ခလယ်တံခွန်တိုင်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေ
ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ(၁၅) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲမှာ စက်တင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ မွန်ပြည်နယ် မုဒုံမြို့နယ် တောင်ညိုတောင်တန်းနဲ့ ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာကနေတဆင့် ခလယ်တံခွန်တိုင်ကျေးအုပ်စုထဲကို စက်တင်ဘာ ၁၂ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ…