လုပ်သားရှားပါးမှုကြောင့် မွန်ပြည်နယ်က ရော်ဘာခြံလုပ်ငန်းတွေပြန်စဖို့ အခက်ကြုံ
မော်လမြိုင်၊ စက်တင်ဘာ(၅) မွန်ပြည်နယ်မှာ စစ်ကောင်စီလက်ထက် လုပ်သားရှားပါးမှု ပြဿနာပိုမိုကြီးထွာလာမှုနဲ့အတူ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ရော်ဘာခြံလုပ်ငန်းတွေပြန်စဖို့ အခက်ကြုံရနေတယ်လို့ ရော်ဘာခြံရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရော်ဘာခြံလုပ်ငန်းတွေကို မွန်ပြည်နယ်မှာ နှစ်စဉ်စက်တင်ဘာလကနေ မေလအထိလုပ်ကိုင်ကြတာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ကျွမ်းကျင်လုပ်သားရှားပါးမှုနဲ့ ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။ ရော်ဘာခြံလုပ်ငန်းတွေဟာ လုပ်သားအသစ်တွေ ခေါ်ယူလို့မရတာ၊ အရင်ရှိပြီးသား ကျွမ်းကျင်လုပ်သားတွေကလည်း ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုနဲ့…