September 2023

တိုင်ဖွန်းဆောင်လာ ဟောင်ကောင်ကို ဖြတ်ကျော်တိုက်ခတ်ပြီး တရုတ်နိုင်ငံ တောင်ပိုင်းကိုဦး တည်ပြီးပြင်းပြင်း ထန်ထန်တိုက်ခတ်နေ

ဟောင်ကောင်၊ စက်တင်ဘာ(၃) တိုင်ဖွန်းမုန်တိုင်းဆောင်လာဟာ (စက်တင်ဘာ ၂ ရက်) အစောပိုင်းမှာ တရုတ်နိုင်ငံတောင်ပိုင်း ကမ်းခြေကို တိုက်ခတ်ပြီး အရှိန်လျော့သွားပေမယ့်လည်း အန္တရာယ်ရှိနေဆဲဖြစ်ပြီး ဆယ်စုနှစ် များစွာအတွင်း အပြင်းထန်ဆုံး မုန်တိုင်းတစ်ခုဖြစ်ခဲ့တယ်လို့ တရုတ်နိုင်ငံမိုးလေဝသဌာနက ပြောကြားခဲ့ပါတယ်။ ဒီမုန်တိုင်းဟာ ခြိမ်းခြောက်မှုတစ်ရပ်အနေနဲ့ လူသန်းပေါင်းများစွာအပေါ်ရိုက်ခတ်နိုင်မယ်လို့ လည်း ကြိုတင် ခန့်မှန်းချက်ထုတ်ထားခဲ့တာပါ။ ဟောင်ကောင်၊ ရှန်ဇန်နဲ့ အခြားသော တရုတ်မြို့တော်တွေက လူဦးရေသန်းနဲ့ချီဟာ စူပါတိုင်ဖွန်းလို့…

မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်တွေထပ်မံ ပစ်လွှတ်

ပြုံယမ်း – စက်တင်ဘာ(၃) မြောက်ကိုရီးယားနိုင်ငံဟာ စက်တင်ဘာလအစောပိုင်းမှာ ပင်လယ်ဝါဆီကို ခရုဇ်ဒုံးကျည် အမြောက်အများ ထပ်မံပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဒုံးကျည်ပစ်လွှတ်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို တောင်ကိုရီးယားနဲ့ အမေရိကန်ထောက်လှမ်းရေးတာဝန်ရှိသူတွေက ခွဲခြမ်းစိတ်ဖြာထားတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ ပြီးခဲ့တဲ့လနှောင်းပိုင်းက နိုင်ငံရဲ့ အဓိက နိုင်ငံရေးပါတီတွေရဲ့ ဝေဖန်မှုတွေထွက်ပေါ်လာစေတဲ့ မအောင်မြင်ခဲ့တဲ့ ထောက်လှမ်းရေးဂြိုလ်တုလွှတ်တင်မှု အပါအဝင် မြောက်ကိုရီးယားက…

တရုတ်-ရုရှားဆက်ဆံရေးဟာ အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်တယ်လို့ အမေရိကန်ပြော

ဝါရှင်တန် – စက်တင်ဘာ(၃) တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေရဲ့ မိတ်ဖက်ဆက်ဆံရေးကြောင့် စိုးရိမ်မှုတွေ မြင့်တက်စေပြီး ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပနဲ့ ပစိဖိတ်တို့ကို အကြီးစားခြိမ်းခြောက်မှုဖြစ်ပေါ်စေတာ မျိုး မမြင်ဖူးခဲ့ဘူးလို့ ကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ဥက္ကဋ္ဌက ပြောပါတယ်။ အဲဒီနိုင်ငံတွေရဲ့ သမ္မတနှစ်ဦး မဟာမိတ်ပြုမှုက ဖြစ်ပေါ်လာတဲ့ ယှဉ်ပြိုင်မှာအတွင်း လွတ်လပ် သော ကမ္ဘာကြီးအတွက် စိန်ခေါ်မှုတွေဖြစ်စေတယ်လို့ နိုင်ငံခြားရေးရာ ဥက္ကဋ္ဌက…

ပြည်သူနဲ့ ပူးပေါင်းလာတဲ့ ရဲနဲ့ စစ်သား တစ်သောင်းခွဲအထိရှိလာ

မော်လမြိုင် – စက်တင်ဘာ(၂) မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းထားတဲ့ (၂)နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ကို စွန့်ခွာပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပူးပေါင်းထားတဲ့ ရဲနဲ့စစ်သား (၁၅၀၀၀) အထိရှိလာပြီဖြစ်တယ်လို့ NUG ကပြောပါတယ်။ CDM ဝင်ထားသူတွေထဲမှာ ကုဒ်ထုတ်ပြီးတဲ့သူတွေရှိသလို CDM ကုဒ် ထုတ်ပေးဖို့ စီစစ်နေသူတွေအပါအဝင် ထပ်မံပြုလုပ်ဖို့ ဆက်သွယ်နေသူတွေလည်း ပါဝင်တယ်လို့ ဆိုထားတာပါ။ တော်လှန်ရေးအားကောင်းတဲ့နယ်မြေတွေအပြင်စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသား…

ပြည်သူအိမ်များကို မီးရှို့၊ ပြည်သူများကို သတ်ဖြတ်နေသည့် စစ်တပ်က PDF ကို လွှဲချပြီး သတင်းမှားဖြန့် (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊ အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ပလမြို့တွင် အရပ်သားပြည်သူများ၏ နေအိမ်များကိုPDF များက ဩဂုတ် (၁၅)ရက်တွင် မီးရှို့ဖျက်ဆီး” ဆိုတဲ့အကြောင်းအရာကို…

မွန်ညီညွတ်ရေးပါတီက ကရင်ပြည်နယ်အတွက် မွန်တိုးတက်ရေးပါတီအမည်နဲ့ ပါတီမှတ်တင်ခွင့်လျှောက်

မော်လမြိုင်၊ စက်တင်ဘာ(၂) မွန်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီ(MUP) ဟာ ကရင်ပြည်နယ်အတွက် မွန်တိုးတက်ရေးပါတီအမည်နဲ့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်တင်ခွင့် လျှောက်တင်ထားတယ်လို့ ပါတီနဲ့နီးစပ်သူတွေကနေ သိရပါတယ်။ မွန်ပြည်နယ်အဆင့် မှတ်ပုံတင်ခွင့်လျှောက်တင်ထားတဲ့ မွန်ညီညွှတ်ရေးပါတီ(MUP)ဟာ စစ်ကောင်စီ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရာမှာ ကရင်ပြည်နယ်မှာလည်း ဝင်ပြိုင်နိုင်ဖို့အတွက် မွန်တိုးတက်ရေးပါတီအမည်နဲ့ မှတ်ပုံတင်ထပ်တင်ခဲ့တာပါ။ မွန်တိုးတက်ရေးပါတီအမည်နဲ့ ပါတီမှတ်ပုံတင်ခွင့် လာလျှောက်ထားမှုကို ဆက်လက်စိစစ်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ…

KNU မုန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၅၀၀၀ ကျော် စစ်ရှောင်နေရ

မုန်း၊ စက်တင်ဘာ(၂) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲကို စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၈ ရွာက ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက စက်တင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်နေ့က KNU မုန်းမြို့နယ်သစ်ချဆိပ်ကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။…

စစ်အာဏာသိမ်း (၉၄၃)ရက်အတွင်း သတ်ဖြတ်ခံရသူ ၄၀၂၉ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ(၂) AAPP ရဲ့ စက်တင်ဘာ(၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၄၃)ရက်အတွင်း ပြည်သူ (၄၀၂၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၆၃၂ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၆၈၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…