October 6, 2023

နိုင်ငံရေးဆန္ဒပြမှု လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကြမ်း ထိုင်းအတိုက်ခံပါတီ တင်သွင်း

ဘန်ကောက်၊ အောက်တိုဘာ (၇) ထိုင်းနိုင်ငံရဲ့ အတိုက်ခံပါတီ Move Forward ဟာ ပြည်တွင်းစည်းလုံးညီညွတ်မှုကို ပြန်လည်ရရှိဖို့ မျှော်လင့် ချက်နဲ့ နိုင်ငံရေးဆန္ဒပြသူတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ဥပဒေကြမ်းကို အောက်တိုဘာ ၅ ရက် နေ့မှာ အဆိုတင်သွင်းခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းဟာ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှစပြီး ပြည်သူ့ဒီမိုကရေစီမဟာမိတ် အဖွဲ့မှ ဝန်ကြီးချုပ် သက်ဆင်ရှင်နာ…

ယူကရိန်းဈာပနပွဲတစ်ခုကို ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၅၀ ကျော် သေဆုံး

ကိဗ်၊ အောက်တိုဘာ (၇) ယူကရိန်းအရှေ့တောင်ပိုင်း ခါကိဗ်ဒေသ ဟရိုဇာကျေးရွာကို ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှု ကြောင့် အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လူပေါင်း ၅၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ယူကရိန်းအစိုးရက ပြောကြားလိုက်ပါတယ်။ ရုရှားတပ်တွေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစ်လုံးထိမှန်ပြီး သေဆုံးသွားတဲ့ ရွာသားတစ်ဦးရဲ့ ဈာပန အခမ်းအနား ကျင်းပရာနေရာကို ရုရှားက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါ တယ်။…

တရုတ်ဟွာဝေးကိုကူညီနေတဲ့ ထိုင်ဝမ်အခြေစိုက် ကုမ္ပဏီလေးခု စစ်ဆေးခံနေရ

တိုင်ပေ၊ အောက်တိုဘာ(၇) ထိုင်ဝမ်အစိုးရဟာ တရုတ်ရဲ့ Huawei ကုမ္ပဏီနဲ့ ဆက်စပ်မှုရှိတဲ့ ကုမ္ပဏီ ၄ ခုကို စတင်စစ်ဆေး မှုတွေ လုပ်ဆောင်နေပြီး နည်းပညာကဏ္ဍတွေမှာ ပိုမိုတင်းကျပ်တဲ့ ဥပဒေတွေကို ချမှတ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ထိုင်ဝမ် စီးပွားရေးဝန်ကြီးဌာနဟာ တရုတ်နိုင်ငံရဲ့ ကုမ္ပဏီတွေဖြစ်တဲ့ အဲဒီလုပ်ငန်းစု ၄ ခုရဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေဟာ အစိုးရထံမှရရှိထားတဲ့ ကနဦးရင်းနှီးမြုပ်နှံမှုခွင့်ပြုချက်နဲ့…

တော်လှန်ရေးအင်အားစုတွေရဲ့ ပြည်သူအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့ လိုတယ် လို့ NUG ဝန်ကြီးချုပ်ပြော

မော်လမြိုင် – အောက်တိုဘာ(၆) တော်လှန်ရေးအင်အားစုတွေရဲ့ ပြည်သူအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ် ထိန်းသိမ်း အရေးယူနိုင်ဖို့ လိုအပ်တဲ့ အဖွဲ့တွေ ဖွဲ့စည်းဖို့နဲ့ သင်တန်းပို့ချနိုင်မှု လုပ်ငန်းစဉ်တွေ အားကောင်းကောင်းဆောင်ရွက်ဖို့လိုတယ်လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ပွီးခဲ့တဲ့ အောကျတိုဘာလ(၅) ရကျနေ့ မနကျပိုငျးက အမြိုးသားညီညှတျရေးအစျိုးရ ကွားကာလ ဒသေန်တရ ပွညျသူ့အုပျခြုပျရေးဖောျဆောငျမှု ဗဟိုကောျမတီအစညျးအဝေး အမှတျစဉျ(၄၀/၂၀၂၃) မှာ…

တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ) တာဝန်ခံကိုစတားနဲ့ ဆက်သွယ်မေးမြန်းချက်

“သူတို့(စကစ) စစ်ကြောင်းထိုးလာရင် PDF အယောင်ဆောင်ပြီး ယူနီဖောင်းတွေဘာတွေနဲ့ ပုံမှားရိုက်ပြီးလာ တာကိုလည်း တွေ့လာရတာပေါ့။ သူတို့ဘက်က အရင်ကထက်စာရင် စစ်ဆင်ရေးလုပ်တာတွေ အပြောင်းအလဲ ဖြစ်လာတယ်။ ပြောက်ကျားပုံစံပိုပြီး ဖမ်းလာတာ တွေ့ရတယ်” တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့စက်တင်ဘာနောက်ဆုံးအပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်ပွားလာသလို နှစ်ဖက်ထိခိုက်ကျဆုံးတာတွေလည်း ပိုမိုများလာတာပါ။ တိုက်ပွဲတွေအတွင်း PDF စခန်းတချို့ သိမ်းဆည်းခံရတာတွေရှိသလို စစ်ကောင်စီတပ်ကလည်း စစ်ရေးဗျူဟာ ပြောင်းလဲတိုက်ခိုက်တာတွေ…

မြဝတီမြို့ပေါ်မှာ လင်မယား၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရ

မြဝတီ၊ အောက်တိုဘာ(၆) ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်အတွင်းရှိ နေအိမ် တစ်လုံးအတွင်း အောက်တိုဘာ ၄ ရက်နေ့ညပိုင်းက လင်မယား ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ ည ၁၁ နာရီအချိန်လောက်မှာ ပန်းခြံလမ်းနေ အသက် ၃၄ နှစ်အရွယ် ကိုသန်းထိုက်အောင်နဲ့…

စစ်အာဏာသိမ်း (၉၇၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၄၁) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ(၆) AAPP ရဲ့ အောက်တိုဘာ(၅)နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၇၆)ရက်အတွင်း ပြည်သူ (၄၁၄၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၂၄၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၅၈၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

မြန်မာနိုင်ငံဟာ ကမ္ဘာမှာအင်တာနက်လွတ်လပ်ခွင့် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်လာ

နေပြည်တော်၊ အောက်တိုဘာ(၆) မြန်မာနိုင်ငံဟာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း ကမ္ဘာပေါ်ရှိ နိုင်ငံတွေထဲ အင်တာနက်လွတ်လပ်ခွင့် ညွှန်းကိန်းအရ ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်လာတယ်လို့ အမေရိကန်အခြေစိုက်အဖွဲ့တစ်ခုဖြစ်တဲ့ Freedom House ရဲ့ ထုတ်ပြန်ချက် အစီရင်ခံစာအရ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ စစ်တပ်အာဏာသိမ်းမသိမ်းခင် အင်တာနက်လွတ်လပ် ခွင့် အညွှန်းကိန်းအနေနဲ့ အဆင့် ၃၁ ရှိခဲ့ရာမှ အာဏာသိမ်းပြီးနောက် အင်တာနက်လွတ်လပ်ခွင့်တွေ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။…