ဘန်ကောက် – အောက်တိုဘာ(၅)

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကလေးငယ်တွေအတွက် ရန်ပုံငွေ ရှာဖွေရေး ဂီတဖျော်ဖြေပွဲကျင်းပသွားဖို့ရှိတယ်လို့ Spring Revolution Show Bangkok ရဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

လာမယ့်အောက်တိုဘာလ(၂၉) ရက်နေ့ ညနေပိုင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ရန်ပုံငွေတွေကို ပြည်တွင်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကလေးသူငယ်တွေအတွက် အဓိကထားသုံးစွဲသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

ဂီတဖျော်ဖြေပွဲလက်မှတ်တစ်စောင်ကို ဘတ်ငွေ(၄၀၀) နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး ဘန်ကောက်မြို့အနီးက ဖက်ဖဒဲစျေး၊ဖက်ဖဒဲ- RK ကွင်းမှာ ကျင်းပသွားမှာပါ။

ပြည်ပရောက်တော်လှန်ရေး အင်အားစုတွေအနေနဲ့ ဂီတဖျော်ဖြေပွဲကို လာရောက်ကြဖို့လည်း Spring Revolution Show Bangkok တာဝန်ရှိသူတစ်ဦးက ဖိတ်ခေါ်ထားပါတယ်။

ရန်ပုံငွေရှာဖွေရေး ဂီတဖျော်ဖြေပွဲမှာ ဟား ၅ကောင်၊ နိုဗန်ထူး၊ မူးလာ၊ တိုးကြီးနဲ့ John Derek တို့အပြင် တခြားအနုပညာရှင်တွေလည်း ပါဝင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Spring Revolution Show Bangkok

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.