Rescue workers clear the rubble from a damaged mosque, after a suicide blast in Hangu, Pakistan September 29, 2023. REUTERS/Stringer

ကဘူး – အောက်တိုဘာ(၅) 

နိုင်ငံအတွင်း အသေခံဗုံးခွဲမှု ၂၄ ကြိမ်အနက် ၁၄ ကြိမ်မှာ အာဖဂန်လူမျိုးတွေ ပြုလုပ်ခဲ့တာ ကြောင့် အာဖဂန်နိုင်ငံသား ၂ သန်းနီးပါး အပါအဝင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအားလုံး နိုင်ငံတွင်းက ထွက်ခွာကြဖို့ ပါကစ္စတန်အစိုးရက အောက်တိုဘာ ၃ ရက်နေ့မှာ အမိန့်ထုတ်ပြန် လိုက်ပါတယ်။

ပါကစ္စတန်အာဏာပိုင်တွေက အာဖဂန်နစ္စတန်နိုင်ငံသား ၂ သန်းနီးပါးနဲ့ တရားမဝင် ရွှေ့ပြောင်း နေထိုင်သူတွေကို ထွက်ခွာဖို့ မည်သို့လုပ်ဆောင်မည်ကိုတော့ သေချာမသိရသေပါဘူး။

 “သူတို့ကို နိုဝင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား ထွက်ခွာကြဖို့ သတ်မှတ်ပေးထားပါတယ်”လို့ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအားလုံး ဟာ မိမိဆန္ဒအလျောက် ထွက်ခွာသင့်ပြီး အဲဒါမှမဟုတ်ရင် အဲ့ဒီနေ့နောက်ပိုင်းမှာ အတင်းအဓမ္မ နှင်ထုတ်တာနဲ့ ရင်ဆိုင်ရမယ်လို့ ပြောကြားထားပါတယ်။ 

ပါကစ္စတန်မှာ လာရောက်ခိုလှုံနေတဲ့ အာဖဂန်ဒုက္ခသည် ၄ ဒသမ ၄ သန်း ရှိပြီး အဲဒီထဲက ၁ ဒသမ ၇ သန်းကျော်ဟာ တရားဝင်နေထိုင်ဖို့ စာရွက်စာတမ်းတွေ မရှိဘူးလို့ ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ 

၁၉၇၉ ခုနှစ်မှာ ဆိုဗီယက်က အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်ကို ကျူးကျော်ပြီးနောက်ပိုင်း ပါကစ္စတန်ဟာ အာဖဂန် ဒုက္ခသည်တွေကို အများဆုံး လက်ခံခဲ့တာဖြစ်ပါတယ်။ 

TTP လို့ လူသိများတဲ့ ဒေသတွင်း တာလီဘန်စစ်သွေးကြွတွေနဲ့ ဆွန်နီအစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ တို့ကို အခုနှစ်နှောင်းပိုင်းမှာ ပါကစ္စတန်အစိုးရက အပစ်အခတ် ရပ်စဲရေး ရုတ်သိမ်းလိုက်ပြီး နောက် အကြမ်းဖက်မှုတွေ ထူးခြားစွာ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ 

ပါကစ္စတန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဘာသာရေး စုဝေးပွဲတွေကို ပစ်မှတ်ထားတဲ့ အသေခံဗုံးခွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅၇ ဦး သေဆုံးခဲ့ပါတယ်။ 

အဲဒီအသေခံဗုံးခွဲမှုကို TTP က ငြင်းဆိုထားပေမယ့် အသေခံဗုံးခွဲသူဟာ အာဖဂန်နိုင်ငံသားအဖြစ် ပါကစ္စတန်အစိုးရက သတ်မှတ်ထားတာ ဖြစ်ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.