September 2023

ရုရှားနိုင်ငံက ဝဂ်နာအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဗြိတိန်ကြေညာ

လန်ဒန်၊ စက်တင်ဘာ(၇) ရုရှားရဲ့ ကြေးစားစစ်တပ် ဝဂ်နာအဖွဲ့အား ဗြိတိန်အစိုးရမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပြီး အဖွဲ့ဝင်ဖြစ်ဖို့ ဒါမှမဟုတ် ထောက်ပံ့ဖို့ တရားမဝင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာလ (၆) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ပါလီမန်ရှေ့မှောက်မှာ တင်သွင်းရမယ့် အမိန့်မူကြမ်းဟာ ဝဂ်နာရဲ့ပိုင်ဆိုင်မှုတွေကို အကြမ်းဖက်ပစ္စည်းအဖြစ် အမျိုးအစားခွဲကာ သိမ်းဆည်းနိုင်မှာဖြစ်တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။ ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဆူလာဘရေဗာမန်းက ဝဂ်နာအဖွဲ့အား “ကြမ်းတမ်းပြီး…

ပါကစ္စတန်မှာ နောက်ငါးနှစ်အတွင်း ဆော်ဒီကဒေါ်လာ (၂၅) ဘီလျံရင်းနှီးမြှုပ်နှံဖို့ရှိနေ

ကရာချီ – စက်တင်ဘာ(၇) ဆော်ဒီအာရေဗျ နိုင်ငံက ပါကစ္စတန်ရဲ့ ကဏ္ဍစုံမှာ (၂) နှစ်ကနေ (၅) နှစ်အတွင်း အမေရိကန်ဒေါ် လာ (၂၅) ဘီလျံ ရင်းနှီးမြှုပ်နှံသွားဖို့ ရှိနေပြီး ပုဂ္ဂလိက ကဏ္ဍဖြစ်ပေါ်ရေးကိုလည်း ပြန်လည် အသက်သွင်းသွားဖို့ ရှိတယ်လို့ ပါကစ္စတန်အိမ်စောင့်အစိုးရက ပြောပါတယ်။ နိုင်ငံရဲ့ ကြွေးမြီးတွေကို ကုစားနိုင်ဖို့ ဇူလိုင်လအတွင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ဆီက…

စည်းလုံးညီညွတ်မှု အားကောင်းဖို့ ဗီယက်နမ်ဝန်ကြီးချုပ် တောင်းဆို

ဂျာကာတာ – စက်တင်ဘာ(၇) အာဆီယံဗဟိုပြု အခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားဖို့အတွက် တစ်ခုတည်းသော အဖြေ ဟာ ရှိရင်းစွဲအင်အားကို အသုံးချဖို့နဲ့ ဗျူဟာမြောက်စံတန်ဖိုးကို အခိုင်အမာ ရရှိရေးအတွက် ပြည်တွင်း စည်းလုံးညီညွတ်မှုကို ခိုင်မာအောင်လုပ်ဆောင်ရမယ်လို့ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်မ် ကပြောခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာကျင်းပနေတဲ့ (၄၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေးရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ စက်တင်ဘာလ(၅) ရက်နေ့က…

စစ်ကိုင်းဖိုရမ်ပြောခွင့်ရ ကိုလွမ်းသူ နဲ့ ဆက်သွယ်မေးမြန်းချက်

“အာဆီယံလူထုဖိုရမ်ကနေပြီးတော့ လက်ရှိအာဏာသိမ်းစစ်တပ်ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်တာ ပထမတစ်ခုကတော့ သူ့အတွက် ဂုဏ်သိက္ခာအရ ပထမကျဆင်းသွားတယ်ပေါ့။ သံတမန်ရေးရာအရလည်း နောက်ဆက်တွဲတွေ အကျိုးဆက်တွေ ရှိလာနိုင်မယ်” အာဆီယံဒေသတွင်းအဖွဲ့ဝင်နိုင်ငံတွေရဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ စုဖွဲ့ပြီး စက်တင်ဘာ ၁ ရက်ကနေ ၃ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံလူထုဖိုရမ်ကနေ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့တာပါ။ အာဆီယံလူထုဖိုရမ်ရဲ့ ကြေညာချက်အရ မြန်မာစစ်တပ်ဟာ…

ကျွန်းစုမြို့နယ်ရှိ ပြည်သူ့စစ်ခေါင်းဆောင်ပိုင် ခဲမိုင်းလုပ်ကွက်ကို ဒေသ PDF ဝင်ရောက်ဖျက်ဆီး

