September 2023

ဘီးလင်းမှာ စစ်ကြောင်းဝင်လာလို့ ကျေးရွာ ၆ ရွာက ဒေသခံတွေ ထွက်ပြေးနေရ

ဘီးလင်း – စက်တင်ဘာ(၆) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာကို စက်တင်ဘာ ၅ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ကျေးရွာ ၆ ရွာက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ စစ်ရှောင်ပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ တပ်အင်အား ၁၀၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်ဟာ အလူးလေးကျေးရွာအနီးပတ်ဝန်းကျင်ကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် အင်အားဖြန့်ခွဲကာ ကင်းပုန်းလာဝပ်နေတယ်လို့…

ဝန်ထမ်းတွေနဲ့မိသားစုဝင်တွေ ရုံးနဲ့ဝန်ထမ်းအိမ်ရာတွေကနေ စွန့်ခွာကြဖို့ Federal Wings ဒရုန်းတပ်ဖွဲ့ သတိပေး

မြဝတီ- စက်တင်ဘာ(၆) လက်နက်မကိုင်ထားတဲ့ စစ်ကောင်စီလက်အောက် ဝန်ထမ်းတွေနဲ့မိသားစုဝင်တွေ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် မိသားစုတွေအနေနဲ့ သက်ဆိုင်ရာရုံးဌာန၊ တပ်စခန်း၊ ဝန်ထမ်းအိမ်ရာတွေကနေ စွန့်ခွာ ကြဖို့ Federal Wings ဒရုန်းတပ်ဖွဲ့က သတိပေးလိုက်ပါတယ်။ စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအရာရှိအဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တဲ့ ကရင် ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ထွေအုပ်ရုံးနဲ့ ရဲစခန်းတွေကို ဒရုန်းတိုက်ခိုက်မှုအပြီးမှာ…

မကွေးနဲ့ စစ်ကိုင်းက ကာကွယ်ရေးအဖွဲ့တွေ စစ်ကောင်စီကိုတိုက်ခိုက်ဖို့ မဟာမိတ်အဖြစ်ဖွဲ့စည်း

ရေစကြို – စက်တင်ဘာ(၅) မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသနဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို ကာကွယ်ဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီး မဟာမိတ်အဖြစ်ဖွဲ့စည်းလိုက်တယ်လို့ Myingyan Black Tiger က သတင်းထုတ်ပြန်ထားပါတယ်။ မဟာမိတ်အဖြစ်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့တွေကိုတော့ လုံခြုံရေးအချက်အလက်တွေကြောင့် ထုတ်ဖော်ပြသသွားမှာမဟုတ်ဘဲ သဘောတူညီချက် (၁၀) ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ “ဘုံသဘောတူညီချက်တွေအရ ပါဝင်တဲ့ အဖွဲ့အစည်းတွေကို ထုတ်မပြရ ဆိုတာမျိုးပါရှိနေတာကြောင့် ကျွန်တော်တို့အနေနဲ့…

မြန်မာကိုယ်စား အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ရယူဖို့ အသင့်ဖြစ်နေပြီလို့ ဖိလစ်ပိုင် ကြေညာ

မနီလာ – စက်တင်ဘာ(၆) မြန်မာ့စစ်ခေါင်းဆောင်တွေနဲ့ စေ့စပ်နိုင်မယ့်အရေး ရုန်းကန်နေရချိန်မှာ ဖိလစ်ပိုင်က လာမယ့် ၂၀၂၆ ခုနှစ်မှာ မြန်မာနိုင်ငံကိုယ်စား အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးရယူဖို့ အသင့်ရှိနေပြီ ဖြစ်တယ်လို့ သမ္မတ ဖာဒီနန်မားကိုစ့် ဂျူနီယာက ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ သမ္မတမားကိုစ့်က “ဖိလစ်ပိုင်ဟာ ၂၀၂၆ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဖို့အဆင်သင့်ရှိကြောင်း ကြေငြာလိုပါတယ်။…

