September 2023

စစ်ကောင်စီလက်ထက် ဌာနဆိုင်ရာရုံးတွေမှာ ပွဲစားတွေကြီးစိုးလာ

မော်လမြိုင်၊ စက်တင်ဘာ(၂) မွန်ပြည်နယ်မှာ အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း ပြည်သူဝန်ဆောင်မှုပေးနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေမှာ ပွဲစားတွေကြီးစိုးလာပြီး ငွေကြေးအဆမတန် ပေးဆောင်နေရတယ်လို့ ဒေသခံပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းကာလအတွင်း လူဝင်မှုကြီးကြပ်ရေးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ ဌာနတွေအပြင် ဌာနဆိုင်ရာအများစုမှာ ဝန်ထမ်းတွေက ပြည်သူတွေကို တိုက်ရိုက်ဝန်ဆောင်မှုမပေးဘဲ ပွဲစားတွေကတဆင့်သာ လုပ်ငန်းတွေဆောင်ရွက်ပေးနေတာပါ။ အဲဒီဌာနတွေမှာ ပြည်သူတွေအနေနဲ့ ကိုယ်တိုင်ဝန်ဆောင်မှုလုပ်ငန်းတွေကို သွားရောက်လုပ်ကိုင်ပါက အချိန်ကြာမြင့်စွာ…

NCA စာချုပ် တရားဝင်တည်ရှိပြီး ပျက်ပြယ်ခြင်းမရှိဘူးလို့ အပစ်ရပ် ၅ ဖွဲ့ပြော

နေပြည်တော်၊ စက်တင်ဘာ(၂) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ဟာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားတဲ့ စာချုပ်ဖြစ်တာကြောင့် တရားဝင်ဖြစ်ပြီး ပျယ်ပြယ်ခြင်းမရှိဘူးလို့ အပစ်ရပ် ၅ ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။ ဩဂုတ် ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) နဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၅ ဖွဲ့တို့…

တနင်္သာရီတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိနေ

တနင်္သာရီ၊ စက်တင်ဘာ(၂) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်ကျုတ်ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ် ၃၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်လောက်မှာ ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းကနေထွက်လာတဲ့ အင်အား ၇၀ ကျော်ပါတဲ့ စစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာကနေ ထိတွေ့တိုက်ပွဲ…

မွန်တော်လှန်ရေးနေ့မှာ မွန်အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုခွင့်ပိတ်ပင်ခံရ

ချောင်းဆုံ၊ စက်တင်ဘာ(၂) မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာမှာ ကျင်းပခဲ့တဲ့ ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့မှာ မွန်အာဇာနည်ခေါင်းဆောင်တွေကို စစ်ကောင်စီဘက်က အလေးပြုခွင့်ပိတ်ပင်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ် ၃၁ ရက်နေ့က ကျရောက်တဲ့ ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့မှာ မုဒွန်းကျေးရွာရှိ မွန်တော်လှန်ရေးခေါင်းဆောင်တွေရဲ့ အုတ်ဂူနေရာသို့ မွန်ပြည်သူတွေက လွမ်းသူပန်းခွေချတာ၊ ဦးညွှတ်အလေးပြုလာစဉ် အလေးပြုခွင့် ပိတ်ပင်ခံခဲ့ရတာပါ။…

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ဘုရင်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေး လျှောက်ထား

ဘန်ကောက်၊ စက်တင်ဘာ(၂) ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ နိုင်ငံထူထောင်ရေးနဲ့ ရေရှည်အာဏာ လွန်ဆွဲမှုမှာ သူ့ရဲ့နောက်ဆုံးလှုပ်ရှားမှုအဖြစ် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံလွှာကို တင်သွင်းခဲ့ကြောင်း တရားရေးဝန်ကြီးက ဩဂုတ်လ (၃၁) ရက်နေ့က ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ အကျော်ကြားဆုံး နိုင်ငံရေးသမား သက်ဆင်ဟာ (၁၅) နှစ်ကြာ နိုင်ငံရပ်ခြားမှာ တိမ်းရှောင် နေထိုင်ခဲ့ရပြီးနောက် လွန်ခဲ့တဲ့သီတင်းပတ်က နိုင်ငံအတွင်းသို့ ပြန်လာခဲ့တာဖြစ် ပါတယ်။ သက်ဆင်ဟာ…

G-20 အစည်းအဝေးမတိုင်ခင် နယူးဒေလီမြို့က အလှဆင်ထားတာကို မျောက်ရိုင်းတွေဝင် ရောက်ဖျက်ဆီးတာကို တားဆီးဖို့ လန်ဂူးအာ မျောက်ရုပ်တွေကို တပ်ဆင်ထား

နယူးဒေလီ – စက်တင်ဘာ(၂) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ လာမယ့် သီတင်းပတ်အတွင်း ကျင်းပမယ့် G-20 အစည်းအဝေး အတွက် ပန်းအလှဆင်ထားတာတွေကို မျောက်ရိုင်းတွေဝင်ရောက်ဖျက်ဆီးတာက ဟန့်တားဖို့ အတွက် လန်ဂူးအာ မျောက်ရုပ်ပုံတွေကို မြို့အနှံတပ်ဆင်ထားပါတယ်။ သက်ရှိတိရိစ္ဆာန်တစ်ကောင်ရဲ့ အရွယ်အစားအတိုင်းထုတ်လုပ်ထားတဲ့ မျောက်ရုပ်ပုံတွေအပြင် Monkey Men မျောက်လူသားအဖွဲ့ကိုလည်း ငှားရမ်းထားတာပါ။ နယူးဒေလီမြို့တော်ကောင်စီဟာ သေးငယ်တဲ့ Rhesus မျောက်ရိုင်းတွေရဲ့ သဘာဝရန်သူတွေ…

တန်ပြန်ထိုးစစ် နှေးကွေးတယ်လို့ ဝေဖန်သူတွေ ပါးစပ်ပိတ်ထားဖို့ ယူကရိန်းသတိပေး

ကီးယက် – စက်တင်ဘာ(၂) ယူကရိန်းရဲ့ (၃)လကြာ ထိုးစစ်ဆင်ခဲ့တဲ့ တပ်တွေဟာ နှေးကွေးလွန်းတယ်လို့ အနောက်တိုင်း အရာရှိတွေဆီက ပေါက်ကြားလာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဝေဖန်ရေးသမားတွေ ပါးစပ် ပိတ်ထားဖို့ ယူကရိန်းဘက်က တုံ့ပြန်သတိပေးလိုက်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ စစ်လက်နက်ပစ္စည်းတွေကို ဒေါ်လာ ဘီလျံပေါင်းများစွာ အသုံးပြုပြီး ယူကရိန်းရဲ့ အမွှမ်းတင်လွန်းနေတဲ့ တန်ပြန်ထိုးစစ်ကို စတင်ပြီးနောက် ရွာပေါင်း တစ်ဒါဇင် ကျော်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမယ့်…

လောင်းရှည်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများခဲ့

ခင်ဦး – စက်တက်ဘာ(၁) စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီနေ့ စက်တင်ဘာလ(၁) ရက်နေ့ မနက်ပိုင်းက လက်ပံလှအနောက်ဘက် ရွာသန်းရွာ အရှေ့မြောက်ဘက်ကိုတက်လာချိန်မှာ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊တိုက်နယ် (ပ.က.ဖ) ခေါင်းဆောင်နဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတာ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ ထိတွေ့တိုက်ပွဲကြောင့်…