October 5, 2023

ဘန်ကောက်ပစ်ခတ်မှု သေနတ်သမားကို လူသတ်မှုအပါအဝင် အမှု ၅ ခုနဲ့ အမှုဖွင့်

ဘန်ကောက်၊ အောက်တိုဘာ(၆) မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ဆီယမ်ပါရာဂွန်ဈေးဝယ်စင်တာ ပစ်ခတ်မှုအတွင်း သေနတ်သမားကို လူသတ်မှုအပါအဝင် အမှု ၅ ခုနဲ့ အမှုဖွင့်တရားစွဲဆိုထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။ သေနတ်သမားလူငယ်ကို လူသတ်မှု၊ လူသတ်ရန် ကြိုတင်ကြံစည်တာ၊ လူသတ်ဖို့ ကြိုးပမ်းတာ၊ လိုင်စင်မရှိဘဲ သေနတ်ကိုင်ဆောင်တာ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ သေနတ်ပစ် ဖောက်တာ…

သိမ်းဆည်းရမိထားတဲ့ အီရန်လက်နက်ခဲယမ်းတွေကို ယူကရိန်းထံ အမေရိကန်ပေးပို့

သိမ်းဆည်းရမိထားတဲ့ အီရန်လက်နက်ခဲယမ်းတွေကို ယူကရိန်းထံ အမေရိကန်ပေးပို့ ဝါရှင်တန် ၊ အောက်တိုဘာ(၆) ပြီးခဲ့တဲ့နှစ်က အမေရိကန်သိမ်းဆည်းရမိခဲ့တဲ့ အီရန်လက်နက်ခဲယမ်းတွေနဲ့ ကျည်ပေါင်း တစ်သန်းကျော်ကို ယူကရိန်းသို့ ပေးပို့ခဲ့တယ်လို့ အမေရိကန်စစ်တပ်က အောက်တိုဘာ ၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ရေတပ်က ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ တိုက်ခိုက်ရေးသမားတွေ ရဲ့ လက်နက်ခဲယမ်းကျည်တွေကို ငါးဖမ်းသင်္ဘောတွေကနေ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း စစ်ရေးစစ်ဆင်ရေးတွေမှာ တာဝန်ရှိတဲ့…

အိန္ဒိယမှာ ကလေးတွေ အဆိပ်သင့်သေဆုံးနိုင်တဲ့ ချောင်းဆိုးပျောက်ဆေးတွေ ထပ်မံတွေ့ရှိ

နယူးဒေလီ၊ အောက်တိုဘာလ(၆) အိန္ဒိယအာဏာပိုင်တွေဟာ Norris Medicines ကထုတ်လုပ်တဲ့ ချောင်းဆိုးပျောက်ဆေးနဲ့ အလာဂျီ ပျောက် ဆေးတွေဟာ အဆိပ်သင့်စေတယ်လို့ ထုတ်ပြန်ထားပြီး ကမ္ဘာတဝှမ်းလုံး မှာရှိတဲ့ ကလေး ၁၄၁ ဦး သေဆုံးမှုဟာ အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးတွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ အိန္ဒိယထုတ်ချောင်းဆိုးပျောက်ဆေးတွေမှာ အသုံးပြုထားတဲ့ Diethylene glycol (DEG) ဒါမှ မဟုတ် Ethylene…

စစ်ကောင်စီက တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိဘူးလို့ ဦးကျော်မိုးထွန်းပြော

မော်လမြိုင် – အောက်တိုဘာ(၅) အာဏာသိမ်းစစ်ကောင်စီဟာ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိသလို စီးပွားရေးကိုလည်း စီမံခန့် ခွဲနိုင်တာမရှိဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ အောက်တိုဘာလ (၂) ရက်နေ့ကနေ (၄) ရက်နေ့အထိ ကျင်းပခဲ့တဲ့ (၇၈) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခဲ့၊ ဒုတိယ ကော်မတီ (စီးပွားရေးနဲ့ ဘဏ္ဍာရေး)ရဲ့ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု (General Debate) မှာပြောခဲ့တာပါ။…

ဘန်ကောက်မှာ စစ်ရှောင်ကလေးငယ်တွေအတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲပြုလုပ်မယ်

ဘန်ကောက် – အောက်တိုဘာ(၅) ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကလေးငယ်တွေအတွက် ရန်ပုံငွေ ရှာဖွေရေး ဂီတဖျော်ဖြေပွဲကျင်းပသွားဖို့ရှိတယ်လို့ Spring Revolution Show Bangkok ရဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ လာမယ့်အောက်တိုဘာလ(၂၉) ရက်နေ့ ညနေပိုင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ရန်ပုံငွေတွေကို ပြည်တွင်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကလေးသူငယ်တွေအတွက် အဓိကထားသုံးစွဲသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။ ဂီတဖျော်ဖြေပွဲလက်မှတ်တစ်စောင်ကို…

လောင်းလုံးမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်း သေဆုံးနိုင်

လောင်းလုံး၊ အောက်တိုဘာ (၅) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီ၊ပျူစောထီး ပူးပေါင်းတပ် တိုက်ခိုက်ခံရတာကြောင့် ၃ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ တပ်အင်အား၂၀ နီးပါး တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီ၊ပျူစောထီးပူးပေါင်းတပ်ကို အောက်တိုဘာ ၄ ရက်နေ့ မနက် ၅ နာရီအချိန်လောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ သွားရောက်…

ကော့ကရိတ်မှာ လက်နက်ကြီးကျလို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရ

ကော့ကရိတ်၊ အောက်တိုဘာ (၅) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီ အမှတ်(၉၇) ခြေလျင်တပ်ရင်းကနေ အောက်တိုဘာ ၃ ရက်နေ ညနေ ၈…

စစ်အာဏာသိမ်း (၉၇၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၄၁) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ(၄) AAPP ရဲ့ အောက်တိုဘာ(၃)နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၇၆)ရက်အတွင်း ပြည်သူ (၄၁၄၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၂၃၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၅၈၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…