ဖူကူရှီးမားနဲ့ ဆက်နွယ်တဲ့ တရုတ်ရဲ့ ပင်လယ်စာတားမြစ်ချက်ကို လုံးဝလက်မခံဘူးလို့ ဂျပန်ဆို

တိုကျို – စက်တင်ဘာ(၆) ဖူကူရှီးမားနျူစက်ရုံက ရေဒီယိုသတ္တိကြွရေတွေထုတ်လွှတ်ပြီးနောက် တရုတ်ရဲ့ ပင်လယ်စာတား မြစ်ချက်ကို လုံးဝလက်မခံနိုင်ဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ(၄)ရက်နေ့ နှောင်းပိုင်းမှာ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့လကစတင်ခဲ့တဲ့ ဂျပန်ရဲ့ ရေထွက်ပစ္စည်းတင်သွင်းမှုတွေကို ဆိုင်းငံ့ထားဖို့ ဆောင်ရွက် ချက်တွေနဲ့ပတ်သက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကိုတရုတ်နိုင်ငံရဲ့ ဩဂုတ်လ(၃၁) ရက် နေ့သတိပေးပေးချက်ကို ချက်ချင်းရုပ်သိမ်းဖို့ တိုက်တွန်းခဲ့တာပါ။ ဂျပန်အရာရှိတချို့က တရုတ်နိုင်ငံရဲ့ ပင်လယ်စာတင်သွင်းမှု…

ကမ္ဘောဒီးယားကို လာမယ့် ၂၀၅၀ မှာ ဝင်ငွေအမြင့်ဆုံးရရှိတဲ့ နိုင်ငံဖြစ်အောင် ဆောင်ရွက်မယ်လို့ ဝန်ကြီးချုပ်ပြော

ဖနွမ်းပင် – စက်တင်ဘာ(၆) ကမ္ဘောဒီးယားဝန်ကြီးချုပ်အသစ် ဟွန်မာနတ်ဟာ လာမယ့်၂၀၅၀ မှာ ဝင်ငွေအမြင့်ဆုံးရရှိတဲ့ နိုင်ငံဖြစ်အောင် မြှင့်တင်သွားမယ်လို့ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာဖိုရမ်တစ်ခုမှာ ပြောခဲ့ ပါတယ်။ နိုင်ငံကို တဖက်သတ်ဥပဒေတွေနဲ့အုပ်ချုပ်တဲ့ ဖခင်ဖြစ်သူဆီက အာဏာလွှဲပြောင်းရယူထားတဲ့ ဟွန်မာနက်ဟာ အသက်(၄၅) နှစ်အရွယ်ရှိသူဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံစီးပွားရေးဖိုရမ်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်က နိုင်ငံကို ၂၀၅၀ ခုနှစ်မှာ ဝင်ငွေအမြင့်ဆုံးနိုင်ငံဖြစ်လာစေဖို့အတွက် ခရီးမိုင်တိုင်တွေကို…

ဖာပွန်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများတယ်လို့ KNU ပြော

ဖာပွန်၊ စက်တင်ဘာ(၅) ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ(၅)ဒေသထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့အကြား တစ်လတာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူတွေအပါအဝင် ထိခိုက်သေဆုံးသူများပြားခဲ့ပြီး စစ်အုပ်စုရဲ့ရုံးနဲ့ အခြားအဆောက်ဦး ၇ လုံးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ တပ်မဟာ (၅) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်တစ်လတာအတွင်း KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေထဲမှာ…

စစ်အာဏာသိမ်း (၉၄၆)ရက်အတွင်း သတ်ဖြတ်ခံရသူ ၄၀၃၅ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ(၅) AAPP ရဲ့ စက်တင်ဘာ(၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၄၆)ရက်အတွင်း ပြည်သူ (၄၀၃၅)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၆၇၄ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၆၈၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…