September 2023

မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် အာဆီယံလူထုဖိုရမ် ကြေညာ

မော်လမြိုင် – စက်တင်ဘာ(၃) မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့အတွက် ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တယ်လို့ အာဆီယံလူထုဖိုရမ်က ကြေညာပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၁)ရက်နေ့ကနေ (၃) ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံလူထုဖိုရမ်က ထုတ်ပြန်လိုက်တာပါ။ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှုတွေကျူးလွန်မှုတွေအတွက် အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်တာဖြစ်ပြီး လွတ်လပ်ရေးနဲ့…

တိုင်းနဲ့ပြည်နယ်က နယ်လုံဝန်ကြီး ၅ ဦးကို စစ်ကောင်စီ အပြောင်းအလဲပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ(၃) စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းတို့က လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ၅ ဦးကို အပြောင်းအလဲ ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၁ ရက်နေ့မှာ ကြေညာပါတယ်။ အစားထိုးခန့်အပ်ခံရတဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေမှာတော့ ကချင်ပြည်နယ်က ဗိုလ်မှူးကြီး အောင်ကြည်လင်းအစား ဗိုလ်မှူးကြီးကျော်သူရ၊ ကယား ပြည်နယ်က ဗိုလ်မှူးကြီးမြင့်ဝေအစား…

စစ်ကောင်စီ သစ်ချဆိပ်စခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

ညောင်လေးပင်၊ စက်တင်ဘာ(၃) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ သစ်ချဆိပ်စခန်းကို KNLA တပ်မဟာ(၃)ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက် က ၁၅ ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက စက်တင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ KNU မုန်းမြို့နယ်ထဲရှိ စစ်ကောင်စီတပ်ရဲ့ အခြေစိုက်တပ်စခန်းတစ်ခုဖြစ်တဲ့ သစ်ချဆိပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့တွေက…

စစ်ကောင်စီလက်ထက် နိုင်ငံရဲ့သုံးပုံတစ်ပုံမှာ လောင်းကစားလုပ်ငန်းတွေ တွင်ကျယ်လာ

ရန်ကုန်၊ စက်တင်ဘာ(၃) မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀ ထဲက ၁၀၅ မြို့နယ်မှာ နှစ်လုံးထီ၊ သုံးလုံးထီသာမက စီးပွားဖြစ် ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ ကြက်ဝိုင်းအစရှိတဲ့ လောင်းကစားလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြတယ်လို့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ စစ်တမ်းတွေက ဖော်ပြပါတယ်။ ISP-Myanmar ရဲ့ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ အခုနှစ်မေလကနေ ဇူလိုင်လအတွင်း မြို့နယ်တစ်ခုချင်းစီအလိုက် ရပ်ကွက်၊…

မွန်ပြည်နယ်မှာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားကူးစက်မှု စိုးရိမ်ပူပန်စရာဖြစ်လာ

မော်လမြိုင်၊ စက်တင်ဘာ(၃) မွန်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲလာမှုနဲ့အတူ လေထုညစ်ညမ်းမှုတွေကြောင့် ကလေးငယ်အများစု အဆုတ်ရောဂါဖြစ်ပွားကူးစက်မှု ပြင်းထန်လာတဲ့အတွက် စိုးရိမ်ပူပန်စရာဖြစ်တယ်လို့ ဆရာဝန်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဆုတ်ရောင်ရောဂါဟာ ပြီးခဲ့တဲ့လပိုင်းတွေကစပြီး မွန်ပြည်နယ်ရှိ မော်လမြိုင်အပါအဝင် မြို့နယ်အများစုမှာ ရောဂါဖြစ်ပွားကူးစက်မှုတွေ ရှိလာပြီး အစုံအလိုက်အပြုံအလိုက် ရောဂါဖြစ်ပွားတဲ့ အခြေအနေအထိ ဖြစ်လာခဲ့တာပါ။ အဆုတ်ရောင်ရောဂါကြောင့် ကလေးဆေးရုံ၊ ဆေးခန်းတွေမှာ ကလေးငယ်လူနာတွေ ပြည့်ကျပ်တဲ့အထိ ဖြစ်ပွားနေသလို…

