ဘန်ကောက်၊ အောက်တိုဘာ(၆) 

မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ဆီယမ်ပါရာဂွန်ဈေးဝယ်စင်တာ ပစ်ခတ်မှုအတွင်း သေနတ်သမားကို လူသတ်မှုအပါအဝင် အမှု ၅ ခုနဲ့ အမှုဖွင့်တရားစွဲဆိုထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။ 

သေနတ်သမားလူငယ်ကို လူသတ်မှု၊ လူသတ်ရန် ကြိုတင်ကြံစည်တာ၊ လူသတ်ဖို့ ကြိုးပမ်းတာ၊ လိုင်စင်မရှိဘဲ သေနတ်ကိုင်ဆောင်တာ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ သေနတ်ပစ် ဖောက်တာ စတဲ့အမှုတွေနဲ့ အမှုဖွင့် အရေးယူထားတာပါ။ 

အသက်၁၄ နှစ်အရွယ် သေနတ်သမားဟာ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖော်ပြောကြားခြင်း မပြု သေးတဲ့ အဲဒီသံသယတရားခံကို ဗဟိုလူငယ်ထိန်းသိမ်းရေးစခန်းမှာ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေသလို ရဲတပ်ဖွဲ့ဘက်ကလည်း ဆက် လက်ထိန်းသိမ်းထားခွင့်ပေးဖို့ ရုံးတော်မှာ တောင်းခံထားတာပါ။ 

အရွယ်မရောက်သေးတဲ့ သံသယတရားခံ သေနတ်သမားကို လက်နက်ချလိုက်တဲ့နောက်မှာ လူမှုဝန်ထမ်း တာဝန်ရှိသူတွေ၊ စိတ်ရောဂါ အထူးကုဆရာဝန်တွေနဲ့အတူ ရဲတပ်ဖွဲ့ဟာ နာရီပေါင်းများစွာ မေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

တရားရုံးပြောရေးဆိုခွင့်ရှိသူကတော့ ဥပဒေအရ အရွယ်မရောက်သေးတဲ့ သံသယရှိသူကို ရဲတပ် ဖွဲ့က ကနဦး စစ်ဆေးမေးမြန်းဖို့အတွက် ၂၄ နာရီအကြာ ဖမ်းဆီးထားနိုင်ပြီးနောက် စိတ်ပိုင်းဆိုင် ရာ အခြေအနေ ကုသမှုနဲ့ မိဘစောင့်ရှောက်မှုတို့ကို ပြန်လည်သုံးသပ်ဖို့ သူ့ကို လူမှုဖူလုံရေး အရာ ရှိတွေရဲ့ စောင့်ရှောက်မှုအောက်မှာ ထားဖို့ ရုံးတော်က ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ 

ထိုင်းရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၇၄မှာ အသက် ၁၅ နှစ်အထိ အရွယ်မရောက်သေးသူတစ်ဦး ပြစ်မှုကျူးလွန်ပါက ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရှိပြီး မလွှတ်ပေးခင်မှာ တရားရုံးဟာ ပြစ်မှုကျူး လွန်သူလူငယ်ကို တရားဝင် သတိပေးချက်တွေ၊ အမိန့်တွေထုတ်ပြန်နိုင်ပြီး သူတို့ရဲ့ မိဘတွေကို တော့ ပြင်းထန်တဲ့ သတိပေးချက် ထုတ်နိုင်တယ်လို့ သိရပါတယ်။ 

အဲဒီဥပဒေရဲ့ဆိုလိုချက်ကတော့ ပြစ်မှုကျူးလွန်သူကို မိဘတွေက ပြန်လည်စောင့်ရှောက်နိုင် တယ်လို့ တရား ရုံးကယုံကြည်ပြီး နောက်ထပ် ၃ နှစ်အတွင်း အမှုတွေထပ်မံမကျူးလွန်ကြောင်း သေချာမယ်ဆိုရင် တရားခံကို ပြန် လွှတ်ပေးတာဖြစ်ပါတယ်။ 

အဲဒီအတောအတွင်းမှာ မိဘတွေဟာ အသက်အရွယ်မရောက်သေးတဲ့ တရားခံဖြစ်သူ သားသမီးက ပြစ်မှုကျူး လွန်နေဦးမယ်ဆိုရင်တော့ တစ်ကြိမ်လျှင် ဘတ်ငွေ ၁၀,၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်တယ်လို့လည်း သိရပါတယ်။ 

တရားရုံးရဲ့အမိန့်နဲ့ ပြစ်မှုကျူးလွန်သူကို ပညာရေးတက္ကသိုလ်၊ လေ့ကျင့်ရေးစင်တာ ဒါမှမဟုတ် စိတ်ကျန်းမာရေး စောင့် ရှောက်မှုစင်တာတစ်ခုမှာ သတ်မှတ်ကာလတစ်ခုအတွင်း ထားရှိနိုင်ပေမယ့်လည်း အဲဒီကင်းလွတ်ခွင့်ဟာ အသက် ၁၈ နှစ်အထိသာဖြစ်တယ်လို့ သိရပါတယ်။ 

Ref,Thai PBS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.