဒါပေမယ့်လည်း အဲဒီဥပဒေမူကြမ်းက ဆူပူသောင်းကျန်းမှု၊ အသက်အန္တရာယ်ဖြစ်စေမှု ဒါမှ မဟုတ်လုံခြုံရေး ဖြိုခွင်းမှုတွေမှာ အာဏာအလွဲသုံးစားလုပ်သူတွေကိုတော့ ထောက်ထား ညှာတာသွားမှာမဟုတ်ကြောင်း၊ နိုင်ငံရေးပါတီတွေကသာ ပူးပေါင်းလုပ်ဆောင်ပါက ဥပဒေကြမ်းကို အတည်ပြုနိုင်မယ်လို့ သူက ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ၂၀၀၆ ခုနှစ်မှစပြီး နိုင်ငံရေးဆန္ဒပြမှုတွေနဲ့ ပတ်သက်တဲ့ ပြစ်မှုတွေနဲ့ လူပေါင်း ၄၄၀၀ ကျော်ကို စွဲချက်တင်ခံခဲ့ရကြောင်း ရိုက်တာသတင်းဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများကောင်စီရဲ့အဆိုအရ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း နိုင်ငံရေးဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီး ထိုင်းနိုင်ငံမှာ လူပေါင်း ၁၉၂၈ ဦး တရားစွဲဆိုခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.