October 4, 2023

ဘန်ကောက် ပစ်ခတ်မှုအတွင်း မြန်မာရွှေ့ပြောင်းလုပ်သားအပါအဝင် ၂ ဦး သေဆုံး

ဘန်ကောက်၊ အောက်တိုဘာ(၅) ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ နာမည်ကြီး ဆီယမ်ပါရာဂွန် ဈေးဝယ်စင်တာမှာ အသက် ၁၄ နှစ် အရွယ် လူငယ်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံသားတစ်ဦးနဲ့ မြန်မာရွှေ့ပြောင်း လုပ်သား တစ်ဦးတို့ သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းအခြေစိုက်သတင်းဌာနတွေရဲ့ဖော်ပြ ချက်အရ သိရပါတယ်။ အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ အဲဒီပစ်ခတ်မှုအတွင်း…

မြန်မာစစ်တပ်ကို အင်ဒိုနီးရှားက လက်နက်ရောင်းချနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေပြော

ဂျာကာတာ ၊ အောက်တိုဘာ(၅) မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေဖြစ်ပွားနေချိန်မှာပဲ အင်ဒိုနီးရှားရဲ့ နိုင်ငံပိုင်ကုမ္ပဏီတွေကနေ စစ်ကောင်စီထံ လက်နက်ရောင်းချခဲ့မှုအပေါ် စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အောက်တိုဘာ ၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံပိုင်ကုမ္ပဏီတွေက လက်နက်ထုတ်လုပ်သူ ၃ ဦးဟာ စစ်ကောင်စီကို စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချခဲ့တယ်ဆိုပြီး လူအခွင့်အရေးအဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အင်ဒိုနီးရှားအစိုးရထံ တိုင်ကြားစာ…

မကွေးမှာ ကား ၇၃ စီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုများနိုင်

ပခုက္ကူ၊ အောက်တိုဘာ(၄) မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ယာကြီးပြင်ကျေးရွာအနီးမှာ အောက်တိုဘာ ၃ ရက်နေ့က ကား ၇၃ စီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ထံကနေ သိရပါတယ်။ ပခုက္ကူအခြေစိုက် စစ်ကောင်စီတပ်မ (၁၀၁) ကနေ ရိက္ခာအပြည့်နဲ့ စစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ယာကြီးပြင်ကျေးရွာ အရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ…

ရွှေဘို PDF က စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

ရွှေဘို – အောက်တိုဘာ(၄) စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁) စစ်ဒေသ၊ရွှေဘို ခရိုင် အမှတ်(၈) တပ်ရင်း ပြည်သူ့ဆက်ဆံရေးဌာန၊ ကျန်းမာရေးဌာနခွဲက စစ်ဘေးရှောင်ပြည်သူတွေ ကို ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း Shwebo District Battallion – 08 အမှတ် ၁ စစ်ဒေသက ပြည်သူ တွေရဲ့ အထွေထွေကျန်းမာရေး စောင့်ရှောက်မှု…

ပဲခူးက စစ်ကောင်စီပင်မထောက်ပံ့ပို့ဆောင်ရေးတပ်ကို PDF တပ်ဖွဲ့တိုက်ခိုက်

ပဲခူး – အောက်တိုဘာ(၄) ပဲခူးတိုင်း၊ ပဲခူးမြို့ရှောင်လမ်းမှာရှိတဲ့ စစ်ကောင်စီပင်မထောက်ပံ့ပို့ဆောင်ရေးတပ်ကို ၄၀-မမ ဗုံးသီး၊ မိုင်းတို့နဲ့ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား (၁) ဦးသေဆုံးပြီး (၂) ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူး-PDF ကသတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၃) ရက်နေ့ ညပိုင်းက ပဲခူးမြို့နယ်(ပ.က.ဖ)က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ၄၀-မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဂိတ်ပေါက်ဘန်ကာကိုလည်း မိုင်းခွဲ တိုက်ခိုက်ခဲ့တာပါ။…

ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့် ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်

“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရဲ့ တကယ့် အတားအဆီးကြီးက စစ်တပ်ပဲ၊ စစ်တပ်က ဘယ်တုန်းကမှ ကတိမတည်ဘူး၊ သဘောတူညီချက်အားလုံးကိုလည်း ချိုးဖောက်ခဲ့တယ်” လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့ လက်မှတ်ရေးထိုးခဲ့တာ ၈ နှစ်ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။ NCA ၈ နှစ်ပြည့်အပေါ် အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်မှာ…

KNU ဖာပွန်ခရိုင်က တစ်လအတွင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄၀ နီးပါးသေဆုံးခဲ့

ဖာပွန်၊ အောက်တိုဘာ(၄) ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် အုပ်ချုပ်နယ်မြေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအ တွင်း နှစ်ဖက်တိုက်ပွဲပေါင်း ၈၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ(၅)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း စစ်ကောင်စီ၊ BGF တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ…

ပေါင်ဒေသခံအမျိုးသား ၄ ဦး အကြမ်းဖက်ပုဒ်မနဲ့ ထပ်မံအမှုဖွင့်ခံရ

ပေါင်၊ အောက်တိုဘာ(၄) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာကနေ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံအမျိုးသား ၄ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ထပ်မံအမှုဖွင့်လိုက်တယ်လို့ စစ်ကောင်နဲ့နီးစပ်သူတွေထံကနေ စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲကိုကိုလွင် သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ဥတ္တံတားကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်လာရောက်ပြီးနောက် ဒေသခံ ၂၀ ထက်မနည်း ဖမ်းဆီးသွားခဲ့တာပါ။ အဲဒီထဲကဒေသခံတွေဖြစ်တဲ့…