ထားဝယ်၊ အောက်တိုဘာ(၃)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအ ကျဉ်းသား ၁၄ ဦးဟာ အောက်တိုဘာ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ထားဝယ်နိုင် ငံရေးအကျဉ်းသားများ ကွန်ရက်ထံကနေ သိရပါတယ်။

ပြန်လွတ်လာသူထဲမှာ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုအောင်ဝေယံကျော်အပြင် နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုသုတတင်စိုး၊ ကိုအောင်သူရဇော်၊ ကိုရဲထွန်း၊ ကိုဝေယံထက်၊ ကိုကျော်မင်း ဦး၊ ကိုဇင်မြတ်ဦး၊ ကိုကိုလင်းနိုင်၊ ကိုဝင်းလတ်ထွေးတို့အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၄ ဦး ပါဝင်ပါတယ်။

သူတို့ ၁၄ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်မှာ ဖမ်းဆီးခံလိုက်ရတဲ့သူတွေဖြစ်ပြီး အများစုဟာ လွတ်ရက်စေ့သွားတဲ့အတွက် ပြန်လည်လွတ်မြောက်လာတာတာပါ။

လွတ်ရက်စေ့လို့ ပြန်လည်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) အပြင် လက်နက်ပုဒ်မ ၁၉(စ)တို့နဲ့ ထောင်ဒဏ် ၄ နှစ်စီ ပြစ်ဒဏ်ကျခံနေရသူတွေ ဖြစ်ပါတယ်။

ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း ထားဝယ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်သား၊ အကျဉ်းသူ ၄၀၀ ကျော် ဖမ်းဆီးအကျဉ်း ချခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာတော့ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် အရပ်သားပြည်သူ ၁၈၀၀ နီးပါး ဖမ်းဆီးခံထားရပြီး အများစုဟာ ထောင်ဒဏ်ပြစ် ဒဏ်အသီးသီး ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP က အောက်တိုဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.