ကျွန်းစု – စက်တင်ဘာ (၆) တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ယမုံကျေးရွာမှာရှိတဲ့ စစ်ကောင်စီသြဇာခံ ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးအဖွဲ့ ခေါင်းဆောင်ပိုင် တရားမဝင် ခဲမိုင်းလုပ်ကွက်ကို ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ မြို့နယ် ပကဖ အဖွဲ့ ထုတ်ပြန်ပါတယ်။ ပဲ့တိုင်ကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင် ဦးကြည်လှနဲ့ဦးစိုးမင်းတို့ လုပ်ကိုင်နေတဲ့ ခဲမိုင်းလုပ်ကွက်ရှိ စက်ပစ္စည်းတွေနဲ့ တဲတွေကို စက်တင်ဘာ ၃ ရက်နေ့ နေ့လည်…

ကျောက်ကြီးမှာ လက်နက်ကြီးကျလို့ အရပ်သား ၂ ဦး သေဆုံး

ကျောက်ကြီး- စက်တင်ဘာ (၆) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ ကျောက်ကြီးအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခလရ(၂၆၄)ကနေ နရွဲပင်ကျေးရွာထဲကို…

စစ်အာဏာသိမ်း (၉၄၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၀၄၃) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ(၆) AAPP ရဲ့ စက်တင်ဘာ(၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၉၄၇)ရက်အတွင်း ပြည်သူ (၄၀၄၃)ဦးအထိ အကြမ်းဖက်သတ် ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၄၆၉၄) ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၈၃၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စစ်အုပ်စုကို အကြမ်းဖက်အဖွဲ့အဖြစ် အာဆီယံလူထုဖိုရမ်ကြေညာချက် ဘယ်လိုသက်ရောက်မှု ရှိလာနိုင်မလဲ

မော်လမြိုင် – စက်တက်ဘာ(၆) အာဆီယံဒေသတွင်းအဖွဲ့ဝင်နိုင်ငံတွေရဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ စုဖွဲ့ပြီး စက်တင်ဘာ ၁ ရက်ကနေ ၃ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံလူထုဖိုရမ်ကနေ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့တာပါ။ အာဆီယံလူထုဖိုရမ်ရဲ့ ကြေညာချက်အရ မြန်မာစစ်တပ်ဟာ အင်တာနက်ဖြတ်တောက်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုစတဲ့ လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အတွက် ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို…

ဒေါ်အောင်ဆန်းစုကြည် နာမကျန်းဖြစ်နေ၊ ဆေးကုသခွင့်ရဖို့ စစ်ကောင်စီထံ တောင်းဆိုပေမယ့်ငြင်းဆိုခံရ

နေပြည်တော်၊ စက်တင်ဘာ ၆ စစ်တပ်အာဏာသိမ်းမှုကြောင့် မတရားဖမ်းဆီးထောင်ချခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နာမကျန်းဖြစ်နေပြီး ပြင်ပသမားတော်တစ်ဦးနဲ့ ဆေးကုသခွင့်ပြုဖို့ တောင်းဆိုခဲ့ပေမယ့်လည်း အာဏာသိမ်းစစ်ကောင်စီက ငြင်းဆိုလိုက်တယ်လို့ နိုင်ငံတကာသတင်းဌာနဖြစ်တဲ့ Reuter (ရိုက်တာ) က ဒီကနေ့ စက်တင်ဘာလ ၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာန ဆရာဝန်တစ်ဦးက ကုသပေးနေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူက ပြောဆိုခဲ့တယ်လို့…

စစ်ကောင်စီလက်ထက် ကျူရှင်စနစ် ပြန်လည်ကြီးစိုးလာ

မော်လမြိုင် – စက်တင်ဘာ(၆) မြန်မာနိုင်ငံမှာ အမြစ်တွယ်နေတဲ့ ကျူရှင်စနစ်ဟာ အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ ပြန်လည်ကြီးစိုးလာပြီး ကျောင်းသူ၊ကျောင်းသားတွေကို မဖြစ်မနေ ကျူရှင်ပို့ရတဲ့ အခြေအနေအထိ ရောက်ရှိလာတယ်လို့ ကျောင်းသား မိဘတွေနဲ့ ပညာရေးအသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီမိုကရေစီအရပ်သား အစိုးရလက်ထက်က ဖိနှိပ်ထားတဲ့ ကျူရှင်စနစ်ဟာ အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ ပြန်လည် ခေါင်းထောင်လာပြီး သူငယ်တန်းကအစ မဖြစ်မနေ ကျောင်းပြင်ပချိန်တွေမှာ…