နယူးဒေလီ၊ အောက်တိုဘာလ(၆) 

အိန္ဒိယအာဏာပိုင်တွေဟာ Norris Medicines ကထုတ်လုပ်တဲ့ ချောင်းဆိုးပျောက်ဆေးနဲ့ အလာဂျီ ပျောက် ဆေးတွေဟာ အဆိပ်သင့်စေတယ်လို့ ထုတ်ပြန်ထားပြီး ကမ္ဘာတဝှမ်းလုံး မှာရှိတဲ့ ကလေး ၁၄၁ ဦး သေဆုံးမှုဟာ အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးတွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ 

အိန္ဒိယထုတ်ချောင်းဆိုးပျောက်ဆေးတွေမှာ အသုံးပြုထားတဲ့ Diethylene glycol (DEG) ဒါမှ မဟုတ် Ethylene glycol (EG) ဟာအဆိပ်သင့်စေတဲ့ ပါဝင်ပစ္စည်းတွေဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းကစလို့ ဂမ်ဘီယာ၊ ဥ ဘက်ဇ်ကစ်စတန်နဲ့ ကင်မရွန်တို့မှာ အဲဒီချောင်းဆိုးပျောက် ဆေးတွေကြောင့် အသက်သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ ရတာပါ။ 

ဂူဂျာရတ်ပြည်နယ် အစားအသောက်နဲ့ ဆေးဝါးထိန်းချုပ်ရေး ကော်မရှင်နာ ဒေါက်တာ ဟဲမန့်ဂေါ်ဟန်ဘိုင် ကို ရှီယာ (Hemant Gordhanbhai Koshia) က ရိုက်တာသတင်းဌာနကို ပြောကြားချက်အရ Norris စက်ရုံကို လွန်ခဲ့တဲ့လအတွင်းက စစ်ဆေးနေပြီး ထုတ်လုပ်မှုကို အဆုံးသတ်ဖို့ အမိန့်ပေးထားတယ်လို့ သိရပါတယ်။ 

“ကုမ္ပဏီအနေနဲ့ ထုတ်လုပ်တဲ့ လက်တွေ့လုပ်ငန်းတွေမှာ လိုက်နာရမယ့် အတိုင်းအ တာတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ပါတယ်။ လေထုထိန်းတဲ့နေရာတွေက သတ်မှတ်ချက်အတိုင်း မရှိဘူး။ အ များပြည်သူရဲ့ ကျန်းမာ ရေးကို ကြည့်ပြီးတော့ သူတို့ထုပ်လုပ်ရေးတွေကို ရပ်ပေးလိုက်တာဖြစ်ပါ တယ်” လို့ ဒေါက်တာကိုရှီယာ က ပြောကြားခဲ့ပါတယ်။ 

အဆိပ်သင့်စေတဲ့ ချောင်းဆိုပျောက်ဆေးကို ထုတ်လုပ်ခဲ့တဲ့ Norris ကုမ္ပဏီကတော့ ရိုက်တာသတင်းဌာနရဲ့ အီးမေးလ်ကို တုံ့ပြန်ခြင်းမရှိသလို ကုမ္ပဏီ ရုံးဖုန်းတွေကိုလည်း ဆက်သွယ်လို့မရဘူးလို့ မူရင်းသတင်းတွေ မှာ ဖော်ပြထားပါတယ်။ 

ချောင်းဆိုပျောက်ဆေးထုတ်လုပ်ရာမှာ နိုင်ငံတကာက လက်ခံထားတဲ့ Diethylene glycol (DEG) ဒါမှမဟုတ် Ethylene glycol (EG) ပမာဏဟာ ဝ.၁၀ ရာခိုင်နှုန်းအောက်သာ ရှိတယ်လို့ ကမ္ဘာ့ရေးကျန်းမာရေးအဖွဲ့က ပြောကြားထားပါတယ်။ 

အန္တရာယ်ဖြစ်စေနိုင်တဲ့ Norris ဆေးဝါးတွေကို ရောင်းချခွင့် ရုတ်သိမ်းခြင်း ရှိမရှိကို ရှင်းရှင်း လင်းလင်း မသိရ သေးပေမယ့်လည်း အဲဒီဆေးဝါနှစ်မျိုးစလုံးကို အွန်လိုင်းပေါ်မှာ ရောင်းချ နေဆဲဖြစ်တယ်လို့ ရိုက်တာသတင်း ဌာနက ဖော်ပြထားပါတယ်။ 

အခုလိုအဆိပ်သင့်ဆေးဝါးတွေ ထပ်မံသိမ်းဆည်းရမိချိန်ဟာ အိန္ဒိယအစိုးရအနေဖြင့် ဆေးဝါးအရည်အသွေးနဲ့ လူနာဘေးကင်းရေးကို အလေးပေးဆောင်ရွက်ဖို့ နိုင်ငံတစ်ဝှမ်းရှိ ဆေးထုတ်လုပ်သူတွေနဲ့ အလုပ်ရုံဆွေးနွေး ပွဲတွေကို ပြည်ပတင်ပို့ကုန်ဆေးဝါးမြှင့်တင်မှုကောင်စီ Pharmexcil မှ တဆင့် စီစဉ်ကျင်းပဖို့ ကြိုးစားနေတဲ့ ချိန်နဲ့လည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။ 

Ref – Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.