KNU ညောင်လေးပင်ခရိုင်မှာ လက်နက်ကြီးကျလို့ အရပ်သား ၄ ဦး သေဆုံး၊ ၁၆ ဦးဒဏ်ရာရ
ညောင်လေးပင်၊ စက်တင်ဘာ(၇) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်ထဲမှာ အခုရက်ပိုင်းအတွင်း အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုနဲ့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေမှာ စစ်ကောင်စီ တပ်စခန်းတချို့ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှုများပြားလာခဲ့တဲ့…