September 2023

စစ်ကောင်စီ မွန်ဝန်ကြီးချုပ် တွေ့ဆုံပွဲလုပ်ဖို့ စီစဉ်ထားတဲ့ သထုံ PNO ရုံး မိုင်းခွဲခံရ

သထုံ – စက်တင်ဘာ(၈) စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတို့အဖွဲ့ ဒေသခံတွေနဲ့ တွေ့ဆုံပွဲလုပ်ဖို့ စီစဉ်ထားတဲ့ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရုံးကို စက်တင်ဘာ ၈ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တွေ့ဆုံပွဲလုပ်ဖို့ စီစဉ်ထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံယူထားစဉ်…

PDF ပြည်သူ့သားကောင်းများ ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်

မော်လမြိုင် – စက်တင်ဘာ(၈) အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့သားကောင်းတွေကို ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ်ပြည့် ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်ခဲ့တယ်လို့ MOD ကသတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ စက်တင်ဘာလ(၈) ရက်နေ့ မနက်ပိုင်းက အွန်လိုင်းပလက်ဖောင်း ကနေ ဂုဏ်ပြုပွဲ အခမ်းအနားပြုလုပ်ခဲ့တာပါ။ အခမ်းနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်နဲ့ နွေဦးတော်လှန်ရေး အပါအဝင် ခေတ်အဆက်ဆက် တော်လှန်ရေးမှာ…

ကျောင်းသားလက်ရုံးတပ်တော် တပ်စုမှူး ရဲဘော်သောမတ်စ် ကျဆုံး

စစ်ကိုင်း၊ စက်တင်ဘာ(၈) ကျောင်းသားလက်ရုံးတပ်တော် တပ်စုမှူး ရဲဘော်သောမတ်စ်ဟာ စစ်ကိုင်းတိုင်းမှာ တော်လှန်ရေး တာဝန်တွေ ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတယ်လို့ SAF က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၆) ရက်နေ့က တပ်စုမှူးသောမတ်စ်ဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီးက တိုက်ပွဲမှာ အသက်ပေးလှူခဲ့ရတာပါ။ ကျောင်းသားလက်ရုံးတပ်တော် တပ်စုမှူး သောမတ်စ်ဟာ ရေကျောင်းတက္ကသိုလ်စတုတ္ထနှစ်(Nautical Science Major)ကျောင်းသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ “တော်လှန်သော ကျောင်းသားပြည်သူလူထုအနေနဲ့လည်း…

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံး

တနင်္သာရီ၊ စက်တင်ဘာ(၈) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ အော်ကြီးကျေးရွာအနီးမှာ စစ်ကောင်စီ ကားတစ်စီးနဲ့ခြေလျင်စစ်ကြောင်းတို့ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ တိုင်း(ပကဖ) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၆ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်က တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၅၆၆) ခြေမြန်တပ်ရင်းကနေ ထွက်လာတဲ့ ဗွီဂိုစစ်ကားတစ်စီးကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။…

မြန်မာ့နိုင်ငံ ရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောနဲ့ဆက်သွယ်မေးမြန်းချက်

“စစ်ကောင်စီက သူတို့ယူထားတဲ့ စီးပွားရေးအခွင့်ထူးခံတွေ၊ အုပ်ချုပ်ရေးအခွင့်ထူးခံတွေကို သူတို့မနိုင်တော့ဘူး။ ကြာလေပိုပြီးပရမ်းပတာ ဖြစ်လေ၊ မနိုင်မနင်းဖြစ်လေလိုပဲ မြင်ပါတယ် ” အာဏာသိမ်း စစ်အုပ်စုရဲ့ မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ နိုင်ငံတော် အာဏာသိမ်းယူမှုကြောင့် ပေါ် ပေါက်လာတဲ့ နွေဦးတော်လှန်ရေးဟာ အခုဆိုရင် ၃ နှစ်ထဲ ရောက်ရှိလာပြီး ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ အတိုက်ခံတော်လှန်ရေးအင်အားစုတွေဟာ စစ်အုပ်စုကို စစ်ရေး၊ နိုင်ငံရေးအပြင် သံတမန်ရေးရာ…

စစ်အာဏာသိမ်း (၉၄၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၀၅၄) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ(၈) AAPP ရဲ့ စက်တင်ဘာ(၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၄၈)ရက်အတွင်း ပြည်သူ (၄၀၅၄)ဦးအထိ အကြမ်းဖက်သတ် ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၄၇၃၀) ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၂၉၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်စွဲကိုင်ဖို့ အာဆီယံဆုံးဖြတ်

ရန်ကုန်၊ စက်တင်ဘာ(၈) စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေ သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ အာဆီယံက ဆုံးဖြတ်ချက်ချမှတ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ချက်အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်တွေရဲ့ ပြန်လည်သုံးသပ်ချက်ရှစ်ချက်နဲ့ ဆုံးဖြတ်ချက်ဆယ်ချက်ကို စက်တင်ဘာ ၅…

ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေထံ စားစရာပို့ခွင့် စစ်ကောင်စီထပ်မံတင်းကျပ်

မော်လမြိုင်၊ စက်တင်ဘာ(၈) မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေထံ မိသားစုဝင်တွေရဲ့ စားစရာတွေနဲ့ ပါဆယ်ပစ္စည်းပို့ဆောင်ခွင့်ကို စစ်ကောင်စီဘက်က ကန့်သတ်တာတွေ လုပ်ဆောင်လာတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ တခြားပြစ်မှုတွေနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ ပါ ဆယ်ပစ္စည်းပို့ပါက အပြည့်အဝလက်ခံပေမယ့် နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကိုတော့ ပါဆယ်ပစ္စည်း ပို့ဆောင်ခွင့်ကို ကန့်သတ်လာတာ…

ပေါင်မြို့နယ် ရင်းငြိမ်ရဲကင်းစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရ

ပေါင်၊ စက်တင်ဘာ(၈) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာရှိ စစ်ကောင်စီ ရဲကင်းစခန်းဟာ စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရင်းငြိမ်ရဲကင်းစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ညနေ ၄ နာရီမှာ တစ်ကြိမ်၊ ညနေ ၄ နာရီခွဲအချိန်ခန့်မှာ တစ်ကြိမ်၊ ဒရုန်းနဲ့နှစ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့တာပါ။ ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း ဗုံးသီးတချို့ ရဲကင်းအတွင်း…

ကမမောင်းထွေအုပ်ရုံး ဒရုန်းတိုက်ခိုက်ခံရလို့ တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ဖာပွန်၊ စက်တင်ဘာ(၈) ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးပြီး ဝန်ထမ်း နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၇ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ကမမောင်းထွေအုပ်ရုံးမှာ အစည်းအဝေး ပြုလုပ်နေချိန် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံး ၃ လုံးချပြီး တိုက်ခိုက်ခဲ့ပါတယ်။…