လူတစ်စုရဲ့မိုက်မဲမှုကို ပြည်သူလူထုအများစု ခံနေရတယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော်၊ စက်တင်ဘာ(၃) အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှု အကျိုးဆက်အနေနဲ့ လူတစ်စုရဲ့ မိုက်မဲမှုကို ဒေသခံပြည်သူလူထုအများစု ခံစားနေရတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။ စက်တင်ဘာ ၁ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း နိုင်ငံတဝန်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ စပ်လျဉ်းပြီး ပြောဆိုခဲ့တာပါ။ စစ်ခေါင်းဆောင်က တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ရေး တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိပေမယ့် အကြမ်းဖက်မှုတွေ ရှိနေတဲ့အတွက် နယ်မြေတွေမှာ…

ဘီးလင်းမှာ ရေကြီးမှုကြောင့် ပျက်စီးသွားတဲ့ မိုးစပါးစိုက်ဧကအများစု ပြန်မစိုက်နိုင်

ဘီးလင်း၊ စင်တင်ဘာ(၃) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့သြဂုတ်လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ မိုးစပါးစိုက်ဧကအများစု ပြန်မစိုက်နိုင်တော့ဘူးလို့ တောင်သူလယ်သမားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေကြီးရေမြုပ်မှုကြောင့် ပျက်စီးသွားတဲ့ မိုးစပါးစိုက်ခင်းတွေဟာ မျိုးစပါးဈေးနှုန်း အဆမတန်မြင့်တက်နေတာ၊ ဝယ်ယူဖို့ခက်ခဲတာ၊ အချိန်အခါလွန်နေပြီဖြစ်လို့ ပြန်စိုက်နိုင်ရင်တောင် စပါးဖြစ်ထွန်းဖို့ မသေချာတာကြောင့် အများစုပြန်မစိုက်တော့ဘူးလို့ သိရပါတယ်။ စပါးပြန်စိုက်ကြတဲ့ တောင်သူတွေကလည်း ၁၀ ဧကရှိပါက မိသားစုဝမ်းစာအတွက်…

အပစ်ရပ် ၅ ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်း နဲ့ ဆက်သွယ် မေးမြန်းချက်

“ဒီ(NCA)စာချုပ်ကို ပျက်ပြယ်တယ်လို့ ပြောလို့မရဘူး။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အားလုံးက ဒီစာချုပ် တရားမဝင်တော့ပါလို့ ကြေညာပြီးမှပဲ ဒီစာချုပ်က ပျက်ပြယ်ရာရောက်ပါတယ်” အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC)တို့ဟာ သြဂုတ် ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နေပြည်တော်မှာ ငြိမ်းချမ်ရေး ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးမှုကနေညှိနှိုင်းရရှိတဲ့ အခြေခံသဘောတူညီချက် ၄ ချက်နဲ့…

မြိုင်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဂိတ်စခန်းတွေတိုက်ခိုက်ခံရ

မြိုင် – စက်တင်ဘာ(၂) မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ ဂိတ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် (ပ.က.ဖ) တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပခုက္ကူကနေ မြိုင်ဘက်ကိုထွက်လာတဲ့ စစ်ကြောင်းနဲ့ မြိုင်မြို့နယ်အတွင်းက စစ်ကောင်စီဂိတ် စခန်း(၃)ခုကို တိုက်ခိုက်ခဲ့တာပါ။ “စစ်ကြောင်းကို အီနာဂါ ရှစ်ဆယ်လောက်သုံးပြီးတိုက်ခိုက်ခဲ့တယ်။ အထိအခိုက်များနိုင်တယ်။ အတိအကျမသိရသေးဘူး။ ဂိတ်စခန်းတွေကိုတော့ မိနစ်သုံးဆယ်လောက်ဝင်တိုက်တယ်။ ဟိုဘက်ကပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘူး။”…