ပဲခူး – အောက်တိုဘာ(၄)

ပဲခူးတိုင်း၊ ပဲခူးမြို့ရှောင်လမ်းမှာရှိတဲ့ စစ်ကောင်စီပင်မထောက်ပံ့ပို့ဆောင်ရေးတပ်ကို ၄၀-မမ ဗုံးသီး၊ မိုင်းတို့နဲ့ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား (၁) ဦးသေဆုံးပြီး (၂) ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူး-PDF ကသတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၃) ရက်နေ့ ညပိုင်းက ပဲခူးမြို့နယ်(ပ.က.ဖ)က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ၄၀-မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဂိတ်ပေါက်ဘန်ကာကိုလည်း မိုင်းခွဲ တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်ထဲကို လူနာတင်ကားတွေထွက်ခွာသွားပြီး သေဆုံးထိခိုက် ဒဏ်ရာရရှိသူတွေကို ညတွင်းချင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုကို ကိုးကားပြီးထုတ်ပြန်ချက်မှာဆိုထားပါတယ်။

အဲဒီစစ်ဆင်ရေးမှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Bago-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.