ဒါကာ၊ အောက်တိုဘာ(၄) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုဆိုးရွားဖြစ်ပွားနေပြီး သေဆုံးလူဦးရေ တစ်ထောင်အထိ မြင့်တက်လာတယ်လို့ အာဏာပိုင်တွေရဲ့ ထုတ်ပြန်တဲ့အချက်လက်တွေအရ သိရပါတယ်။ 

ရောဂါကူးစက်မှုကြောင့် လူဦးရေသိပ်သည်းတဲ့ နိုင်ငံအတွင်းရှိ ဆေးရုံဆေးခန်းတွေဟာ လူနာတွေအတွက် ကုတင်နေရာရရှိရေး ရုန်းကန်နေရတာပါ။ 

အခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်ခံရသူ ၂၀၉,၀၀၀ မှာ အနည်းဆုံး ၁,၀၁၇ ဦးသေဆုံး ထားပြီး ဒီသေဆုံးပမာဏဟာ ၂၀၀၀ ခုနှစ်က ပထမဆုံးစံချိန်တင်ကပ်ရောဂါဖြစ်ပွားပြီးနောက် ပိုင်း အသေ အပျောက်အများဆုံးနှစ်လည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်က ဘင်္ဂလားဒေ့ရှ်မှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၂၈၁ ဦးရှိခဲ့တာ ကြောင့် အခု နှစ်သေဆုံးမှုဟာ ယမန်နှစ်တစ်နှစ်လုံးစာထက် ၄ ဆ ပိုများနေတာလည်း ဖြစ်ပါ တယ်။ 

ဆိုးရွာလွန်းတဲ့သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုဟာ မြို့နေလူထုအကြားမှာ ကျဆင်းသွားပေ မယ့်လည်း ကျေးလက်နေ ပြည်သူတွေအကြားမှာ မြင့်တက်နေတာပါ။

မုတ်သုံရာသီဖြစ်တဲ့ ဇွန်လမှ စက်တင်ဘာလအတွင်း တောင်အာရှမှာ အေးဒိစ့်ခြင်တွေ ပေါက်ဖွား မှုမှတဆင့် ကူးစက်လာတဲ့ သွေးလွန်တုပ်ကွေးရောဂါအတွက် သီးခြားကာကွယ်ဆေးလည်းမရှိပါ ဘူး။ 

အပူချိန်မြင့်တက်ခြင်းနဲ့ မုတ်သုံရာသီ ကြာရှည်ခြင်းဟာ ခြင်တွေပေါက်ဖွားဖို့ အကောင်းဆုံး အခြေအနေဖြစ်တယ်လို့လည်း ပညာရှင်များရဲ့ ပြောဆိုချက်တွေအရသိရပါတယ်။ 

ဘင်္ဂလားဒေ့ရှ့်နိုင်ငံအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မြင့်တက်လာရတာဟာ အစိုးရအနေနဲ့ ရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှုတွေပါ ဆောင်ရွက်ရတဲ့အထိ ဖြစ်လာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။ 

ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ သင့်တော်တဲ့ရောဂါကာကွယ်ရေးအတိုင်းအတာတွေ ဆောင်ရွက် ထားခြင်းမရှိတာကြောင့်လည်း သွေးလွန်တုပ်ကွေးကို သယ်ဆောင်တဲ့ ခြင်တွေကို နိုင်ငံတဝှမ်း ရောဂါပျံ့နှံ့ဖို့ ခွင့်ပြုပေးသလို ဖြစ်နေတယ်လို့ နိုင်ငံအခြေစိုက်ပညာရှင်တစ်ဦးဖြစ် တဲ့ မစ္စတာကာဘီရူဘာဆာက ပြောကြား ထားပါတယ်။ 

“၂၀၀၀ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်းမှာ သွေးလွန်တုပ်ကွေးဟာ ဒါကာမြို့မှာဖြစ်ခဲ့တာပါ။ ဒါပေမယ့် ၂၀၁၉ မှာ အခြားမြို့ရွာတွေကို ပျံ့နှံ့သွားပါတယ်။ အခုနှစ်မှာတော့ ဒီရောဂါဟာ ကျေးလက်ဒေသတွေအထိ ပျံ့နှံ့ နေပါ ပြီ” လို့ပြောကြားခဲ့ပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.